စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, October 25, 2012

ကမ္ဘာ့ အကျဉ်းဆုံးအိမ်ကလေး


          ပိုလန်နိုင် ၀ါဆောမြို့မှာတော့ ကမ္ဘာ့အကျဉ်းဆုံး အိမ်ကလေးကို တည်ဆောက်ပြီးသွားပါပြီ။  ဒီအိမ်ကလေးကတော့ တိုက်နှစ်လုံးကြားထဲမှာ ဆောက်ထားတာဖြစ်ပြီးတော့ အခန်းရဲ့ ဘေးနှစ်ဖက် အကျယ်ဆုံးဟာ ၅ပေပဲ ရှိပါတယ်။  အိမ်လေးကိုတက်သွားရင် မြေညီထပ်မှာတော့ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်နဲ့ ထမင်းစားခန်းတို့ရှိမှာဖြစ်ပြီးတော့၊ အပေါ်ထပ်မှာတော့ အိပ်ယာနဲ့ စားပွဲခုံလေးရှိမှာဖြစ်ပါတယ်။  ဒါဟာ လူတစ်ယောက်နေထိုင်ဖို့အတွက် အနဲဆုံးသော လိုအပ်ချက်နဲ့ ပြည့်စုံအောင် ဆောက်ထားတာဖြစ်ပါတယ်လို့ ဗိသုကာ ပညာရှင် Jakub Szczesny ကဆိုပါတယ်။  











Source : (Link)

7 comments:

  1. ဆောက်လဲဆောက်တတ်တယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  2. တစ်ယောက်ထဲဆိုရင်တော့ ဟုတ်တုတ်တုတ်။
    နှစ်ယောက် ဖြစ်လာရင်တော့ ဒုက္ခ။း)

    ReplyDelete
  3. အတော်ဘဲ နေရာကျဉ်းကျဉ်းဘဲရှိရင် ဒီလိုအိမ်မျိုးဆောက်ရမယ်။
    မြေနေရာများများမလိုတော့ဘူးပေါ့
    ကောင်းမှကောင်း :P

    ReplyDelete
  4. အဲလောက်သေးတဲ့ အိမ်လေးကျတော့လည်း ကြည့်တာနဲ့တင် အသက်ရှုကျပ်လာရော
    ကိုအားထောင်ရေ

    ReplyDelete
  5. သေးထှာာ အသက်ရှူကျပ်တယ်း)

    ReplyDelete
  6. မွန်းကျပ်တယ်..

    ReplyDelete