စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, November 16, 2012

ကြောင်လူသား


          ကြောင်လူသားကြီး ဒန်းနစ် အက်ဗ်နာကတော့ ပြီးခဲ့တဲ့ ၅ ရက် နိုဝင်ဘာလ သူ့အသက် ၅၄နှစ်မှာ လောကကြီးကို ကျောခိုင်းသွားပါပြီ။  သူဟာ ကမ္ဘာ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲ ခွဲစိတ်မှု့အခံယူဆုံး လူသားအဖြစ်တော့ စံချိန်တင်သွားပါတယ်။  အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်က တိုနိုပါမှာ နေတဲ့ ဒီကြောင်လူသားဟာ ပရိုဂရမ်မာ တစ်ယောက်ဖြစ်ပြီးတော့ သူ့ဘ၀မှာ ခုလိုမျိုး ခွဲစိတ်မှု့တွေအတွက် ငွေကြေးဘယ်လောက်သုံးခဲ့မှန်းတောင် မမှတ်မိခဲ့ပါဘူး။
          သူဟာ ရှေးခေတ် မြောက်အမေရိက ဟူရွန်းလူမျိုးတွေရဲ့ ယုံကြည့်ချက်အတိုင်း သူ့ရဲ့တစ်ကိုယ်လုံးကို ကျားတစ်ကောင်အဖြစ်အသွင်ပြောင်းမယ် ဆိုတဲ့ ခံယူချက်နဲ့ ခွဲစိတ်မှု့ပေါင်းများစွာကို ပြုလုပ်ခဲ့ပါတယ်။
  ဒီအထဲမှာ
  • -       မျက်နှာအပါအ၀င် တစ်ကိုယ်လုံး ဆေးမှင်ကြောင်တွေ ထိုးခဲ့ခြင်း
  • -       ဆံပင်လိုင်းပုံစံဖော်ခြင်း
  • -       အပေါ်နှုတ်ခမ်းကို အရောင်ဖော်ပြီးတော့၊ သူ့ရဲ့ ခေါင်းပေါ်မှာ ကျားရဲ့ မျက်တောင်မွှေးပုံစံ စိုက်လို့ရအောင် အရည်ပြားကို ခွဲစိတ်ပြုပြင်ခြင်း
  • -       မျက်ခုံး၊ နဖူး၊ နှာယောင်တွေကို ကျားနှင့်တူအောင် အရည်ပြားကိုခွဲစိတ်ပြီးတော့ အရည်ပြားဖောင်းကြွလာအောင် ထည့်သွင်းမြှုပ်နှံခြင်း
  • -       နှာခေါင်းကို ပြားသွားအောင် ပြုပြင်ခြင်း
  • -       ကျားစွယ်လိုမျိုးဖြစ်အောင် သူ့ရဲ့သွားတွေကို အစွယ်ဖြည့်တာတွေ၊ အချွန်ဖြစ်အောင် တိုက်စားပစ်ခြင်း
  • -       ကျားမျက်လုံးနှင့်တူအောင် အစိမ်းရောင် မျက်ကပ်မှန် တပ်ဆင်ခြင်း
  • -       နားရွက်ချွန်သွားအောင် ခွဲစိတ်ခြင်းနှင့် နားရွက်အောက်ပိုင်း အသားကို ရှည်လျှားလာအောင် ပြုပြင်ခြင်း
  • -       နှုတ်ခမ်း၊ ပါးပြင်နဲ့ မေးစေ့နဲ့ အခြားသော မျက်နှာအစိတ်အပိုင်းတွေကို ဆီလီကွန်သွင်းပြီးတော့ ပြုပြင်ခြင်း
  • -       အပေါ်နှုတ်ခမ်းကို ခက်ရင်းခွလိုမျိုး နှစ်ခြမ်းခွဲခြင်း စတဲ့ စတဲ့ ပြောင်းလဲမှု့ပေါင်းများစွာကို လုပ်ခဲ့ပါသတဲ့။


သူဘာကြောင့်သေဆုံးသွားသလဲဆိုတဲ့ အကြောင်းကိုတော့ တိတိကျကျမသိသေးပေမယ့် အများစုကတော့ ဒီ ကြောင်လူသားဟာ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ ဆိုပါတယ်။  သူ့ကို ခုလိုများ အလှပဂေးဖြစ်အောင် ပြုပြင်ဖန်တီးပေးသူကတော့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲ ခွဲစိတ်မှု့တွေကို ရှေးဦးတည်ထွင်တဲ့ စတိဗ် ဟောင်းဝသ် ဆိုသူဖြစ်ပါသတဲ့။  


Source : (Link 1, Link 2)

6 comments:

  1. ကြည့်ရင်းနဲ့ ကြောက်လာတယ် ဗဟုသုတဖြစ်အောင်တော့သေချာကြည့်ခဲ့
    သေးတယ်
    ခင်တဲ့ sis jasmine

    ReplyDelete
  2. ပုထုဇနော ဥမ္မာတကော ဆိုတာမှန်ကြောင်း သက်သေပြသွားတာပေါ့လေ

    ReplyDelete
  3. ကြောင်လူသားရဲ့ ခံယူချက်ကလည်း ထူးဆန်းပါပေတယ် မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4.်ဂြိုလ်သားဖြစ်ချင်သူ၊ ကျားဖြစ်ချင်သူနဲ့  ထူးဆန်းပါပေ့..

    ReplyDelete
  5. ထူဆန်းပါပေ့ ကအွတ်ထောင် ရယ်း)

    ReplyDelete
  6. ကြွက်တွေပါ ခုတ်စားပြရမှာ။

    ReplyDelete