စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, January 21, 2012

မြှားထုတ်ချင်းဖောက်ဝင်တာတောင် မသေတဲ့ ကြောင်းကလေး ကိုသက်ပြင်း


          တခါတလေကျတော့လည်း လောကကြီးမှ ထူးဆန်းတာလေးတွေက ဖြစ်တတ်ကြတာပဲ။  ခုလည်း “Cupid” လို့ခေါ်တဲ့ ကြောင်ကလေးဟာ သူ့ရဲ့ ပခုံးစွန်း တစ်ဘက်ကနေ အခြား တစ်ဘက်ကို မြှားတစ်စင်းက ထုတ်ချင်းဖောက်ဝင်သွားတာတောင် သေကံမရောက် သက်မပျောက်ပဲ အောင်မြင်စွာ ကုသနိုင်ခဲ့ပါသတဲ့။  အသက် ၂ နှစ်အရွယ်ရှိတဲ့ ကြောင်ကလေး ကျူးပစ်ဟာ ဟူစတင်မြို့က ကြောင်ကလေးဖြစ်ပြီးတော့ ဒီလို ထုတ်ချင်းပေါက် ဒဏ်ရာရပြီး ၃ ရက်အကြာမှာ အဲ့ဒီမြို့က ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကယ်တင်မှု့ကြောင့် ဘရစ်တီမိုး တိရိစ္ဆာန် ဆေးရုံကို ပို့ပေးခြင်းခံရပါသတဲ့။
          ကြောင်ကလေးဟာ ဘယ်သို့ ဘယ်ပုံမြှားချက်မိလာလည်း မသိပေမယ့် ဆေးရုံက ဆရာဝန်ရဲ့ ကုသမှု့ကြောင့် အခုဆိုရင် အိုကေသွားပြီလို့ဆိုပါတယ်။  ဆေးရုံက ဆရာဝန် ဒေါက်တာ တေလာရဲ့ အဆိုအရတော့ ကျူးပစ်ရဲ့ အရေးကြီးတဲ့ အတွင်းကလီစာတွေကိုတော့ ထိခိုက်မှု့မရှိလို့ ဒီကြောင်ကလေးဟာ ပြန်ကောင်းလာမယ်လို့ မျှောလင့်တယ်လို့ဆိုသွားပါတယ်။  သြော်… ဘယ်လို လူတွေကများ ဒီလိုကြောင်ကလေးကို မြှားနဲ့ လက်တည့်စမ်း ပစ်လိုက်တယ် မသိပါဘူး။


မြှားထုတ်ပြီးသွားလို့ ကျန်းမာလာတဲ့ ကြောင်ကလေး ကျူးပစ်

Source : (Link)

7 comments:

  1. အယ်
    ကြောင်းလေးသနားပါတယ်
    သူဘယ်လောက်များနာနေမလဲနော်
    ကံထူးတယ်တယ်နော်
    သူမသေဘူး

    ReplyDelete
  2. 'သေကံမရောက်သက်မပျောက်'တဲ့မောင်အောင်ထွဋ်ရေ။
    သတ္တဝါတစ်ခုကံတစ်ခုဆိုသလို ကံကိုဘယ်လိုမှယှဉ်လို့မရဘူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. သနားစရာပဲ
    ဒါပေမယ့် သူကံကောင်းတယ်း)


    မောင်ဘကြိုင်

    ReplyDelete
  4. ကံကောင်းတယ်ပြောရမယ်..

    ReplyDelete
  5. ကြောင်သက်ပြင်းလေး။
    တိရစ္ဆာန်တွေထဲမှာ ကြောင်နွယ်ဝင်တွေ အတော်အသက်ပြင်းတယ် ပြောရမယ်။
    သေဟာဆိုပြီး ကြောင်ကို အုန်းပင်ကို ပစ်ပေါက်လိုက်တာ အုန်းပင်ကို တွယ်ပြီး အေးအေးဆေးဆေးဘဲလို့ သူငယ်ချင်းတစ်ယောက် ပြောဖူးတယ်။

    ReplyDelete
  6. ဒီကြောင်အတော်ကံကောင်းတာပဲ

    ReplyDelete
  7. ဘယ်လောက်စိတ်ထားယုတ်တဲ့သူကများလုပ်ထည့်လိုက်ပါလိမ့်
    ဟင်းးဟင်းး ကြောင်တို့ခွေးတို့ကအချစ်ဆုံးစာရင်းထဲမှာပါတယ်
    အဲလိုမျိုးဆိုရင်အသေမုန်းဘဲ
    ကြောင်ကလေး မြန်မြန်ပြန်နေကောင်းပါစေ

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete