စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, October 24, 2011

ရွှေဖြစ်အောင် ဖိုအထိုးကောင်းလို့ ထောင်ကျသွားတဲ့လူ


          ပြဒါးသေ တစ်ဆွေဝ၊ သံသေ တစ်ပြည်ဝဆိုတဲ့ စကားပုံလေးကိုလည်းကြားဖူးကြမှာပါ။  ပုဂံပြည်ကြီးမှာ အရှင် ရှင်အဇ္ဇဂေါဏ က ပြဒါးဓာတ်လုံးထိုးတာ မအောင်လို့ စိတ်ပျက်ပြီး နောက်ဆုံး ချေးတွင်းထဲကို ပစ်ချလိုက်တော့မှ ဓာတ်အောင်ကာ ဓာတ်လုံးနဲ့တို့သမျှ ရွှေဖြစ်ပြီး ပုဂံပြည်ကြီးမှာ မုဆိုးမတောင် ဘုရားတည်နိုင်တယ်ဆိုတဲ့ ပုံပြင်ဆန်ဆန် လေးတွေကိုလည်း ကြားဖူးမှာပါ။
          ခုတော့ အိုင်ယာလန်နိုင်ငံက အသက် ၃၀ အရွယ်ရှိ ပေါလ်မော်ရန် ဆိုတဲ့ လူကတော့ သဋ္ဌေးဖြစ်မြန်အောင် သူ့ရဲ့ အီအီး(မစင်)တွေကို ရွှေဖြစ်အောင် ဖိုထိုးပါသတဲ့။  ဒါပေမယ့် သူ့ရဲ့ ရွှေရောင်အိပ်မက်ကြီးကတော့ အခု ပြိုကျပျက်စီးခဲ့ရပါပြီ။  ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အခန်းမှာ သူ့ရဲ့ အီးတွေကို လျှပ်စစ်မီးဖိုကြီးနဲ့ ရွှေဖြစ်အောင်ထိုးနေတုန်း မီးထလောင်လို့ပါတဲ့။  အဲ့ဒီအတွက် သူ့အခန်းဟာ ဒေါ်လာ ၄၈၀၀ ဖိုးလောက် ပျက်စီးသွားခဲ့ရသလို အခြားသော လူတွေအတွက်လည်း အန္တရာယ်ရှိတဲ့အတွက် သူ့ကို တရားရုံးက ထောင်ဒဏ် ၃ လ ကျခံစေခဲ့ပါတယ်။  ဒီ အပြစ်အပြင် ၁ နှစ်အထိ သူ့ကို စောင့်ကြည်နေဦးမယ်လို့ဆိုပါတယ်။ 
          တရားသူကြီးစီရင်ချက်ချရာမှာတော့ “အမောင်လုလင်၊ အသင်သည် ရွှေဖြစ်အောင် လူ့မစင်ကို ဖိုထိုး အဆိုပါ အကြံမျိုးကိုမှ ကြံရက်လှပေတယ်” လို့ဆိုသွားပါတယ်။ The Belfast Telegraph သတင်းစာအဆိုအရ တော့ ဒါဟာ စိတ်ဝင်စားစရာ အဂရိတ်ပညာဖြစ်ပေမယ့် မအောင်မြင်ခဲ့ပါဘူးလို့ဆိုပါသတဲ့။
          ပေါလ်ရဲ့ ရှေ့နေကတော့ သူ့တရားခံဟာ ထက်မြက်တဲ့လူတစ်ယောက်ဖြစ်ပေမယ့် မူးယစ်ဆေးဝါ ပြသနာကြောင့် ဒီလိုဖြစ်သွားရတာပါလို့ လျှောက်လွှဲချက်ပေးပါသတဲ့။
သြော်… တော်လိုက်တဲ့ရှေ့နေ တစ်မှု့တရားစွဲလို့ မပြီးသေးဘူး နောက်တစ်မှု့ဆင့်အောင် အချွန်နဲ့ မတတ်ပေတယ်…

Link : (Link)

14 comments:

  1. i don't like your last sentence . pls don't write this kind of rubbish.

    ReplyDelete
  2. thanks for point out, removed the last sentence. :)

    ReplyDelete
  3. ဘာ....၉၀:၁၀ တဲ့လား။ ဒါတောင်သူပြန်တွက်ပြတော့ ၁၀၀ ကျော်နေသလိုပါပဲ။ ဟီး

    ReplyDelete
  4. အဲဒီနည်းလမ်းသိလို့ကတော့ ပါသမျှ အီးအီး စွန့်မပစ်ဘဲ စုထားရတော့ မလိုလို...
    အင်း အခန်းနံစော်မှုနဲ့ စည်ပင်ကပါ လာပြီး တရားစွဲရင် ဒုက္ခ..
    စားစရာမရှိ လျှော်စရာရှိ ဖြစ်နေပါဦးမယ်..
    ကပ်သီးကပ်သပ် ကြံစည်တတ်ပါပေ

    ReplyDelete
  5. ကိုမင်းခိုင် ရ မမြတ်ကြည်>> လာလည်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

    မချော >> ဟုတ်ပ တစ်အိမ်လုံး နံဟောင်နေမှာပဲနော်.... :P

    ReplyDelete
  6. အင်း .................. ကြံကြံဖန်ဖန် နော် ...

    ReplyDelete
  7. ဖတ်သွားပါတယ်...သတင်းတွေအတွက်ကျေးဇူးပါ

    ReplyDelete
  8. ရွံထားဗျာ ဒီလူ့နှယ် ကြံကြံဖန်ဖန် အွက် ။

    ReplyDelete
  9. ဟဟ အကြံတော့ရပြီ ကဲ ဘယ်နှယ့်လဲ ကိုအားထောင် စိတ်ဝင်စားရင်လာပူးပေါင်းနိုင်တယ် အကုန်ကျလဲနဲ
    အမြတ်လဲများမယ် ..
    တ၀က်နှုန်းပြန်ရှယ်မယ် .း)
    ချီးကန်ထရိုက်ဆွဲရအောင်လေ ဘိုလဲ စိတ်ဝင်စားလား ဟဲဟဲ .
    မောင်နှမအချင်းချင်းမို့ တ၀က်ရှယ်တာနော ...
    အမြန်လာစာရင်းဝင်ပါး)

    ReplyDelete
  10. သင့်မြတ်လျှော်ကန်လှတဲ့ အကြံပါခင်ဗျား။ ကျွန်တော်တို့ ရွှေဖြစ်နည်းသင်ကြမယ်လေ ပြီးရင် လျှပ်စစ်မီးဖို အဲလေ ဖွဲမီးဖိုဖြစ်ဖြစ်ပေါ့လေ အဲ့ဒါကြီး အရင်ဝယ်ကြမယ်လေ....
    ရွှေဖြစ်လို့ကတော့ ဟေး ဟေး နောက်ဆို အိမ်သာတွေ အများကြီးဆောက်ပြီး အီးအီးလာပါတဲ့လူကို ပိုက်ဆံပါ ပြန်ပေးလိုက်ဦးမှာ......

    ReplyDelete
  11. ဟုတ်ပါ့ ကြံကြံဖန်ဖန် ပွပေါက်ရှာပုံကလည်းနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. ပေါက်တောက်ကရဟယ်...။
    နှာခေါင်းလေးပိတ်ပြီး ဖတ်သွားပါတယ်ရှင့်..။

    ReplyDelete
  13. ကိုမောင်ဘုန်း၊ ကိုမျိုး၊ အန်တီတင့်၊ မမြသွေးနီတို့အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ.... :)

    ReplyDelete