စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Wednesday, November 30, 2011
လျှပ်စစ် ချွေတာဖို့ အတွင်းခံ ထူထူ ၀တ်ကြစို့
          တောင်ကိုးရီးယား သမ္မတကြီး လီမြောင်ဘက်ကတော့ တင်္နလာနေ့က တောင်ကိုရီယား နိုင်ငံသားများကို စွမ်းအင်ချွေတာတဲ့အနေနဲ့ရော လျှပ်စစ် မလုံလောက်ခြင်းမှ ကာကွယ်ရန်အတွက်သော်လည်းကောင်း အတွင်းခံထူထူ ၀တ်ကြဖို့ ပြောလိုက်ပါသတဲ့။
          “ဒီလို အတွင်းခံထူထူကြီး ၀တ်ရတာ ပထမတော့ ကသိကအောက်ရောက်လှပါတယ်။  ဒါပေမယ့် အခုတော့ ကျွန်တော် ဒီလို အတွင်းခံ ထူထူကြီး ၀တ်ရတာကို အသားကျနေပါပြီ။  အခု ဒီလို အထူကြီး ၀တ်ထားတော့ နွေးနေတာပေါ့” လို့ သမ္မတကြီးက မြွက်ဟ သွားပါတယ်။  သမ္မတကြီး လီက အခုဆိုရင် တောင်ကိုးရီယားဟာ လျှပ်စစ် လိုအပ်မှု့မြင့်တက်လာတဲ့ ပြသနာနဲ့ ရင်ဆိုင်နေရသလို ဒီနှစ်ဆောင်းရာသီအတွက်လည်း လျှပ်စစ်စွမ်းအင် အတွက် ပြသနာဖြစ်လာနိုင်ပါတယ်။
          ဒါကြောင့် သမ္မတကြီးက တောင်ကိုးရီးယားအိမ်များ၊ ရုံးများမှာ မလိုအပ်တဲ့ လျှပ်စစ်မီးတွေ ပိတ်ဖို့၊ စွမ်းဆောင်မှု့မြင့်ပြီး လျှပ်စစ်သုံးစွဲမှု့သက်သာစေတဲ့ ပစ္စည်းတွေ အသုံးပြုဖို့ နှိုးဆော်လိုက်ပါတယ်။  ပြီးခဲ့တဲ့ စက်တင်လာလတုန်းကလည်း ရုတ်တရက် ရာသီမဟုတ်ပဲ အပူချိန်တွေမြင့်တက်ခဲ့လို့ လျှပ်စစ် လိုအပ်မှု့ မြင့်တက်ခဲ့ကာ အိမ်ခြေ ၂ သန်းလောက် မီးပျက်တောက်ခဲ့ရပါတယ်။
          အရာရှိမင်းများကတော့ ဒါဟာ တစ်နိုင်ငံလုံး လျှပ်စစ် စွမ်းအင် မလုံလောက်လို့ ဖြစ်ရပါတယ်လို့ ဆိုပါတယ်။  ခုလထဲမှတော့ တောင်ကိုးရီးယား အစိုးရဟာ ဆောင်းရာသီအတွက် လျှပ်စစ်ချွေတာ နည်းလမ်းများကို တရားဝင် ပြဋ္ဌာန်းတော့မှာ ဖြစ်ပါတယ်။  လျှပ်စစ် အသုံးများတဲ့ နေရာတွေမှာတော့ ပြီးခဲ့တဲ့ နှစ်ကထက် ၁၀% ပိုမိုလျှော့ချမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။  အစိုးရရုံးပေါင်း ၁၉၀၀၀ လောက်မှာတော့ အခန်းတွင်း အပူချိန်ကို ၁၈ ဒီဂရီ စဲလ်စီအက်စ် လောက်သာ ထားရှိရမှာဖြစ်ပြီး၊ အခြားသော ၄၇၀၀၀ လောက်ရှိတဲ့ အဆောက်အဦးတွေမှာတော့ တစ်လကို ကီလိုဝပ် ၁၀၀၀ အောက်သာ သုံးစွဲစေရန် အပူချိန်ကို ၂၀ ဒီဂရီ စဲလ်စီအကစ်အောက်မှာသာ ထားရှိရမယ်လို့ ဆိုပါတယ်။
          ဆန်းစစ် သုံးသပ်သူများအဆိုအရတော့ အစိုးရဟာ လျှပ်စစ် ခွန်ကို ပိုမိုကောက်ခံခြင်းရှိမှာမဟုတ်ပါဘူးတဲ့။  ဘာဖြစ်လို့လဲဆိုတော့ လာမယ့် ရွေးကောက်ပွဲမှာ မယ်ဆွဲရဦးမှာ ဖြစ်လို့လို့ ဆိုပါတယ်။
          ကျုပ်တို့ ရွှေပြည်ကြီးက လျှပ်စစ်ဝန်မင်းနဲ့ လာဆွေးနွေးတာမဟုတ်ဘူး။  ရွှေပြည်ကြီးမှာတော့ လျှပ်စစ်တွေ ပိုလျှံနေလို့ ဈေးကွက်(Market) သဘောတရားအရ ဆိုလားဘာလား အဲ့ဒီလို ပိုတဲ့ဟာတွေကို ရောင်းရတယ်လို့ ကျွန်တော်တို့ ၀န်မင်းက ပြောသွားသကိုး။  
Source : (Link)
8 comments:
  1. ဟုတ်ပ AH ရယ်
    တကယ် တကယ်
    အခု ငှားနေတဲ့ အဆောင်မှာ အခန်းအပြင်ထွက်တာနဲ့ ဂတ် ဂတ် ဂတ် နဲ့ ချမ်းတာ အရမ်း အခန်းထဲမှာ နေလို့ရရုံပဲ ဟီတာ ဖွင့်ပေးထားတယ် အမြဲတမ်း ခြေအိတ် အသားကပ် စွပ်ထားရတယ် ခြေထောက်အေးရင် ဗိုက်အောင့်တယ် လေပွတယ် နှာစေးတယ် ခေါက်းကိုက်တယ် သေချင်တယ် အအေးကြိုက်တယ် အရမ်းချမ်းတာ မကြိုက်ဖူးးးးးးးးးး :)
    ReplyDelete
  2. တော်ပါသေးရဲ့ ဒီမှာလျှပ်စစ်မီး လုံလောက်လို့
    ReplyDelete
  3. တော်သေးတယ်နော် အတွင်ခံပါးပါးဝတ်လို့မပြောလို့း)
    ReplyDelete
  4. ထူထူဝတ်ဆိုမှတော့ ဝတ်လိုက်ရုံပေါ့ မောင်အောင်ထွဋ်ရေ ဘာခက်တာလိုက်လို့း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  5. အေးလေ ထူထူဝတ်ဆိုလဲဝတ်လိုက်ပေါ့
    ဘာခက်တာမှတ်လို့
    ဒီမှာ ထူထူဝတ်ချင်တာ မ၀တ်ရလို့စိတ်ညစ်နေတာနော်
    ခင်ခင်မင်မင် jasmine
    ReplyDelete
  6. ကဲ..သူကထူထူဆိုတော့လည်း..
    လိုက်ထူလိုက်ကြတာပေါ့လေ..
    ReplyDelete
  7. ၀တ်မယ် အဟွတ်ရေ..
    ReplyDelete
  8. ရွှေပြည်ကြီးပြန်တာဘဲ ကောင်းပါတယ်.
    လျှပ်စစ်ဓာတ်အား ဖောဖောသီသီ သုံးလို့ရတဲ့ တို့တိုင်းပြည်လောက် ဘယ်ပြည်မှ မကောင်းဘူး... သူများတွေများ ကိုယ့်ပြည်တွင်းမှာတောင် မလုံလောက်ဘူး
    ရွှေပြည်ကြီးမှာတော့ ပိုလို့တောင်ရောင်းစားနေရတာ နေား)
    ReplyDelete