ဒီဓာတ်ပုံတွေကတော့
William Saunders တဲ့ ဗြိသျှဓာတ်ပုံဆရာ က ၁၈၆၃ခုနှစ်ကနေ ၁၈၈၈ အတွင်းမှာ ရိုက်ကူးထားတဲ့
ဓာတ်ပုံတွေဖြစ်ပါတယ်။ သူဟာ ရှန်ဟိုင်းမြို့မှာ
“Sentai Museum” ဆိုတာကိုဖွင့်လှစ်ခဲ့ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာတော့ ပါတော်မူ အချိန်နဲ့ မတိမ်းမယိမ်းရှိလေတာမို့ အဲ့ဒီအချိန်တုန်းက
ရှန်ဟိုင်းကို အလည်တစ်ခေါက် လေ့လာကြည့်ကြပါစို့ဗျာ။
ဒါကတော့ ရှေးခေတ်က ရှန်ဟိုင်းမြို့မှာ ရိုက်ကူးထားတဲ့ သတို့သား၊ သတို့သမီး ပုံပါ
၁၈၇၀ ၀န်းကျင်တုန်း ရှန်ဟိုင်းရဲ့ မိုးရာသီ ၀တ်စုံပါ
ရာဇ၀တ်သားတွေကို ဟောဒီလို ချုပ်သဗျ၊ ထွက်ပြေးဖို့ရာ မလွယ်တော့ဘူးပေါ့လေ....
ဒါကတော့ မုဆိုးကြီး ဖြစ်ဟန်ရှိပါတယ်။ ပစ်ခတ်လို့ရလာတဲ့ သားကောင်တွေကို ရောင်းနေတာပါ။
၁၈၇၀ တစ်ဝိုက်တုန်းက ဗေဒင်ခန်းပါ
၁၈၇၀ တစ်ဝိုက် ကာလတုန်းက ထောင်သားတွေပါတဲ့
ဒါကတော့ တရားရုံးမှာ တရားသူကြီးကို အရိုအသေပေး ရှိခိုးနေတာပါတဲ့....
ဒါကတော့ ၁၈၇၀ တစ်ဝိုက်ကာလတုန်းက နယ်လှည့် ကုန်သည်တွေပါ
ဒါကတော့ ဟိုးရှေးခေတ်တုန်းက လန်ချား လို့ခေါ်မလား အဲ့ဒီလို ယာဉ်မျိုးပေါ့
၁၈၇၀ တစ်ဝိုက်ကာလတုန်းက တောင်သူလယ်သမားတွေပါ
ဒါက ဟိုးရှေးခေတ် တရုတ် အသုဘ ချတဲ့ အခမ်းအနားပါ
ဒါလည်း ၁၈၇၀ တစ်ဝိုက်ကာလတုန်းက တရုတ် အသုဘချတဲ့ အခမ်းအနားပုံပါပဲ
၁၈၆၀ ကာလတစ်ဝိုက်က တောင်း၊ ပလုံး၊ မြက်ဖိနပ် တွေ ရက်ရောင်းတဲ့ ဈေးသည်တွေပါ
၁၈၇၀ ကာလတုန်းက ဝေါယာဉ်၊ တရုတ်သိုင်းကားတွေထဲမှာတော့ ခဏ ခဏ ပါတတ်ပါတယ်
၁၈၇၅ တုန်းကရိုက်ထားတဲ့ ကမ္ဘာကျော် မဟာတံတိုင်းကြီးပါ
၁၈၇၅ တုန်းကရိုက်ထားတဲ့ ကမ္ဘာကျော် မဟာတံတိုင်းကြီးပါ
၁၈၇၀ ၀န်းကျင် လယ်ထွန်နေတဲ့ ပုံလေးပါ
ဒါကတော့ ၁၈၇၀ တစ်ဝိုက် ဘိန်းရှုနေကြတဲ့ ပုံပါ
၁၈၇၅ တုန်းကမြင်ရတဲ့ နင်ဘို မြို့တံတိုင်းပါ၊ ခုတော့ မရှိလောက်တော့ဘူး ထင်ပါရဲ့
ဒါကတော့ ၁၈၇၀ တစ်ဝိုက်မှာ ရာဇ၀တ်သားကို စီရင်ချက် ချနေတဲ့ပုံပါ၊ ကွပ်မျက်တယ်ထင်ပါရဲ့
ဒီပုံကတော့ ၁၈၇၀ တစ်ဝိုက်တုန်းက အသုံးပြုတဲ့ မင်္ဂလာ သတို့သမီး ကို တင်ဆောင်တဲ့ ဝေါယာဉ်ပါ
ဒါကတော့ မန်ချူးမိန်းမငယ်လေးရဲ့ ဓာတ်ပုံပါတဲ့ (၁၈၆၅ နဲ့ ၁၈၇၀ ၀န်းကျင်မှာ ရိုက်ကူးထားတာပါ)
ဒါကတော့ မန်ချူးမိန်းမငယ်လေးရဲ့ ဓာတ်ပုံပါတဲ့ (၁၈၆၅ နဲ့ ၁၈၇၀ ၀န်းကျင်မှာ ရိုက်ကူးထားတာပါ)
မျက်မမြင် တူရိယာ ပညာရှင်များပါ
သစ်သီး လှည့်လည်ရောင်းချတဲ့ ဈေးသည်
၁၈၇၀ တစ်ဝိုက်က ဂီတပညာရှင်များ
၁၈၇၅ တစ်ဝိုက်က သား၊ အမိ ပုံ
ရှေးခေတ် တစ်ရုတ်လူကြီး
အဘိုးအိုနှင့် မြေးများ
၁၈၆၀ တစ်ဝိုက်က သဘင်သည်များ
၁၈၆၀ ၀န်းကျင်က ရှန်ဟိုင်း ညစာစားပွဲ တစ်ခု
ရှန်ဟိုင်း ဈေးမြင်ကွင်း
တောဝက် ဖမ်းလာတဲ့ ကာလသားတို့ (၁၈၇၀ ၀န်းကျင်)
ဒါက ဟိုးရှေးခောတ်က ရှန်ဟိုင်းမြို့ရဲ့ မြို့ရိုးနဲ့ ကျုံးပါ။
အစိုးရလူကြီးမင်းများစီးလေ့ရှိတဲ့ လန်ချားနဲ့ ဝေါ....
တရားခံများ
၁၈၇၀ ကာလတုန်းက အစားအသောက်ရောင်းတဲ့ ဈေးသည်များ
ဒါကတော့ Foot Reflexologyလို့ခေါ်မလား၊ ဒီ အသုံးအနှုန်းထက် ပိုမယ်ထင်တယ်၊ ခြေထောက်ကိုနှိပ်ပြီးတော့ ကုပေးတဲ့ ဆရာ
ရက်ကန်းစင်
၁၈၇၅ ၀န်းကျင်၊ ချင်းမင်းဆက် (Qing Dynasty) က စစ်သားတွေ
၁၈၆၀ ၀န်းကျင် ရှန်ဟိုင်းက ဆံသဆိုင်
Source : (Link)









































ကျွန်မ ဘလော့ဂ်လေးကို အလည်ရောက်ရှိလာလို့ ကျေးဇူးပါ။ ကိုအောင်ထွဋ်ဆီလည်း ခြေရာခံပြီး လိုက်လာတယ်း)။ ဓာတ်ပုံလေးတွေကို ကြည့်ပြီး ဗဟုသုတတွေ ရသွားတယ်။ ဒီနေရာမှာ Foot ဖြစ်ရမှာနော် ဟိ။ "ဒါကတော့ Food Reflexology လို့ ခေါ်မလား" Food ဆိုတော့ အဲ့လူနှစ်ယောက်က ဘာစားစရာကိုများ လုပ်နေကြတာလဲလို့ စိတ်ဝင်တစား ပြူးကြည့်တာ ခြေထောက်နှိပ်နေတာပဲ တွေ့တယ် :o)
ReplyDeleteကျေးဇူးပါ ခင်ဗျာ။ ဟုတ်ပ ကျွန်တော်လည်း Food နဲ့ Foot ရိုက်ရင်းလွဲသွားတယ်.. :) ပြင်လိုက်ပါပြီခင်ဗျ။
Deleteမှတ်သားသွားပါတယ် နောင်တော် ....
ReplyDeleteကျနော် comment လည်း အဆင်ပြေသွားပါပြီ ...
ကျေးဇူး အထူးတင်ရပါတယ် ... ဗျာ ...
လာလည်တဲ့အတွက် ကျေးဇူးပါ ကိုမောင်ဘုန်း ခင်ဗျာ :)
Deleteစိတ်ကူးကောင်းတယ်။ :) မြန်မာပြည်ပုံလေးတွေရှိရင်လည်း တင်ပါဦး။ တစ်စုတစ်စည်းတည်းကြည့်ရတာပေါ့။
ReplyDeleteမြန်မာပြည်ပုံလေးတွေကတော့ လောလောဆယ် ကျွန်တော့်ဆီမှာ မရှိသေးပါဘူး ခင်ဗျာ။
ReplyDeleteအဲပုံတွေထဲမှာ ကိုအားထောင်နဲ့မဒမ်တောင်ပါချင်ပါနေမှာ
ReplyDeleteရေစက်ရှိတဲ့မြေကိုလူဆိုတာပြန်ရောက်တတ်တယ်ဆိုဘဲး)
ဘာဘဲပြောပြောထူးထုးဆန်းဆန်းလေးတွေတော့တွေ့ဖူးသွားတယ်
အိုင်ဆေး ကိုအားထောင် ဂွတ်း)
ခင်မင်လျှက်
မဒိုးကန်
ဟုတ်လောက်မီ.. ၀လည်း ရေစက်ချိလို့ စီလုပ်ပီကြီဆီကို ပြန်ရောက်လယ်ထင်ပါ့
Delete၁၈၇၀ခုနှစ် ရှန်ဟိုင်းပုံရိပ်ဟောင်းတွေ ကြည့်သွားတယ် မောင်အောင်ထွဋ်ရေ။
ReplyDeleteရှာရှာဖွေဖွေတင်ပေးထားတဲ့အတွက်ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျေးဇူးပါ အန်တီတင့် ခင်ဗျ :)
DeleteှQing ကို 'ကျင်' လို့အသံမထွက်ပါ။ ထီလာစစ်သူနဲ့ တက္ကသိုလ်မြတ်သူတို့ ရေးသလို 'ကွင်' လည်းမဟုတ်ပါ။
ReplyDelete'ချင်း' chin ဆိုတဲ့အသံနဲ့ နီင်္းစပ်ပါတယ်။
mnaing
ကျေးဇူးတင်ပါတယ်ခင်ဗျာ... ကျွန်တော် စောစောက Google Translate မှာ ရိုက်ကြည့်လိုက်တော့ Qing ကို ချင်း ဆိုတဲ့ အသံနဲ့ နီးနီးစပ်စပ် အသံ ထွက်လာပါတယ်။ ခုလို ထောက်ပြပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ ကျွန်တော့် ပိုစ့်မှာ ပြင်လိုက်ပါပြီ :)
ReplyDelete