စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, December 28, 2011

2011 ရဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်သူများ ၁၀၀ ထဲက ဒေါ်အောင်ဆန်းစုကြည်


          ကမ္ဘာကျော် Times Magazine ရဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်စွမ်းရှိသူများ အယောက် ၁၀၀ ထဲမှာတော့ ဒီနှစ် ၂၀၁၁ အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်တစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နာမည် အစဉ်အလိုက် စီထားတဲ့အထဲမှာ နံပါတ် ၁၈ ရောက်မြောက်အဖြစ် ပါဝင်လာပါတယ်။  ဒါဟာ ဘားရက်အိုဘားမား၊ ဟီလာရီကလင်တန်၊ မီရှလ် အိုဘားမားတို့ရဲ့ အထက်မှာ ပါဝင်လာတာပါ။  ကမ္ဘာကျော် လူမှု့ရေးကွန်ယက်ကို စတင်တည်ထောင်သူ မက်ဇူကာဘက်ကတော့ အဆင့် ၆ နေရာမှာ တွေ့ပါတယ်။ 
          ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးထားတာကတော့ အသက် ၆၅နှစ်ရှိပြီဖြစ်တဲ့ အန်တီစုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိအောင် ဆောင်ရွက်နေတဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ရော ၁၉၉၁ ခုနှစ် နိုဘယ်ဆုရှင် တစ်ယောက်အနေနဲ့ပါ  အာရှတိုက်ရဲ့ ဟီးရိုး တစ်ယောက်ဖြစ်သလို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူတွေကို ဇွဲမလျှော့ပဲ အားတက်စေအောင် လှုံဆော်နိုင်တဲ့ လူတစ်ယောက်လည်း ဖြစ်တယ်လို့ ဖော်ညွှန်းထားပါတယ်။  ဒီအကြောင်းကို ရေးထားသူကတော့ တရုတ်နိုင်ငံသား ၀မ်တန် ဆိုသူဖြစ်ပါတယ်။  သူ့အဆိုအရတော့ မစ္စတာဝမ်ဟာ ၁၉၈၉ခုနှစ် တရုတ်နိုင်ငံမှာ ဒီမိုကရေစီ အသွင်ပြောင်းလည်းရေးလှုပ်ရှားမှု့ဖြစ်တဲ့ တီယန်နန်မန် လှုပ်ရှားမှု့မှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းစွာ ဖြင့် လှုပ်ရှားသင့်ကြောင်း တိုက်တွန်းခဲ့ပြီး နောက်တစ်နှစ်မှာ တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြလှုပ်ရှားတာကို သူ့အခုအထိ မှတ်မှတ်ရရရှိနေတုန်းပဲလို့ ဆိုပါတယ်။  ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၇ နှစ်လောက် ကျခံနေရတဲ့ နေအိမ်အကျယ်ချုပ်ကနေပြီး ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ 

          မတ်လမှာတော့ တရားမ၀င်အဖြစ် ကြေငြာခဲ့တဲ့ အန်တီစုရဲ့ NLD ပါတီဟာ မြန်မာအစိုးရနဲ့ ပြန်လည် စေ့စပ်ညှိနှိုင်းလာပါပြီလို့ ဆိုထားပါတယ်။  မည်သို့ပင်ဖြစ်စေ ပြီးခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်လောက် မှေးမှိန်ခဲ့ပေမယ့် ခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ရှေ့တန်းကနေ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်တော့မှာဖြစ်ပါတယ် လို့ သုံးသပ်ပြသွားပါတယ်။

ဝမ် ဟာ တရုတ်နိုင်ငံ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူဖြစ်ပါတယ်။

Source : (Link)

9 comments:

  1. သတင်းကောင်းလေးအတွက် ကျေးဇူးပါ

    ReplyDelete
  2. မေမေစု အစစအရာရာအောင်မြင်ပါစေ

    ReplyDelete
  3. မြန်မာပြည်သူတစ်ယောက်အနေနဲ့ သူ့သတင်း သူ့အကြောင်းတွေဖတ်မိတိုင်း ပီတိဖြစ်ရပါတယ်။
    ဂုဏ်လဲယူမိပါတယ်။
    ကျန်းမာချမ်းသာစွာနဲ့ နိုင်ငံကောင်းကျိုး ဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပါတယ်

    ReplyDelete
  4. အန်တီစုအကြောင်းကတော့ ဘယ်နေရာမှာ ဖတ်ရဖတ်ရ....ဖတ်လို့ မဝနိုင်ဘူး
    ဗျာ...၊

    ReplyDelete
  5. ၂၀၁၂ မှစပြီးအမေစု အရာအားလုံးအောင်မြင်ပါစေ

    ReplyDelete
  6. မင်္ဂလာဆောင်ပါ..... အဲလေ.... မင်္ဂလာဆောင်ပြီးသား ကိုအေအိတ်ခ်ျ ရေ

    Happy New Year ပါဗျာ။

    ReplyDelete
  7. အားလုံးရဲ့ရင်ထဲမှာရှိနေသူပါ မောင်အောင်ထွဋ်ရေ။
    ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
    အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
    နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
    Happy New Year !!!

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete