စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, March 4, 2013

ဆိုင်ကယ်


          ခုရက်ပိုင်း တော်တော့်ကို အလုပ်ရှုပ်နေသည်။  ရှုပ်သည်မှာ အလုပ်မှာ မဟုတ်။  အလုပ်နားပြီးတော့ ဟိုတယ်ပြန်ရောက်ရင် ရှုပ်နေခြင်းဖြစ်သည်။  ဘာရှုပ်လဲဆိုတော့ စက္ကူတွေနှင့် ရှုပ်နေသည်။  ဆိုင်ကယ် လုပ်နေခြင်းဖြစ်သည်။  ပထမ A4 size စက္ကူကို ညှပ်ပြီး လုပ်သည်။  ပြီးခါနီးတော့မှ သန့်ရှင်းရေး ကအခန်းထဲဝင်ပြီးတော့ ခေါက်ထားတဲ့ ဆိုင်ကယ် အပိုင်းကလေးတွေကို လွှတ်ပစ်သည်။
          မတတ်နိုင်၊  သေချာမှ မသိမ်းခဲ့ပဲကိုး….  A3 size စက္ကူနှင့် Print ထပ်ထုတ်ပြီးတော့ ဆိုင်ကယ်ထပ်လုပ်သည်။  ၄ ရက်လောက် ရုံးကပြန်တိုင်း မရပ်မနား လုပ်လိုက်သည်။  ဘလော့ဂ်ထဲကိုလဲ မ၀င်ဖြစ်။  ခုတော့ ဆိုင်ကယ်ပြီးပြီ ဖြစ်သည်။  ဟောဒီမှာ….



    ကာလာ ပရင့်တာကလည်း မရှိပေ။  ရုံးက အဖြူအမဲ Printer နှင့် ထုတ်ပြီးတော့ ခေါက်ထားခြင်းဖြစ်သည်။  အပိုင်းပေါင်း ၁၁၄ ပိုင်းပါသည်။  အရောင်ဆိုးဖို့ အဆင်မပြေတော့ လိုင်းနေရာလေးတွေကို ဘောပင် အမဲနှင့်သာ ခြစ်လိုက်သည်။



ရှေ့ပိုင်းကရိုက်လိုက်၊ နောက်မြီးကရိုက်လိုက်နဲ့ ကိုယ့်ဆိုင်ကယ်ကိုယ် ဓာတ်ပုံရိုက်ပြီး သဘောအကျကြီး ကျနေသည်။  သြော်… ကလေး ကလားနိုင်လိုက်သည့်ဖြစ်ခြင်း… မတတ်နိုင် သဘောကျသည်က ကျသည်။

          သြော်… ကျွန်တော့်လို YZR M-1 ဆိုင်ကယ်ခေါက်ချင်သူများ ဟောဒီလင့်ကို နှိပ်ပြီး ဒေါင်းလုပ်ဆွဲကာ စက္ကူညှပ်ပြီး ခေါက်နိုင်ပါတယ်။  A4 size နဲ့ခေါက်ရင် ဆိုင်ကယ်က ခပ်မာမာလေးရပေမယ့်  အသေးစိတ်အပိုင်းလေးတွေကျတော့ သေးလွန်းတော့ ခေါက်ရခက်တယ်။  A3 size ဆိုရင်တော့ ခေါက်ရလွယ်ပေမယ့် ဆိုင်ကယ်က ပျော့စိစိဖြစ်နေတယ်။  စာရွက်မာမာနဲ့ A3 စက္ကူကို print ထုတ်ပြီးခေါက်ရင်တော့ ဆိုင်ကယ်မာမာလေး ရနိုင်ပါတယ်။  ဒါကတော့ original ပုံထဲက ဆိုင်ကယ်…

နောက်ပြီးရင် နောက်ထပ်ဆိုင်ကယ် တစ်စီး ထပ်ပြီးတော့ ခေါက်ဖို့ ရည်ရွယ်ထားတယ်… ဟောဒီ ဆိုင်ကယ်….
 အပိုင်းတွေများတော့ ၁ လလောက် ခေါက်ရမယ့်ပုံပဲ… သို့ပေမယ့် ခေါက်ဖို့တော့ ရည်ရွယ်ထားသည်။  အလုပ်တော့ အတော်ရှုပ်သွားသည်၊  ကော်ကို မြန်မြန်ခြောက်ချင်သောကြောင့် dryer နှင့်မှုတ်သည်။  V-Max ဆိုင်ကယ် ခေါက်ချင်သူများ YAMAHA ရဲ့ ဟော့ဒီလင့် ကိုနှိပ်ပြီး အပိုင်းလိုက် ဒေါင်းလုပ် ဆွဲနိုင်ပါတယ်။  တစ်ခြား ဆိုင်ကယ်တွေလဲ အများကြီးရှိတော့ အဲဒီလင့်ကနေ ဟိုဟိုဒီဒီသွားပြီး ကြိုက်တဲ့ ဆိုင်ကယ်ကို ဒေါင်းလုပ် ဆွဲနိုင်ကြပါပြီ။

9 comments:

  1. အော် ကိုအောင်ထွဋ် ရေ...
    ၀ါသနာ ၀ါသနာ :)))

    ReplyDelete
  2. ဟန်ကြည်March 5, 2013 at 1:12 AM

    ကိုအောင်ထွဋ်ရဲ့ ဆိုင်ကယ်က တယ်မိုက်ပါလားး)

    ကြည့်ရတာလှပေမယ့် ဖြတ်ရခေါက်ရ ဆင်ရနဲ့ အတော်တော့ လက်ဝင်မယ်ထင်ရဲ့...နွေရာသီကျောင်းပိတ်ရက်ရောက်မှ တစ်စီးလောက် ရသေ့စိတ်ဖြေဆင်စမ်းကြည့်ရမယ်း)

    ReplyDelete
  3. အဲတာဝါသနာကောင်းပဲ
    တော်လိုက်တာနော် အဲလိုဆိုင်ကယ်လေးကိုကိုလွင်ပြင်ကစီးပြီးမဂျီးကနောက်ကထိုင်
    အင်း----စိတ်ကူးပေါ့နော်

    ReplyDelete
  4. ဟား.....မိုက်ဒလယ်...ကိုအွတ်ထောင်....၊ဆိုင်ကယ်က ရှယ်ပဲ....၊အတော်တော့လက်ဝင်မယ့်ပုံပဲ....၊ဒီလောက်လက်ဝင်တဲ့ဆိုင်ကယ်မျိုးမပြောနဲ့ ငယ်ငယ်က
    လွှတ်တဲ့ လေပျံတောင် ဖြောင့်အောင်မခေါက်တတ်ဘူးရယ်.... :)))

    ReplyDelete
  5. အတော်စိတ်ရှည်တဲ့ မောင်အွတ်ထောင်ပေဘဲ။
    ဆိုင်ကယ်တစ်စီးကို ဒီလောက် အချိန်ပေး ခေါက်နိုင်တာ။
    အေးဗျ... လှတော့ အတော်လှသား။
    ခက်ခက်ခဲခဲ ပိုးပန်းပြီးမှ ရယူပိုင်ဆိုင်ခွင့်ရလာတဲ့ သတို့သမီးချောချောလေးလိုပေါ့။
    အချိန်ကုန်ခံ ခေါက်ရပေမဲ့ ခေါက်ပြီးတဲ့အခါ ဆိုင်ကယ်ပုံစံလေး မြင်ရရင် ပျော်ရွှင်ကြည်နူးစရာဘဲပေါ့။
    မဟုတ်လား။း)

    ReplyDelete
  6. တော်လိုက်တာ...စိတ်ရှည်လက်ရှည်နဲ့ လက်ရာမြောက်အောင် လုပ်ထားတာအံ့သြမိပါရဲ့..
    လုပ်နည်းလေးတွေပါ ပြပေးရင် ပိုက်ကောင်းမယ်... :)

    ReplyDelete
  7. ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ဆိုရင် ဘယ်လောက်ပင်ပန်းပါစေ
    စိတ်ရှည်တာ သဘာဝပဲ မောင်အောင်ထွဋ်ရေ...
    ဆိုင်ကယ်လေးက သပ်သပ်ယပ်ယပ်နဲ့ တီထွင်သူအိုင်ဒီယာလေးကောင်းတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. ဆိုင်ကယ်လေးက လှတယ်..လက်ဝင်မယ်ထင်တယ်..ငယ်ငယ်တုန်းက လှေတောင် မနည်းခေါက်ရတယ်..ဒီလို ဆိုင်ကယ်ကတော့..ကိုအွတ်ထောင် ခေါက်တာကိုပဲ စောင့်ကြည့်တော့မယ်...

    ReplyDelete
  9. ဝါသနာ နဲ့ ပညာကို အရမ်းကို လေးစားမိပါတယ်..။ အဖြူရောင် ဆိုင်ကယ်လေး အရမ်းမိုက်တယ်..။ အားကြီး စိတ်ရှည်ရလိမ့်မယ်..။

    ReplyDelete