စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, January 10, 2012

Shanghai Science and Technology Museum သို့ တစ်ခေါက်


        
         ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ အလုပ်လေးပိတ်တာနဲ့ ရှု့မငြီးကို ခေါ်ပြီးတော့ ရှန်ဟိုင်းမြို့ထဲ လျှောက်ကြည့်ဖြစ်တယ်။  ZPMC ဟိုတယ်ကနေ ရှန်ဟိုင်းကို သွားဖို့က ချန်ရှင်းကျွန်းကနေ ရှန်ဟိုင်း ပူတုန်းဘက်ကို ရေအောက်ဥမင်ကနေ ကားစီးသွားရတာ။  ဒီဥမင်ကတော့ အတော်ရှည်တယ်၊  အချင်းအားဖြင့်ဆိုရင် ကမ္ဘာပေါ်မှာ အကြီးဆုံးဆိုလားပဲ။  မီတာ ၇၄၇၂ မီတာလောက်ရှည်တယ်လို့ ပြောပါတယ်။  ကားစီးရတယ်သာဆိုတယ် ကားဂိတ်က ဘယ်နားမှန်းကမသိ။  အဲ့ဒါနဲ့ အတူတူတွဲလုပ်တဲ့ တရုတ်ကိုမေးရတော့တယ်။  ZPMC ကနေ ကားဂိတ်ကို အငှားကားစီးရင် ၁၅ ယွမ်၊  အဲ့ဒီကနေပြီးတော့ နံပါတ် ၄ လိုင်းကားစီးရင် Shanghai Science and Technology Museum Metro Station ကိုရောက်တယ်ဆိုတာနဲ့ ရမ်းသမ်းမှန်းသမ်းနဲ့ သွားလိုက်တာ မှန်သွားတယ်။  လိုင်းကားခက ၉ ယွမ်ပေးရတယ်။  ဟိုရောက်တော့ တောင်ကြည့်မြောက်ကြည့်နဲ့ Museum ဆိုတဲ့ဟာကြီး သွားကြည့်ကြမယ်ဆိုပြီး သွားကြည့်ကြတာ။  ဟိုရောက်တော့ တစ်ယောက်ကို ယွမ် ၆၀ ၀င်ရေးပေးလိုက်ရတယ်။  ဟိုဟိုဒီဒီသွားကြည့်ဖို့ဆိုပြီးတော့ လက်ကမ်းစာစောင်လေး ကြည့်လိုက်တော့ အားလုံးက စီလုတ်လိုရေးထားတာနဲ့ ပွဲကသိမ်းသွားပါတယ်။







မြေအောက်အ၀င်နားက လမ်းညွှန်ဆိုင်းဘုတ်

          ပထမဆုံးဝင်ပေါက်က မြေအောက် ၁လွှာမှာပါ အဲ့ဒီမှာတော့ 3D ရုပ်ရှင်ရုံ ၂ရုံလောက်ရှိမယ်ထင်တယ်။  တစ်ခါဝင်ရင် ရုပ်ရှင်လက်မှတ်ထပ်ဝယ်ရတာနဲ့ ပိုက်ပိုက်ထပ်ထွက်မှာကြောင့် မကြည့်ပဲ ရုံပေါက်နားမှာပဲ ရစ်သီ ရစ်သီလုပ်ခဲ့တယ်။  ဓာတ်ပုံလေးတော့ ရိုက်ခဲ့တာပေါ့လေ။ 
       

        နောက်အပေါ်တက်လာတော့ Animal’s World ဆိုတဲ့ ပြခန်းတွေ့တော့ ၀င်ကြည့်ဖြစ်တယ်။  အဲ့ဒီမှာတော့ ကြည့်ရတာ အတော့်ကို စုံလှပါတယ်။  အကောင်မျိုးစုံ၊ အင်းဆက်မျိုးစုံ ကို ပြထားတာ။  အာဖရိကတိုက်က အကောင်တွေကိုပြထားတဲ့ အခန်းကတော့ တော်တော်လေး သဘောကျတယ်။ 

ဒါကတော့ ပြတိုက်ကို အပေါ်ထပ်ကနေ ရိုက်ထားတာ၊ အကောင်မျိုးစုံ
















နောက်တော့ World of Robots ဆိုတဲ့ ပြခန်းကို သွားကြည့်ဖြစ်တယ်။ နောက် Home on Earth ပြခန်း နဲ့ IT ပြခန်းတွေ လျှောက်ကြည့်ဖြစ်တယ်။ 



ဒါကတော့ လူနဲ့ စစ်တုရင်ထိုးတဲ့ စက်ရုပ်ပါ



 နောက်တော့ ဗိုက်ဆာလာတာနဲ့ နောက်ထပ် ၅ မှတ်တိုင်လောက် Metro (MRT) စီးရတဲ့ People’s Square ဘက်ကိုထွက်ပြီး ဟိုဟိုဒီဒီ ပတ်ရင်း ထမင်းသွားစားဖြစ်လိုက်ပါတယ်။




7 comments:

  1. ရုပ်ရှင်ထဲမှာမြင်ရတဲ့ Shanghaiကိုစိတ်ဝင်စားနေတာလေ
    Shanghai မြို့ရဲ့နာမည်ကြီးတဲ့နေရာ အားလုံးရိုက်ပေးပါလား
    ခုတောင်တော်တော်ဟုတ်နေတယ် လှတယ်နော် သမင်တွေလှလိုက်တာ
    ခေတ်ဟောင်းကားလေးကိုလဲကြိုက်တယ်
    မဟေသီဘေးရောက်နေတယ်ပေါ့ ကောင်းပါတယ်အဲတာမျိုးလေး

    ReplyDelete
  2. တရုတ်ကတော့ရုပ်ဝတ္ထုပိုင်းဆိုင်ရာ
    အရမ်းတိုးတက်လာတယ်
    စိတ်ဓါတ်လေးတွေပါ
    တိုးတက်လာရင်ပိုကောင်းမယ်..
    ကိုယ်ကျိုးဘဲကြည့်တဲ့စိတ်ဓါတ်တို့မရှိတော့ရင်
    ပိုကောင်းမယ်..

    ReplyDelete
  3. ဟင်... ဒါပဲလား....

    ReplyDelete
  4. Great China လို့  ခေါ်အပ်ပါပေတယ်။ တင်ပါဦးနောက်ထပ်။ ပိုက်ပိုက် ကုန်အောင် လျောက်သွားပေး ဟေးဟေး။ :D

    ReplyDelete
  5. ဟန်ကြည်January 11, 2012 at 4:05 AM

    စီလုပ်လိုရေးထားတာများ ဘာဆန်းလဲလေ...ဓာတ်ပုံရိုက် ဘလော့ပေါ်တင် ပေါက်ဖော်စကားတတ်တဲ့ စာဖတ်သူတွေကို အကူအညီတောင်းပြီး ဘာသာပြန်ထည့်လိုက် ... မပိုင်လား...

    အဲဒီက ပစ္စည်းတွေထဲမှာ ရွှေပြည်သားတွေဆီက ဖွတ်ကလိဒင်္ဂါးတွေလည်း ပါမှာသေချာတယ်...အင်း ပေါက်ဖော်တို့ကတော့ ပေါက်လို့ ဖော်လို့ ကောင်းနေတုန်းပါကလား...

    ReplyDelete
  6. ခြေရှည်တတ်သောကိုအားထောင်သည် မဟေသီဘေးတွင်ရှိသောအခါ ညိမ်ညိမ်လေးနေပြီးဘေဘီတောင်မကြည့်တတ်ချေး) ဟိဟိ
    ကိုအားထောင်ရေ အချွန်နဲ့မသွားဘီဗျိုးး

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  7. I have no idea what those boxes are in the other comments. Anyway, are the hydraulic control valves in those cars in as good of shape as they need to be.

    ReplyDelete