စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, June 11, 2013

ပန်းသီးရဲ့ iOS 7

          ကမ္ဘာကျော် ပန်းသီးကတော့ မနေ့က iOS 7 ကို ချပြသွားပါတယ်။  ဒီ operation system ကိုတော့ အိုင်ဖုန်း၊ အိုင်ပတ်၊ အိုင်ပေါ့ စတဲ့ အိုင် အိုင် အိုင် တွေမှာ သုံးလို့ရလာမှာပါ။  ဘယ်တော့ ကျွန်တော်တို့ရဲ့ အိုင်ဖုန်းတို့၊ အိုင်ပတ်တို့ထဲကို Update လုပ်လို့ရမလဲဆိုတာကတော့ မသိသေးပါဘူး။  ထင်တာကတော့ နောက်ထပ်ထွက်လာမယ့် next generation iPhone၊ iPod၊ iPad တွေနဲ့ အတူတူ ရောပြီးထွက်လာဖို့ရှိပါတယ်။  ဒါပေမယ့် iPhone အတွက်ကတော့ လောလောဆယ် iOS developer register လုပ်ထားသူတွေကတော့ ခုထွက်လာတဲ့ iOS 7 ကို အစမ်းသွင်းပြီး ကလိကြည့်လို့ ရနေပါပြီ။  iPad အတွက်ကတော့ developer တွေ နောက်ထပ် ရက်အနည်းတော့ သည်းခံပြီး စောင့်ရဦးမှာဖြစ်ပါတယ်။  iOS 7 မှာ ဘာတွေ အသစ်ထပ်ပြီး ထူးလာလဲဆိုတာလေး နည်းနည်း ပြောပါရစေ။

ဒီဇိုင်း
          iOS 7 ရဲ့ ဒီဇိုင်းပိုင်းမှာ အမြင်ပိုပြီး ဆန်းသစ်ထားပါတယ်။  အဓိကအားဖြင့်ကတော့ အရင် iOS 6 မှာပါတဲ့ icon လေးတွေဟာ ပိုပြီး ရုပ်လုံးကြွလာပြီး ဖန်သားပြင်ပေါ်မှာ ဖောင်းကြွပေါ်နေသယောင် မြင်ရမှာဖြစ်ပါသတဲ့။  ဒီအတွက် နောက်ခံ Wall Paper နဲ့ icon လေးတွေကြားမှာ လေဟာနယ်လေး ဖြစ်ပေါ်နေသယောင် မြင်နေရမှာဖြစ်ပါတယ်။  ဖုန်းခေါ်တဲ့ နေရာမှာတော့ လေးထောင့်တုံးလေးတွေအစား အ၀ိုင်းလေးတွေ မြင်ရမှာ ဖြစ်ပါသတဲ့။  နောက်တစ်ခုကတော့ Screen တစ်ခုနဲ့ တစ်ခု ပြောင်းတဲ့နေရာလေးတွေမှာ ပိုပြီးတော့ ပြေပြစ်လာမှာဖြစ်ပါတယ်။  နောက်ပြီးတော့ ပွတ်လို့ ပိုကောင်းလာမှာ ဖြစ်ပါသတဲ့…. ဆိုလိုတာက လက်ညှိုးကလေးနဲ့ ဟိုတို့ ဒီတို့ တို့လို့၊ ပွတ်လို့ ပိုကောင်းလာမယ်လို့ ဆိုပါတယ်။  ခြုံကြည့်လိုက်ရင်တော့ အညာစောင်က ပိုနွေး အဲလေ… iOS 7 ဟာ အရင် iOS တွေထက်ပိုပြီးတော့ Graphic ပိုင်း အားသာချက်တွေ ရှိအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။



Control Center and Notification
          အင်း ဒီမှာ နည်းနည်းလေးတော့ ပိုဖြည့်ပေးထားပါတယ်တဲ့။  အထူးသဖြင့် လေယာဉ်ပေါ်ရောက်လို့ Airplane Mode လုပ်ချင်တယ်၊ စားသောက်ဆိုင်ထိုင်လို့ အလကားရတဲ့ Wi-fi ကိုဖွင့်ချင် ပိတ်ချင်တယ်၊ အသံတွေကို control လုပ်ဖို့ အရင်လိုမျိုး General ထဲကိုဝင် တစ်ခုချင်းဆီကို လျှောက်သွားစရာမလိုတော့ပဲ Screen ရဲ့ အောက်ခြေကနေ အထက်ကို ပွတ်တင် လိုက်တာနဲ့ ဟပ်ချလောင်းဆိုပြီးတော့ quick-access tool လေးပေါ်လာမှာ ဖြစ်ပါတယ်။  အဲ့ဒီမှာ အသုံးများတဲ့ အရေးပါတဲ့ setting လေးတွေကို ဖွင့်/ပိတ် လုပ်လို့ ရပါပြီ။ 
          အဲ့… Screen ရဲ့ အပေါ်ကနေ အောက်ကို ပွတ်ချလိုက်ရင်တော့ Notification Center က အရင် iOS တွေလိုပဲ ကျလာမှာ ဖြစ်ပါတယ်။  ဒီတော့ iOS 7 အသစ်သွင်းပြီးရင်တော့ အထက်ရော၊ အောက်ရော ပွတ်လို့ရပါပြီ။  အဲ့ဒီ Notification Center မှာတော့ miss call တွေ၊ miss message တွေနဲ့ နောက်ထပ် အသစ် Feature ဖြစ်တဲ့ “Today” ဆိုတဲ့ ဟာလေးပါလာမှာပါ။
          နောက်ပြီးတော့ အရင်လိုမျိုး လက်နှိပ်ဓာတ်မီး App တွေကို ဒေါင်းနေစရာမလိုတော့ပါဘူး။  နောက်ဆုံးမှာတော့ ပန်းသီးက သူ့ဖုန်းထဲမှာ Built-in လက်နှိပ်ဓာတ်မီး App ကို iOS 7 မှာ ထည့်ပေးလိုက်မယ်လို့ ဆိုပါတယ်။  အရေးကြုံရင် Screen အောက်ကနေ

အပျိုဖျန်းကလေး Siri
          အင်း ပန်းသီးရဲ့ Siri ကတော့ ပိုပြီးတော့ ရင့်ကျက်လာပြီလို့ဆိုပါတယ်။  အခုတော့ Siri တစ်ယောက်ထဲ မဟုတ်တော့ပါဘူး။  မိန်းမသံရော၊ ယောကျာ်းသံပါ ရွေးလို့ ရပြီလို့ ဆိုပါသတဲ့။  အရင် OS တွေတုန်းကတော့ UK language ရွေးထားရင် ယောကျာ်းသံ၊ US langhauge ရွေးထားရင် မိန်းမသံ။ နောက်ပြီးတော့ မေးလိုက်ရင် ဟမ်… ဟမ်…။  တစ်ခါတစ်လေ သောက်တလွဲ တွေ အဖြေပေးတာမျိုး သိပ်မဖြစ်တော့ဘူးလို့ ဆိုပါတယ်။  နောက်ပြီး ဖုန်းထဲက Function တော်တော်များများကို အသံနဲ့ ခိုင်းလို့ ရနေပြီလို့ဆိုပါတယ်။  ဥပမာ- Siri ရေ ဖုန်းရဲ့ brightness ကို တိုးပေးပါဦးတို့၊ Bluetooth ဖွင့်ပေးပါဦးတို့ စသည် စသည်တို့ကို လုပ်ခိုင်းလို့ရပါပြီတဲ့။  ဒါ့အပြင် Wikipedia တို့ Twitter တို့မှာလဲ သူကို ရှာခိုင်းချင်ရင် ရှာခိုင်းလို့ ရပါပြီ။  ဒါပေမယ့် ကိုယ်တွေလို ငပိသံနဲ့ ကိုယ်ပြောလဲ သူကနားမလည်၊  သူကပြန်ပြောလဲ ကိုယ်ကနားမလည်နဲ့ သိပ်တော့လဲ ထူးလှတယ်မဟုတ်ပါဘူးလေ။


Safari
          ပန်းသီးရဲ့ iOS 7 မှာတော့ Safari Browser ကို အထူးကို မွန်းမံထားတယ်လို့ ဆိုပါတယ်။  အရင်လိုမျိုး ဖွင့်ထားသမျှ Page တွေကို ညာဖက်ထောင့်နား သွားသွား နှိပ် ပြီးတော့ တစ်ခုချင်းစီ လိုက်ရွေးနေစရာမလိုတော့ပါဘူးတဲ့။  ညာဖက်ထောင့်လေးကို နှိပ်လိုက်တာနဲ့ တစ်သီ တစ်တန်းကြီး အတန်းလိုက် ကျလာပြီးတော့ ကြိုက်တာကို ရွေးပြီး ကြည့်လို့ရပါသတဲ့။  အရင်လိုမျိုး webpage ၈ ခုအထိပဲ ဖွင့်လို့ရတာ မဟုတ်တော့ပဲ webpage တွေအများကြီး ဖွင့်လို့ရမှာ ဖြစ်ပါတယ်။  ဘယ်၊ ညာ ကို ပွတ်လိုက်ရင်တော့ အရင်ဖွင့်ထားတဲ့ page ဆီကိုပြန်သွားမှာ ဖြစ်ပါတယ်။  ယောင်ပြီးတော့ ပွတ်လိုက်မိရင်တော့ ကွန်နက်ရှင်နှေးတဲ့ နေရာတွေမှာဆို page ပြန်ဖွင့်ဖို့ တော်တော်ပြန်စောင့်ရမယ့် သဘောရှိပါတယ်။  မည်သို့ပင်ဖြစ်စေ Safari ကြီးသည် Android browser နှင့် ဆင်သွားလေသတည်း။

Camera and Photo apps
          iOS 7 မှာတော့ အရင် iOS တွေလိုမျိုးပဲ ဗီဒီယိုပဲရိုက်ရိုက်၊ ဓာတ်ပုံပဲရိုက်ရိုက်၊ Panorama ပဲ ရိုက်ရိုက် ရိုက်လို့ ရတဲ့ အပြင် Instagram လိုမျိုး ၀ါကျင့်ကျင့်၊ ဖြူလျှောလျှော ပုံလေးတွေ ထွက်လာအောင် လုပ်ပေးမယ့် Filter တွေပါလာမှာဖြစ်ပါတယ်။  အဲ့ဒီတော့ အိမ်သာထဲမှာဖြစ်ဖြစ်၊ မှန်တင်ခုံရှေ့မှာဖြစ်ဖြစ် ပါးတစ်ခြမ်းဖောင်း၊ မျက်စေ့တစ်လုံးမှိတ်၊ နောက်မျက်လုံးတစ်လုံးကို ပြူး၊ နှုပ်ခမ်းစူ၊ ဘယ်ဖက်လက်ကို လက်နှစ်ချောင်းထောင် ပြီး မျက်နှာနားမှာထား၊  ညာဖက်လက်ကို အသားကုန် မြှောက်ပြီး ဖုန်းကို အပေါ်ကချိန်က Instagram သုံးစရာမလိုတော့ပဲ Facebook ပေါ်ကို ခုရိုက်၊ ခုတင်လို့ ရတော့မှာ ဖြစ်ပါတယ်။  အင်းဒါကလဲ တခြား App တွေ ပေါ်ပြီးထားသားပဲ။  သိပ်တော့ မထူးလှပါဘူး။  နောက်ပြီးတော့ အရင် OS တွေလိုပဲ ဓာတ်ပုံရိုက်ထားတဲ့ နေရာတွေကို မြေပုံနဲ့ အတူပြပေးမှာဖြစ်ပါတယ်။
          ဓာတ်ပုံတွေကို zoom out လုပ်လိုက်ရင် ရိုက်ထားတဲ့ နှစ်အလိုက်ကြည့်ရမှာဖြစ်ပြီးတော့ ဓာတ်ပုံလေးတွေကို ဖလွတ် ဖလွတ်နဲ့ ဆွဲချလိုက်ရင် မြင်ရမယ့် design လေးက အရင် iOS တွေထက် ဆန်းမယ်လို့ ပြောထားပါတယ်။


Air-drop
          Air-drop ဆိုတာကတော့ အိုင်ဖုန်း အချင်းချင်း Bluetooth ဒါမှမဟုတ် Wi-Fi ကနေတစ်ဆင့် ဓာတ်ပုံတွေကို peer-to-peer လုပ်ပြီး ရှယ်လို့ရပါပြီ။  ရှယ်ချင်တဲ့ ဓာတ်ပုံလေးကိုရွေး ပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ iPhone user တွေကို လက်တို့ပြီး ရှယ်လို့ရပါပြီ။  အဆိုတော် ဟန်ထူးလွင်ရဲ့ Bluetooth သီချင်းလိုပေါ့…  “မင်းရဲ့ အရှုပ်ထုပ် ငါ့ဖုန်းထဲမှာ…… ကြည့်ဦးမလား မင်းရဲ့ ဘလူးတု လေးကိုဖွင့်လိုက်ပါ…. ဘယ်လိုလုပ်မလဲ.. ဘယ်လိုလုပ်မလဲ”

iTune Radio
          iTune ရေဒီယိုကတော့ Apple ID အကောင်ရှိသူတိုင်း အတွက်သုံးလို့ရမှာဖြစ်ပါတယ်။  အဲ့ဒီမှာတော့ သင်ကြိုက်တဲ့ အဆိုတော်တွေ၊ ရေဒီယိုလိုင်းတွေကို စိတ်ကြိုက်ရွေးလို့ရမယ်လို့ ဆိုထားပါတယ်။  ဒါပေမယ့် ဖြူဖြူကျော်သိန်းတို့၊ ၀ိုင်းစုခိုင်သိန်းတို့ စတဲ့…. စတဲ့ ရွှေပြည်ကြီးက အဆိုတော်တွေ နာမည်တော့ ပါမှာ မဟုတ်သေးပါဘူး။  မည်သို့ပင်ဆိုစေ iTune Radio သည် တိုးတက်လာပြီဟု ဆို၏။
         
 Face time Audio
          နောက်ဆုံးမှာတော့ Face Time ကြီးနဲ့ Audio ခေါ်လို့ရပါပြီ။  အရင်လိုမျိုး ကင်မရာကြီးဖွင့်ပြီး တစ်ချိန်လုံး ထိုင်ပြောနေစရာမလိုတော့ပါဘူးတဲ့။  အဲ့ဒီတော့ အသံ သက်သက်ပဲ Face Time နဲ့ ဆက်သွယ်လို့ရပါပြီ။  “ချစ်ရေ…. မောင် အစည်းအဝေးထဲရောက်နေလို့ ဗီဒီယိုcall နဲ့ ချက်လို့ မရဘူးကွာ… နော်… နော်…”  အဲ့ဒီလိုမျိုး လုပ်လို့ ရပြီပေါ့လေ။

Automatic Update
          အရင် iOS တွေလိုမျိုး တစ်ချိန်လုံး သွင်းထားတဲ့ App တွေကို Update လုပ်မှာလားဟင်…. လုပ်မှာလားဟင် ဆိုပြီး တစ်ချိန်လုံးမေးနေမှာ မဟုတ်ပါဘူးတဲ့။  Update လုပ်စရာရှိတာကို အော်တိုငုတ်တုပ် လုပ်ပစ်လိုက်မှာပါတဲ့။  အင်း Data Plan limited ယူထားသူများ သတိထားရမယ့် ကိန်း။  ပိတ်လို့ရမယ့် Feature တော့ ပါလောက်မှာပါ။

Multitasking
          အရင်ကလိုမျိုး အောက်ခြေနားက တစ်ခုထည်းသော နှိပ်လို့ရတဲ့ “ဘု” ကို နှစ်ချက်နှိပ်လိုက်ရင် အရင် iOS တွေလိုမျိုး သုံးထားသမျှ App လေးတွေကို အောက်ခြေနားမှာ မြင်နေရမယ့်အစား ခပ်ကြီးကြီး ပေါ်လာမှာ ဖြစ်ပါသတဲ့။  အဲ့ဒီတော့ Android ဖုန်းတွေလိုပဲ မလိုတဲ့ ဟာတွေကို ခပ်မြန်မြန်လေး ဖယ်လို့ရမယ်လို့ ဆိုထားပါတယ်။

Weather
          ရာသီဥတုလား… မိုးရွာရင် ရွာမယ် မရွာရင် မရွာဘူးပေါ့။  အင်း HTC Sense ထဲက ဒီဇိုင်းလိုမျိုးပဲ Weather ကိုကြည့်လိုက်လို့ အပြင်မှာ မိုးရွာနေရင် Phone ထဲမှာလဲ မိုးလိုက်ရွာပေးဦးမှာ….  အပြင်မှာ နေပူရင်လဲ ဖုန်းထဲမှာ နေလိုက်ပူပေးမယ်လို့ ဆိုထားပါတယ်။


စာရင်းချုပ်လိုက်သော်… ယူနီကုဒ် နှင့် ဇော်ဂျီ မပါသေးပါ။  Macbook မှာတော့ OS X မှာ ယူနီကုဒ်ပါနေပြီ။  ဘယ်တော့မှ iOS မှာ မြန်မာဖောင့် သွင်းမယ်မသိ။  အသွင်အပြင် ဆန်းသစ်ထားသော iOS 7 ကိုတော့ မကြာမီ လာမည် အိုင်ချစ်သူတို့ မျှော်…………..



Reference Source : (Link)

2 comments:

  1. သူကြီးမင်းJune 11, 2013 at 7:56 PM

    အင်း.... အတော်ပွတ်လို့ ကောင်းမဲ့ ဆစ်စတန်လေးဘဲ။ ပွတ်ကြည့်ချင်စိတ်တောင် ပေါက်လာပြီ။
    ကအွတ်ထောင် ရေးတာတာ ဗဟုသုတလဲရ ပြုံးလဲ ပြုံးရ။ ဘာသာပြန်တော်ချက်ကတော့။

    ReplyDelete
  2. Thank you ပါဗျာ ဘယ် ကြည့်ကြည့်Androi Phoneအကြောင်းပဲမြင်နေရတယ်Androip Phone အကြောင်းကို ကဘာမှာ မြန်မာ လူမျိုးလောက် nobody knows.

    ReplyDelete