စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, January 12, 2012

လိုက်ကြဦးမလား အင်္ဂါဂြိုလ်ပေါ်ကို



             အရင်တုန်းကတော့ သိပ္ပံဝတ္တုတွေ၊ သိပ္ပံဇာတ်လမ်းတွေမှာတော့ အင်္ဂါဂြိုလ်ပေါ်က ဂြိုလ်သားတွေနဲ့ စစ်ခင်းတာတွေ၊ ဂြိုလ်သားတွေက ကမ္ဘာကြီးပေါ်ကို လာကြတာတွေကို ဖတ်ဖူးကြမှာပါ။  ခုတော့ လူသားတွေလည်း အင်္ဂါဂြိုလ်ပေါ်ကို သွားဖို့ ပြင်ဆင်နေကြပါပြီ။  ယုံချင်ယုံ မယုံချင်နေမဟုတ်တော့ပါဘူး။  အမှန်တကယ်ကို ပြင်ဆင်နေတာပါ။  အင်္ဂါဂြိုလ်ကို ခရီးကိုသွားဖို့ မိုင်ပေါင်း ၃၅၂ သန်း အကွာအဝေးကို သွားရမှာဖြစ်ပါတယ်။  အင်္ဂါဂြိုလ်ပေါ်ကို ရောက်ဖို ၇ လကြာလောက် ခရီးသွားရပါမတဲ့။  သွားနေတဲ့ ခရီးလမ်းမှာ အာကသထဲက ရောင်ခြည်တွေ၊ ရေခဲမှတ်အောက်ရောက်နေတဲ့ အပူချိန်၊ မြေထုဆွဲအားမရှိတဲ့ အခြေအနေတွေနဲ့လည်း ကြုံရဦးမှာပါ။  ဂြိုလ်ပေါ်ကို ရောက်သွားရင်လည်း မခန့်မှန်းနိုင်တဲ့ အခက်အခဲတွေ ရှိမှာပါ။  တကယ်လို့ သင်အင်္ဂါဂြိုလ်ပေါ်ကို ရောက်ခဲ့ရင်တော့ အပြာရောင် အစက်အပျောက်ကလေးအဖြစ်မြင်နေရမယ့် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကိုကြည့်ပြီး အလွမ်းဖြေနိုင်မှာပါ။  ဒီတော့ အင်္ဂါဂြိုလ်ခရီးစဉ်ကို လိုက်ပါချင်ပါလား?

          ဒီအတွက်တော့ Mars500 စီမံကိန်း ရှိပါတယ်။  Mars500 စီမံကိန်းဆိုတာကတော့ အင်္ဂါဂြိုလ်ကို သွားမယ့် ပုံစံအတိုင်း ကမ္ဘာမြေပြင်ပေါ်မှာ စမ်းသတ်ခန်းတည်ဆောက်ပြီး လူတွေနဲ့ စမ်းသပ်တာပါ။  ဒီစီမံကိန်းကို ရှရှား၊ ဥရောပနဲ့ တရုတ်တို့က ပူးတွဲဖော်ဆောင်တာဖြစ်ပြီး စမ်းသပ်တဲ့ ဋ္ဌာနကတော့ ရုရှားနိုင်ငံ မော်စကိုမြို့က Russian Academy of Science’ Institute of Biomedical Problems (IMBP) မှာရှိပါတယ်။  ယခု တတိယမြောက်အကြိမ် စမ်းသပ်မှု့ အစီအစဉ်ကတော့ အောင်မြင်ခဲ့ပါပြီ။  ဒါကတော့ လူသား ၆ ယောက်ကို အင်္ဂါဂြိုလ်သွား ခရီးစဉ်အတွက် ၁ နှစ်ခွဲကြာ ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီးတော့ စောင့်ကြည့်လေ့လာခဲ့တာပါ။  စုစုပေါင်း ၁ နှစ်ခွဲ(ရက်ပေါင်း ၅၂၀) ကြာ အဲ့ဒီ စမ်းသပ်ခန်းထဲမှာ နေခဲ့ရတာပါ။  ဒီအတွက် လူပေါင်း ၆၀၀၀ ကျော်က လျှောက်လွှာတင်ခဲ့ကြပြီး အဲ့ဒီထဲကမှ ဆန်ကာတင် ၆ ယောက်ကို ရွေးချယ် စမ်းသတ်ခဲ့တာပါ။  အဲ့ဒီအထဲမှာ ရုရှားနိုင်ငံသား ၃ ယောက်၊ ရိုမေးရီးယား တစ်ယောက်၊ ပြင်သစ်တစ်ယောက်နဲ့ တရုတ်နိုင်ငံသား တစ်ယောက်ပါတ၀င်ခဲ့ပါတယ်။

  • -       Romain Charles ဆိုသူကတော့ အသက် ၃၁နှစ်အရွယ် ပြင်သစ်နိုင်ငံသား အင်ဂျင်နီယာပါ
  • -       Sukhrob Rustamovich Kamolov ဆိုသူကတော့ ရုရှနိုင်ငံသား ခွဲစိတ်သမားတော်ပါ
  • -  Alexey Sergeyevich Sitev ဆိုသူကတော့ ရုရှားနိုင်ငံသား အင်ဂျင်နီယာဖြစ်ပြီး အဆိုပါအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်
  • -       Alexandr Egorovich Smoleevskiy ဆိုသူကတော့ Physiologist (ကမ္မဗေဒ ပညာရှင်)ပါ။
  • -       Uiego Urbina လို့ခေါ်တဲ့ အသက် ၂၇နှစ်အရွယ် ကိုလံဘီယာနိုင်ငံသားကတော့ အင်ဂျင်နီယာပါ
  • - Wang Yue လို့ခေါ်တဲ့ အသက် ၂၇နှစ်အရွယ် တရုတ်နိုင်ငံသားကတော့ တရုတ်အာကသ လေ့လာရေးနှင့် လေ့ကျင့်ရေးဋ္ဌာနက သင်တန်းမှုး ဖြစ်ပါတယ်။


“ခုတော့ ရက်ပေါင်း ၅၂၀ကြာ စမ်းသပ်ခဲ့တဲ့ လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ၊ အားလုံး ကျန်းကျန်းမာမာပါပဲ၊ ကျွန်တော်တို့တွေ ခုတော့ နောက်ထပ်စမ်းသပ်မှု့တွေအတွက် အသင့်ပါပဲ” လို့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Alexey Sitev ကပြောသွားပါတယ်။ 
ဒီလူခြောက်ယောက်ဟာ ပြုတင်းပေါက်မပါတဲ့ အခန်းထဲမှနေကြရသလို ဆက်သွယ်မှု့တွေမှာလည်း တကယ့် အင်္ဂါဂြိုလ်ကနေ ကမ္ဘာမြေပြင်ကို ဆက်သွယ်သလို ဆက်သွယ်ခဲ့ရပါတယ်။  အင်္ဂါဂြိုလ်ပေါ်ကနေ ကမ္ဘာမြေပြင်ကို အဆက်အသွယ်ရောက်ရှိဖို့ဟာ အမြန်ဆုံးနှုန်းဆိုရင်တောင် ၁၅ မိနစ်ကြာပါတယ်။  ဒါဟာ အီးမေးလ်ပို့တာလိုမျိုး၊ တွစ်တာ၊ ဘလော့ စတဲ့ ဆက်သွယ်မှု့ကွန်ယက်တွေကို အသုံးပြုတဲ့အခါ ကြာတဲ့ အချိန်ဖြစ်ပါတယ်။

  • MEDICAL MODULE: A 12m-long cylinder that acts as the laboratory. Should a crewmember become ill, he can be isolated and treated here
  • HABITABLE MODULE: The main living quarters. The 20m-long module has beds, a galley, a social area. It also acts as the main control room
  • LANDING MODULE: This will only be used during the 30-day landing operation. Three crewmembers will visit the "surface"
  • UTILITY MODULE: It is divided into four compartments, to store food and other supplies, to house a greenhouse, a gym a refrigeration unit
  • SURFACE MODULE: To walk across the soil and rocks of Mars, crewmembers must put on Orlan spacesuits and pass through an airlock


ဒါပေမယ့် ဒီစမ်းသပ်ခန်းမှာတော့ တစ်ကယ့် အင်္ဂါဂြိုလ်ပေါ်မှာ ခံစားရမယ့် အခြေအနေနဲ့ လုံးဝထပ်တူကျအောင်တော့ မစမ်းသပ်နိုင်သေးပါဘူး။  ဥပမာ မြေထုဆွဲငင်အားနည်းတဲ့ အခြေအနေတို့၊ အာကာသကလာမယ့် အန္တရာယ်ရှိတဲ့ ရောင်ခြည်တို့လိုမျိုးပေါ့။  ဒါပေမယ့် ခုရရှိလာတဲ့ ရလဒ်ကိုတော့ သိပ္ပံပညာရှင်တွေဟာ ကျေနပ်နှစ်ထောင်းအားရရှိတယ်လို့ဆိုပါတယ်။   စမ်းသပ်နေတုန်းအချိန်အတွင်းမှာလည်း ဒီလူခြောက်ဦးရဲ့ စိတ်ဖိစီးမှု့တွေ၊ အိပ်ချိန်တွေ၊ သူတို့ရဲ့ စိတ်အတက်အကျပြောင်းလဲမှု့၊ ဟော်မုန်း အတက်အကျ အခြေအနေ စတာတွေကို အနီးကပ် လေ့လာခဲ့တယ်လို့ဆိုပါတယ်။ 
ဒါအပြင် အင်္ဂါဂြိုလ်ပေါ်မှာ လမ်းလျှောက်သလိုမျိုး အစမ်းလည်း လမ်းလျှောက်ခဲ့ကြပါသေးသတဲ့။  တနေ့နေ့တော့ အင်္ဂါဂြိုလ်ပေါ်ကို လူတွေ စိုးမိုးနိုင်မှာပါ။  သိပ္ပံ မဂ္ဂဇင်းရဲ့ အဆိုအရတော့ နောင်နှစ်ပေါင်း ၂၀ အကြာဆိုရင်တော့ လူတွေ အင်္ဂါဂြိုလ်ပေါ်ကို ခြေချနိုင်လိမ့်မယ်လို့ဆိုပါတယ်။  ဒါပေမယ့် ဘယ်လို ပြန်မလည်းဆိုတာတော့ စဉ်းစားစရာရှိနေပါသေးတယ်။  ဒီတော့ အင်္ဂါဂြိုလ်ကို သွားချင်သူများ လေးကြိမ်မြောက်စမ်းသပ်မှု့အတွက် ကြိုတင်လျှောက်လွှာများ တင်ဖို့ ပြင်ဆင်နိုင်ကြပါပြီ။

Source : (Link 1, Link 2, Link 3Link 4)

3 comments:

  1. အဂါင်္ထွဋ်January 12, 2012 at 2:31 PM

    အဂါင်္သားဆိုတော့ အင်္ဂါဂြိုလ်ပေါ်ကို တွားချင်တယ်..

    ReplyDelete
  2. ပထမတစ်ခါ စမ်းသပ်တုန်းက မိန်းကလေးတစ်ယောက်ပါတယ်... အဲဒီမှာ ယောက်ျားလေးတစ်ယောက်က အဲဒီမိန်းကလေးကို နမ်းဖို့ကြိုးစားတာမှာ စမ်းသပ်မှုပျက်သွားတယ်... အဲထဲမှာ ကြာကြာပိတ်လှောင်ခံရတော့ စိတ်ဂယောက်ဂယက်ဖြစ်ကုန်တာလို့ ဖတ်ဖူးတယ်...

    ReplyDelete
  3. ပျင်းစရာင်္ကြီးနေမယ်...သွားတော့ဝူး.......:)

    ReplyDelete