စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, March 16, 2013

S4 or One


          ကုန်တော့မည်။  Starhub နှင့် မိုဘိုင်း ၂ နှစ်စာချုပ် သက်တမ်း ကုန်တော့မည်။  ပိုက်ဆံ ထပ်ကုန်တော့မည်။  သို့သော် ဘာဖုန်း ယူရမှန်း မသိပေ။  ခုသုံးနေတာက HTC sensation ဖြစ်သည်။  Beats နှင့် ပေါင်းပြီးတုန်းက ထုတ်လိုက်တဲ့ ဖုန်း။ beats audio နားကြပ်ပါလာလို့ နားကြပ်ပါ အလကားရတယ်ဆိုပြီး ၀ယ်လိုက်ခြင်းဖြစ်သည်။  သုံးလို့တော့ကောင်းသည်။  မကောင်းသည်မှာ Battery ဖြစ်သည်။  ဂိမ်းဆော့လိုက်လျှင် ပူတက်လာသည်။  ဘက်ထရီက ပြိုက်ကနဲ ကုန်သွားသည်။  3G ပင် ကောင်းကောင်းမဖွင့်ရဲ သလောက်ဖြစ်နေသည်။   ထို့ကြောင့် ဂိမ်းဆော့ဖို့၊ တို့တိ တို့တိတွေ ကလိဖို့အတွက် iPod တစ်လုံးထပ်ဝယ်ထားသည်။  Apple store နှင့် Android Market နှစ်ခုမှာ တချို့ App တွေက အလကားရတာချင်း မတူ။  တစ်ခါတစ်လေ ဟိုဘက်က Free ဖြစ်ပြီး ဒီဘက်မှာ ပိုက်ဆံပေးချင် ပေးရသည်။ 
 နောက်တစ်ခုဆိုးတာက သင်္ဘောကျင်းထဲက သံမှုန်တွေက speaker ရဲ့ သံလိုက်ထဲကို ၀င်ဝင်သွားခြင်းဖြစ်သည်။  သံလိုက်တုံးနှင့် သံမှုန့်တွေကို ပြန်ပြန်ဆွဲထုတ်ပြီး သန့်ရှင်းရေးလုပ်သည်။  ကြာလာတော့ အသံက နဲနဲ အက်တက်တက်ဖြစ်ချင်လာသည်။  သူ့တင်မဟုတ် တစ်ခြား ဖုန်းတွေလည်း ထိုနည်း လည်းကောင်း။  ရှု့မငြီးကတော့ သူ့ အိုင် 5 နှင့် သူငြိမ်နေသည်။  သို့သော် ဘက်ထရီ သိပ်မခံဟု ပြောသည်။  အိုင်ဖုန်းကတော့ သိပ်ပြီး မသုံးချင်လှ။  ပါးလွန်းပြီး၊ ပေါ့လွန်းအားကြီးနေသည်။   ဖုန်းနှင့်မတူတော့။  ဘာမှန်းမသိ။ 


          ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်လောက်ကတော့ ဆမ်ဆောင်းရဲ့ ဂလက်ဆီ s4 ပြပွဲလုပ်တာကို အင်တာနက်ထဲမှာ တွေ့သည်။  အရှည်၊ အထူ၊ အပါးက s3 နှင့် ဘာမှ ကွာလှသည်မဟုတ်။  ကင်မရာသာ တော်တော်ကွာသွားသည်။  pixel တွေအရမ်းများတော့ memory card က ခဏလေးနှင့် ပြည့်သွားဖို့ ရှိသည်။  အဲ.. Feature အသစ်ကတော့ ဗီဒီယိုနှင့် ကင်မရာ နှစ်ခုလုံးကို တစ်ပြိုင်ထဲ ရိုက်လို့ရသည်ဟု ဆိုသည်။  ကျန်တာကတော့ ဘာမှသိပ်ပြီး s3 နှင့်ကွာလှသည်မဟုတ်။  Super AMOLED ရုပ်ထွက် resolution ပိုကောင်းလာသည်။  အရင် s3 မှာတုန်းကထက် နဲနဲပိုကြီးသော ၅ လက်မ screen ဖြစ်လာသည်။  ခက်သည်က ဆမ်ဆောင်းက ထုတ်လိုက်တိုင်း ကော်ခွံထဲက မထွက်သည်မှာ တော်တော်ဆိုးသည်။  ဖုန်းကို ဖင်လှန်ကြည့်လိုက်လျှင် ကော်ခွံ ချောတောတော အခွံကြီးကို ကိုင်ရသည်မှာ သိပ်မနိပ်။  ထို့ကြောင့် အရင် s3 တုန်းကလည်း သိပ်မကြိုက်။  ဖုန်းဆိုလျှင် ကာဗာကြီးတပ်ပြီး မသုံးချင်။  ဒီအတိုင်း သုံးရသည်ကို ပိုပြီးတော့ အရသာတွေ့သည်။ Android ကတော့ ၄.၂.၂။
          HTC ကတော့ One အသစ် ထပ်ထွက်ဖို့ ရှိသည်။  iPhone လိုပဲ unibody အလူမီနီယံ ဖုန်းတစ်ခုလုံး ဆက်ရာမရှိ။  ဒီဇိုင်းလေးက လှသည်။  သို့သော် Spec ကတော့ s4 ကို မမီ။  Android ၄.၁.၂ ကို HTC  Sense 5.0 ပေါင်းထားသည့် OS။ ကင်မရာက ရှေ့ကင်မရာ 4 Megapixel သာရှိသည်။  Light Sensor ကို မြှင့်ထားသောကြောင့် 4 Megapixel ပင်ရှိသော်လည်း အလင်းပိုဝင်ပြီး အမှောင်ထဲမှာ ရိုက်လို့ပိုကောင်းသည်ဟု ဆိုသည်။  ဟုတ်သည်မဟုတ်သည်တော့မသိ။  ကျန်တဲ့ Zoe တို့ Blink Feed တို့ စတဲ့ ဘာဘာ ညာညာ Feature အသစ်တွေကတော့ သိပ်သုံးဖြစ်မှာမဟုတ်။  ရှေ့ကင်မရာကတော့ s4 နှင့် မတိမ်းမယိမ်း။  ဈေးကတော့ s4 က နဲနဲ ပိုမြောက်ချင် မြောက်နိုင်သည်။  သေတော့ မသေချာသေး။  မည်သို့ပင်ဖြစ်စေ လောလောဆယ် ဘာဝယ်ရမှန်း မသိသေး။  Spec တွေသာ လျှောက်မွှေရင်း အလုပ်ရှုပ်နေတုန်းဖြစ်သည်။ 

Spec
HTC One
Samsung
Galaxy s4
iPhone 5
OS
Android 4.1.2 with
HTC Sense 5.0
Android 4.2.2
iOS 6
Dimensions
5.41 x 2.69 x 0.37 inch
5.38 x 2.71 x 0.31 inch
4.87 x 2.31 x 0.30 inch
Display
4.71 inch LCD
1920 x 1080 pixels, 468 ppi
5 inch full HD Super
AMOLED
1920 x 1080 pixel
441 ppi
4 inch IPS LCD;
1136 x 640 pixels
326 ppi
4G LTE
Yes
Yes
Yes
NFC
Yes
Yes
No
Rear Camera
4megapixel(Ultrapixel)
1080p HD video
13 megapixel
1080p HD video
8 megapixel
1080 HD video
Frond Camera
2.1 megapixel
2 megapixel
1.2 megapixel
Processor
1.7 GHz, quad core
Snapdragon 600
1.9 GHz, quad core
Snapdragon 600 or
Proprietary 1.6GHz octa-core Exynos 5 Octa
A6 chip
Memory
32GB, 64 GB
16GB, 32GB, 64GB
16GB, 32GB, 64GB
External Memory
No
Up to 64GB
No
Battery
2300 mAh
2600 mAh
Not shown
Color
Silver
Black/White
Black/White

6 comments:

  1. Nokia window phone သုံးရတာ မစွံဘူး မောင်အောင်ထွဋ်ရေ...
    Viber မရ မြန်မာဖောင့်မရ ဟိုမရ ဒီမရနဲ့ :(
    တီတင့်မွေးနေ့ကျရင် GALAXY S4 ဘယ်သူပေးမလဲမသိဘူး :P
    စိတ်ကြိုက်သာဝယ်လိုက်ပါ။ ဗဟုသုတွေယူသွားတယ် ကျေးဇူးနော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ကျွန်တော်လက်ရှိမှာ HTC 1x+ နဲ့ S3 ကိုတပြိုင်တည်းကိုင်နေတာ....htc ကို
    ပိုသဘောကျတယ်...၊အိုင်ကတော့ 4s အထိအတော်ကြိုက်နေတာ.... 5 မှာမှ
    လန်ထွက်သွားတယ်....၊ခုလောလောဆယ်တော့ HTC ကို အတော်ခိုက်နေတာ၊
    အခုသုံးတဲ့ x+ က ဘတ်ထရီအတော်ခံတယ်ဗျ...သိလား....S3 ကို နေ့တိုင်း
    အားသွင်းနေရချိန်မှာ HTC က ၂ရက်မှတစ်ခါပဲ....၊ဒါတောင်ကျွန်တော်က HTC
    ကိုပဲ ဒိုင်ခံကလိနေတာရယ်...၊ဒါပေမယ့် ခုအသစ်ရဲ့ ကင်မလာက 4 ပဲရှိတာတော့
    သိပ်မနိပ်ဘူးဗျနော်....၊ဆိုနီလေးရော......မကြိုက်ဘူးလား.....၊အင်း....ဖုံးတွေ
    ကလည်းတစ်မျိုးပြီးတစ်မျိုး မရိုးရအောင် အပြိုင်အဆိုင်ထွက်နေလေတော့
    နောက်ကလိုက်ရတာမသက်သာလှပါဘူးဗျာ...၊ဒါပေမယ့်......ဒါပေမယ့်
    ပေါ့ဗျာ...... :)))))

    ReplyDelete
  3. Samsung note 10.1 ကတော့ ဖုန်းသက်သက်ဆို၇င် battery ၂ ၇က်ခံတယ်ဗျ အားလုံးကောင်းတယ် မကောင်းတာ က FB ထဲ က attach video တွေကြည့် လို့မ၇တာ နဲ့ bulky ဖြစ်တာပဲ

    ReplyDelete
  4. အကို
    ဆမ်ဆောင်းသုံးဖူးတယ်ဆိုရင်တော့ HTC ကိုပြောင်းသုံးစေချင်တယ်..
    samsung S4 က SIII နဲ့သိပ်မကွာဘူးဆိုရင်ဝယ်မနေနဲ့တော့
    ဘာလို့လည်းဆိုတော့ ပစ်ပစ်ဖုန်းက S III ..SIII ဝယ်ပြီးကာမှ
    Glaxy Note II က ကင်မရာရော တခြား application တွေရော
    မိုက်တယ်ဆိုလို့ ပစ်ပစ်ညီမအငယ်က NOTE II ကိုဝယ်တယ်..
    ဝယ်ပြီး ယှဉ်သုံးကြည့်တော့ ဘော်ဒီ နဲနဲ ကြီးလို့ မာမီနဲ့ဘေဘီ လို
    ဖြစ်နေတာက လွဲရင် သိပ်တော့ မထူးခြားဘူးအကိုရေ
    ကင်မရာကလည်း ထူးမခြားနားပါဘဲ...
    ပစ်ပစ်တို့ကဘဲသေချာ မသုံးတတ်တာလားတော့ မသိပါဘူး..
    အဲတော့ ခု အသစ်ထွက်တဲ့ S4 က S3 ထက် နဲနဲလေးဘဲပိုကောင်းတယ် ဆိုတော့
    ဟီးးဟီးး ပစ်စိတ်ထင်တော့ သိပ်ကွာလှမယ်မထင်ပါဘူး..
    အဲတော့ အကိုရာ HTC ဘက်သာ လစ်ပေတော့

    ReplyDelete
  5. ဖုန်းအကြောင်း သိပ်နားမလည်ဘူး..
    ဒါပေမယ့် အသံထွက်ကောင်းမယ်၊ ပုံလေးတွေရိုက်ရင်လှမယ်၊ ပြားပြားသေးသေး ပုံစံလေးတွေ ကြိုက်တယ်..

    ReplyDelete
  6. အင်းး ဈေးကြီးတာတွေသိပ်ဝယ်မသုံးနိုင်ဖူးဗျား)
    ပြီးတော့ ပျက်စီးသွားမှာလည်းအရမ်းကြောက်တယ်
    အသုံးဆောင်ပစ္စည်းတွေကို ငွေသုံးလိုက်ရမှာ ကပ်စေးနှဲတတ်လို့း)း)
    ဖုန်းကောင်းကောင်းလေးတလုံးတော့ဝယ်အုံးမယ်တွေးနေတုန်းး)
    လောလောဆယ် တရုတ်လုပ်ဟွာဝေးလေးပဲကိုင်နိုင်တယ်
    ကိုယ့်အလုပ်က စမတ်ကျကျမဟုတ်တော့ ဟိုကြားဝင်ဒိကြားဝင်နဲ့ ဖုန်းကိုဂရုပြန်စိုက်နေရတာမျိုးဆိုမဖြစ်သေးဖူးလေး)
    အဲလိုဆင်ခြေတွေနဲ့ ဟွာဝေးလေးပဲ သုံးပျော်ပျက်ပျော်ပျောက်ပျော် ခံယူထားလိုက်တော့တယ်း)

    ReplyDelete