အလွဲဆိုတာကတော့ လူတိုင်းလွဲ တတ်ကြတာကိုး။ တစ်ခါတစ်လေကျတော့လည်း တစ်ယောက်နဲ့ တစ်ယောက် စကြ
နောက်ကျ လွဲကြတဲ့ မှတ်မှတ်ရရလေးတွေကို ဖြစ်လို့။
ဒီအထဲက ကျွန်တော်မှတ်မှတ်ရရ ရှိတဲ့ အလွဲလေးတွေကို အမှတ်တရအဖြစ် ပိုစ်တင်လိုက်ပါတယ်။
မမြင်အောင်
ဖုံးပြီးစား
ဒါကတော့ ကျွန်တော့် အဖေနဲ့ သူ့သူငယ်ချင်း
နှစ်ယောက် ရဲ့ ကျောင်းတုန်းက အဖြစ်အပျက်ကလေးပါ။
တစ်နေ့တော့ အဖေရယ်၊ သူ့ငယ်ချင်းနှစ်ယောက်ရယ် မြို့ထဲသွားပြီး ဒန်ပေါက်စားကြလေသတဲ့။ သူငယ်ချင်းတစ်ယောက်က ရန်ကုန်သား လည်လည်ဝယ်ဝယ်ရှိတယ်။
ဒါပေမယ့် နောက်တစ်ယောက်ကတော့ နယ်ကခင်ဗျ။ နယ်ကဆိုတော့ သူတစ်ခါမှ ဒန်ပေါက်မစားဖူးသေးဖူး။ ဒါ သူငယ်ချင်း တွေနဲ့အတူ ပထမဆုံးစားဖူးတာ။ ဟိုရောက်တော့ ဟေ့ ဒန်ပေါက် သုံးပွဲ စားမယ်ဟေ့ပေါ့လေ။ ဟော ဒန်ပေါက်လည်းရောက်လာရော ရန်ကုန်သား သူငယ်ချင်းက
နယ်က သူ့သူငယ်ချင်းကို မေးပါသတဲ့။
“ဟေ့ကောင်
ငါ့ ဒန်ပေါက်ထဲမှာ ကြက်သားတုံးကြီး ဒန်ပေါက်ထမင်းထဲ မြှပ်ပြီး ပါလာသကွ၊ မင်းဆီမှာရော”
အဲ့ဒီလိုဆိုတော့
နယ်ကသူငယ်ချင်းကလည်း သူ့ဒန်ပေါက် ထမင်းကို နည်းနည်းလေးဖယ်ကြည့်လေတော့ “ဟရောင်ရေ…. ငါ့ဆီမှာလည်း
ပေါင်တုံးအကြီးကြီးပဲလို့” ထအော်ပါသတဲ့။ ဒါနဲ့
ရန်ကုန်သား သူငယ်ချင်းက
“ဟကောင်ရ
ဖြေးဖြေးပြော သူများတွေကြားကုန်ဦးမယ်၊ မင်းနဲ့ငါက
ကံကောင်းလို့ပါတာ၊ တော်ကြာသူများတွေသိသွားရင် ဒုက္ခ” ဆိုလေတော့ နယ်က သူငယ်ချင်းခမျာလည်း
ဒန်ပေါက်ကို ၀၀ မစားရရှာပဲ ကြက်သားတုံးကို
လူမမြင်အောင် ထမင်းလေးနဲ့ ဖုံးလိုက် နည်းနည်းလေးဖယ်လိုက်
ဖဲ့စားလိုက်ပေါ့လေ။ နောက်ဆုံး မအောင့်နိုင်တော့
ဝါးလုံးကွဲရယ်ကြတော့မှ နယ်သားသူငယ်ချင်းလည်း စိတ်တွေဆိုးတာပေါ့လေ။ စိတ်ဆိုးလေတော့ စိတ်အဆိုးပြေအောင်ရယ်ဆိုပြီးတော့
ရုပ်ရှင်ခေါ်ပြပါသတဲ့။
သေချာမမြင်ရရင်
အပေါ်ထပ်ကကြည့်
ဒီလိုနဲ့ ရုပ်ရှင်ရုံထဲကို သုံးယောက်သားသွားကြတာပေါ့လေ။ ဟိုရောက်တော့ အင်္ဂလိပ်ကား ပြပါသတဲ့။ ဒီလိုနဲ့ အင်္ဂလိပ်ကားတွေထဲမှာ မင်းသမီးက ရေချိုးဇလုံကြီးထဲမှာ
ရေချိုးတဲ့ အခန်းပါလေရဲ့။ မင်းသမီးရေချိုးတဲ့
အခန်းမှာ ကင်မရာဆရာကလည်း ပညာသားပါပါရိုက်ထားလေတော့ မပေါ့် တပေါ် ရေချိုးတဲ့ အခန်းပေါ့ဗျာ။ ဒါနဲ့ နယ်က သူငယ်ချင်းကလည်း ထပ်ပြောပါတဲ့။ ဟရောင်ရာ ဘယ့်နှယ် မင်းသမီးရေချိုးတာကလည်း ကောင်းကောင်းကို
မမြင်ရဘူး ဆိုပါသတဲ့။ ဒါနဲ့ အဖေက ပြောပြန်လေရောတဲ့
ဟရောင်ရ ငါတို့က အောက်ထပ် လက်မှတ်ကို ၀ယ်တာကိုးကွ၊ မင်း အပေါ်စီးက ဘယ်မြင်ရမလည်း။ မင်းသေချာမြင်ရချင်ရင် အပေါ်ထပ်ကကြည့်လို့ ဆိုတာကိုး။ ဒါနဲ့ ရုပ်ရှင်ပြီးရောဆိုပါစို့ဗျာ။ ရုပ်ရှင်ပြီးတော့ ရုံပြင်ထွက် ကျောင်းအဆောင်ပြန်ကြမယ်လုပ်တော့
နယ်သား ဟိုသူငယ်ချင်းက မပြန်ဘူးခင်ဗျ။
“ငါ နောက်တစ်ပွဲကျရင်
အပေါ်ထပ်လက်မှတ်ဝယ်ပြီး ကြည့်လိုက်ဦးမယ်ကွာ.. မင်းတို့ ပြန်နှင့်ကြ” ဆိုပြီး ပြောလေတို့
အဖေတို့ နှစ်ယောက်လည်း ပြုံးစိစိနဲ့ အဆောင်ပြန်ကြလေတာပေါ့
ဒီလိုနဲ့
ညရောက်၊ ရုပ်ရှင်ရုံက သူငယ်ချင်း အဆောင်ပြန်ရောက်လေတော့ ဒေါကြီး မောကြီးနဲ့ “ငါလခွီးထဲမှပဲ
စောစောထဲကပြောပါလား အပေါ်ထပ်က ကြည့်ကြည့် အောက်ထပ်က ကြည့်ကြည့် ဒါက ဒါပဲ ဆိုတာကို” ဆိုပြီးတော့
ဆဲပါလေတော့တယ်။
ကရ၀ိတ်ကြီး
ဧရာဝတီဆန်
ဒါကတော့ ကျွန်တော့် အဒေါ်ရဲ့ အဖြစ်အပျက်ကလေးပါ။ အဒေါ်က အကြေသားခင်ဗျ။ အကြေဆိုတာက ဧရာဝတီမြစ်ဝကျွန်းပေါ်ပိုင်းကိုခေါ်တာ။ ငယ်ငယ်လေးကထည်းက မြို့သေးသေးလေးမှာ နေလေတော့ ရန်ကုန်လောက်သာ
ရောက်ဖူးပေမယ့် မန္တလေးတော့ မရောက်ဖူး ဖူးလေ။
ဒီလိုနဲ့ အိမ်ထောင်ကျတော့ ယောင်နောက် ဆံထုံးပါတာပေါ့ ခင်ဗျ။ အဲ ဒီတော့ စစ်ကိုင်းဘက်ကို ခင်ပွန်းသည် တာဝန်ကျတာနဲ့
လိုက်ရပါတယ်။ ရန်ကုန်ကနေ မန္တလေး အဲ့ဒီကမှ စစ်ကိုင်းတံတားကြီးဖြတ်ပြီး
စစ်ကိုင်းဘက်ကူးမှာကိုး။ အဲ့ဒီတော့ မန္တလေးရောက်တော့
ခင်ပွန်းဖြစ်သူက မန္တလေး ကျုံကြီး လိုက်ပြလေသကိုး။
အဲ့ဒီမှာ ဒီဟာသလေးက စတာ။ မန္တလေးက ပြည်ကြီးမွန်
ဖောင်ကြီးကိုလည်းတွေ့ရော အဒေါ်က ထအောင်တာကိုး။
“အို……………
ဘယ့်နှယ် ကရ၀ိတ်ဖောင်ကြီးက ဒီရောက်နေတာတုန်း” ဆိုလေတော့ ဦးလေးဖြစ်သူကလည်း
“သြော်ကွာ…
ဧရာဝတီမြစ် စုန်တက်လာတာနေမှာပေါ့” ဆိုတော့ အဒေါ်ကလည်း သြော်.. သြော်…ဟုတ်မှာ ပေါ့လေ။
ဒါနဲ့ ရန်ကုန်ပြန်ဖို့အကြောင်းပေါ်လာတော့
ရန်ကုန်ပြန်ကြမယ်ဆိုပြီး မန္တလေးကနေ ရန်ကုန်ကို ပြန်၊ ရန်ကုန်ရောက်တော့
“ဟယ်….. ကရ၀ိတ်ဖောင်ကြီး ပြန်ရောက်လာတာ မြန်လှကြီးလား ဟိုနေ့ကတောင်
မန္တလေးမှာ တွေ့ခဲ့သေးတယ်ဆိုပြီး ထပ်ပြောပါရော”
အဒေါ့်ယောင်္ကျားကလည်း
“အိုကွာ မင်းကလည်း ဧရာဝတီကို စုန်ဆင်းတာဆိုတော့ ပိုမြန်တာပေါ့” ဆိုလေတော့ “သြော်..
အင်းအင်း ဟုတ်မှာပေါ့နော်… ဒါပေမယ့် ရထားထက်တောင်မြန်သေး” လို့ပြောလေတော့ ဘေးကလူတွေလည်း
ဘာလည်းဆို မေးတော့မှ ဇာတ်ကြောင်းကပေါ်။ ပေါ်တော့မှ
အဒေါ်လည်း ပြည်ကြီးမွန်ဖောင်ဆိုတဲ့ နာမည်ကို ကြားဖူးလေတော့သတဲ့။
စကားတောင်စား
အဒေါ်
ဒါကလည်း အတော်ကို ခွကျတဲ့ အဖြစ်။ မြန်မာပြည်ကို
အချိုရည် ပက်ပစီတို့၊ ဆဲဗင်းအပ်တို့၊ ကွင်း လိမ္မော်ဖျော်ရည်တို့ ၀င်လာလေတော့ အရင်တုန်းက
သံပုရာရည်တို့၊ မကျီဖျော်ရည်တို့လောက်သာ ဖျော်လာတဲ့ ကျွန်တော်တို့နဲ့ အနည်းငယ်တော့
စိမ်းမှာပေါ့လေ။ ကလောက်ကနဲဖောက် ရှုးကနဲ့ အမြှုပ်တွေထွက်လာ
တယ်ဟုတ်တာကိုး။ ကျွန်တော့် အဒေါ်ကလည်း ထိုနည်းလည်းကောင်းခင်ဗျ။ တစ်နေ့ အိမ်ကို ဧည့်သည်တွေ လာလည်ကြပါရော။ အဲ့… ဧည့်သည်တွေမလာခင် တနေ့က ဦးလေးဖြစ်သူက ကိုကာကိုလာ
ဗူးကြီး တစ်ဗူးဝယ်ထားတာကိုး။ အဲ့ဒီလိုနဲ့ ဧည့်သည်တွေလာလေတော့
“မိန်းမရေ အအေးလေး ဘာလေး ချပါဦးဟ ဒီမှာ ဧည့်ခံရအောင်” ဆိုလေတော့ အဒေါ်ကလည်း သူ့လက်စွမ်းကို
ပြရတာပေါ့လေ။
ကိုကာကိုလာ ဗူးကြီးကို ဖောက်၊ ရေတွေရော၊ ဆားလေးနည်းနည်းခပ်၊ သကြားလေးထပ်ဖြည့်
မြည်းလိုက် ပေါ့သလိုဖြစ်လိုက် နောက်ဆုံးတော့ ကိုကာကိုလာဗူးထည်းက အရည်တွေ ထပ်ထည့်ရမှာလည်း
သမျှောလေတာနဲ့ ဒီလိုပဲ ကိုကာကိုလာ လက်ဖျော်ရည်နဲ့ ဧည့်ခံလိုက်ပါသတဲ့။ ဒါနဲ့ ဦးလေးကလည်း အိုကွယ် ဒါမျိုးက ဖျော်ရတာမဟုတ်ဘူး
ဒီအတိုင်းကို ရေခဲတုံးထည့် တိုက်ရတာဆိုတော့ အဒေါ်ကလည်း
“အို သိမှ
မသိတာတော်…. နောက်တစ်ခါဆို ရေခဲနဲ့ ရောပြီး တိုက်မှာပေါ့” လို့ဆိုပြီး မှတ်ထားတာပေါ့လေ။
ဒါနဲ့ နောက်တစ်နေ့ကျတော့ ဦးလေးက ကွင်း လိမ္မော်ဖျော်ရည်ပုလင်းဝယ်လာပြန်လေရော။ ဧည့်သည်က ထပ်ရောက်။ မရေးတော့ပါဘူးဗျာ.. အဒေါ်ဘာလုပ်မလည်းဆိုတာ စဉ်းစားသာကြည့်။
ချစ်စရာအလွဲလေးတွေပါပဲ ရီလဲရီရတယ်
ReplyDeleteကျေးဇူးပါဗျာ
ရယ်လိုက်ရတာ...ရိုးသားတဲ့ တောသူတောင်သားတွေရဲ့ အလွဲလေးတွေက ချစ်စရာကောင်ပြီး ရယ်စရာ သနားစရာလည်း ကောင်းတာကိုး...ဒီဘက်ခေတ်မှာတော့ တောကလူတွေက ကိုယ့်ထက်တောင် ပိုသိပိုတတ်နေကြပါပေါ့လား...
ReplyDeleteအောင်မလေး တွေးကြည်ပြီး ရင်တွေပူလိုက်တာနော် အဲလောက်ချိုချိုကိုသောက်ရမယ့်အဖြစ်ကတော့း)
ReplyDeleteအလွဲလေးတွေ ချစ်စရာလဲကောင်းတယ် ရယ်လဲရယ်ရတယ်
ReplyDeleteဒါကြောင့်ရယ်ပြီးပြန်ခဲ့တယ်
ခင်ခင်မင်မင် jasmine
အခုခေတ်မှာတော့ ခေတ်ရေစီးကြောင်းနဲ့အတူ ဒီလောက်ရိုးသားတဲ့သူတွေ အတော်ရှားသွားပြီ မောင်အောင်ထွဋ်ရေ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟေဟေး
ReplyDeleteပျော်စရာကြီး ဖတ်ပြီး သဘောတွေကျလို့
လည်သူ စားစတမ်းပေါ့.
သူငယ်ချင်းတွေ သိပ်ရိုးလွန်းရင် ဒီလိုစနောက်ခံရတတ်တာဘဲနော်..
ကိုယ်တွေလည်း သူများကိုစ
သူများတွေလည်း ကိုယ်တွေကိုစ..
ဘာဘဲဖြစ်ဖြစ် အလွဲလေးတွေက ဘယ်ခါဖတ်ဖတ် မရိုးဘူး
ရယ်လဲရယ်ရ ပျော်လဲပျော်ရပေါ့
ဟီးဟီး.. ရီရတယ်ဗျို့...... :D
ReplyDeleteဟိ.. အဲလိုအလွဲလေးတွေ နောင်ပြန်သတိရကြတော့ ပျော်စရာကြီး..
ReplyDeleteကြယ်စင်အလင်း
ထပ်ရေးပါအုံး၊ ရီရတယ်။
ReplyDelete