စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, July 1, 2012

ဖြတ်၊ ဖောက်၊ ချုပ်


          လောကကြီးကတော့ အတော့်ကို ဆန်းကြယ်လှပါတယ်။ ခေတ်သစ် ဆေးပညာတိုးတက်လာမှု့နဲ့အတူ လိင် ပြောင်းလဲမှု့ဆိုင်ရာ ဆေးပညာရပ်တွေလည်း တိုးတက်လာခဲ့တယ်။  ဟိုရက်ကတောင် နေပြည်တော်မှာ ဒွိလိင် ခလေးငယ်တစ်ယောက် မွေးဖွာတယ်လို့ ဖတ်လိုက်ရသေးတယ်။  ဒီနေ့ အင်တာနက်မှာ ဖတ်လိုက်ရတဲ့ သတင်းလေးကတော့် အတော်လေးထူးဆန်းတယ်။  ဒါကတော့ ရခဲလှတဲ့လူ့ဘ၀မှာ ဒွလိင်အဖြစ်နဲ့ မွေးဖွားလာတဲ့ တရုတ်နိုင်ငံက ၀ီလိုဆိုတဲ့ လူတစ်ယောက်အကြောင်းပါ။  သူဟာ မွေးဖွားလာတော့ မိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတယ်။  လူအသိုင်းအ၀ိုင်းမှာ ယောကျာ်းလေး၊ မိန်းခလေးဆိုတဲ့ သတ်မှတ်ချက်တွေကြားထဲမှာ သူဟာ ပျောက်ဆုံးခဲ့ရတယ်။  သူ့ကိုယ်သူ ကျားလား၊ မလား ခွဲလို့မရတဲ့ ဘ၀မှာ သူဟာ ရုန်းကန်ခဲ့ရတယ်။
          ဒီလိုနဲ့ သူဟာ နောက်ဆုံးမှာ ယောက်ျားလေးဘ၀ကို ခံယူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။  ဒါဟာ ခွဲစိတ်ဖို့ပါ။  သူ့တစ်သက်တာမှာ ကျား၊ မ မခွဲခြားနိုင်တဲ့ လူအဖြစ် နာကျင်ခံစားတွေရတဲ့ နေ့ရက်တွေကို ခွဲစိတ်ခန်းထဲမှာ နာရီပေါင်းအနည်းငယ်အတွင်း နာကျင်ခံစားရမယ့် ဝေဒနာနဲ့ လဲလှယ်ခဲ့တာပါ။  သူ ၁၀နှစ်အသက်အရွယ်မှာ ယောက်ျားလေးအဖြစ် ရွေးချယ်ပြီးတော့ ခွဲစိတ်ခံခဲ့ပါတယ်။  ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။  သူဟာ ယောက်ျားလေးတစ်ယောက်အဖြစ် မရပ်တည်နိုင်ခဲ့ပါဘူး။  ၆ နှစ်ကြာ လက်တွဲခဲ့တဲ့ သူ့ချစ်သူနဲ့လဲ ဘယ်လိုမှ ယောက်ျားလေးတစ်ယောက်လို ပြုမူနေထိုင်လို့ မရပါဘူး။ နောက်ဆုံးမှာတော့ သူဟာ မိန်းကလေး တစ်ယောက်လိုပဲ နေထိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ခွဲစိတ်ခံဖို့ စောင့်စိုင်းနေတဲ့ "သူ..."


          ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ဖြတ်သန်းခဲ့အပြီးမှာတော့ သူဟာ ယောက်ျားလေး ဘ၀ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။  ခုတော့သူဟာ သူမအဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီ။  မနက်စောစောထပြီး မှန်ရှေ့မှာ မျက်ခုံးမွှေးဆွဲတတ်လို့၊ မိတ်ကပ်ပြင်ဆင်ပြီး မိန်းကလေးတစ်ယောက်အသွင် နေတတ်နေပါပြီ။
          ပြီးခဲ့တဲ့ ၁၀နှစ်တုန်းက ယောက်ျားလေးတစ်ယောက်အဖြစ်နဲ့ သူ့မွေးစားမိဘတွေ အိမ်ကနေ အလုပ်လုပ်ဖို့ ခွဲခွာလာခဲ့တဲ့ ၀ီလိုဟာ နောက်ထပ် ၁၀နှစ်အကြာမှာ မိန်းကလေးတစ်ယောက်အဖြစ်နဲ့ သူ့မွေးစားမိဘတွေ အိမ်ကို ပြန်သွားခဲ့ပါတယ်။  ၀ီလိုကို သူ့မွေးစားမိဘတွေက မျက်ရည်လည်ရွဲနဲ့ ဆီးကြိုပွေ့ဖက်ခဲ့ကြပါတယ်။
ခွဲစိတ် ဆရာဝန်နှင့် တိုင်ပင်နေစဉ်...

          “ကျွန်မ အတွက် အသင့်တော်ဆုံးဟာ မိန်းကလေးဘ၀ကို ခံယူဖို့လို့ ကျွန်တော် နားလည်လိုက်ပါပြီ” လို့ ၀ီလိုက ပြောသွားပါတယ်။  ဒါပေမယ့် ၀ီလိုဟာတော့ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာဗေဒဆိုင်ရာ ခံစားမှု့ အပြည့်အ၀ရမှာ မဟုတ်ပါဘူး။  ဒါပေမယ့် ၀ီလိုကတော့ ဒါကို လက်ခံပြီးတော့ “ပြောင်းလဲမှု့တိုင်းအတွက် ပေးဆပ်မှု့ တစ်ခုတော့် ရှိမယ်လို့ ကျွန်မလက်ခံပါတယ်။  ကျွန်မဘ၀ကို ကျွန်မ လက်ခံနိုင်ခံနိုင်အောင် ကြိုးစားမှပါ။  ဒါကိုလည်း ကျွန်မရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက လက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။  အထူးသဖြင့် ဒီနေ့ကစပြီးတော့ ကျွန်မကို မိန်းကလေးတစ်ယောက်လို သဘောထားပေးကြဖို့ပေါ့” လို့ ပြောသွားပါတယ်။ 
          ထိုင်းနိုင်ငံမှာတော့ ဘုရားဆုပန် မင်းယောက်ျားအမှန်စင်စစ်ကနေပြီးတော့ မိန်းမအသွင်ပြောင်းတဲ့ ဖြတ်၊ ဖောက်၊ ချုပ် ကိစ္စတွေဟာ အတော်လေး ခောတ်စားတာ။  ကျွန်တော့်အနေနဲ့ ဒါတွေကို အားမပေး လှပါဘူး။  လူတိုင်းဟာ ကိုယ့်ဘ၀ကိုယ် ရောင့်ရဲ တင်းတိမ်နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။  သဘာဝလောကကြီးကို ဘယ်သူမှ အန်တုလို့ ရတာမှမဟုတ်တာ။  ၀ီလိုလို လူမျိုးကတော့ တစ်မျိုးပေါ့လေ၊ သူ့ဘ၀မှာ မိန်းမ မဟုတ်၊ ယောက်ျားမဟုတ် ဘ၀နဲ့ မွေးဖွားလာခဲ့ပြီးတော့ သူဟာ ယောက်ျားဘ၀ရော၊ မိန်းမဘ၀ကိုပါ ပြောင်းလဲဖို့ ကြိုးစားခဲ့သူတစ်ယောက်လို့ပဲ မြင်မိပါတယ်။

ဆေးစစ်မှု့

ခွဲစိတ်ခန်းထဲက "သူ"...


ရင်သား ခွဲစိတ်မှု့ ပြင်ဆင်နေစဉ်...


လိင်ပြောင်းလဲမှု့..


မျက်နှာ ပလတ်စတစ် ဆာဂျရီ ခံယူနေစဉ်...

ဘ၀တစ်ခုမှာ ယောက်ျားလေးအဖြစ်နဲ့ရော၊ မိန်းကလေးအဖြစ်နဲ့ပါ နေထိုင်ခဲ့သူရဲ့ ခွဲစိတ်ပြီး...

ခွဲစိတ်မှု့ အားလုံးပြီးဆုံးသွားတော့ အနားယူနေတဲ့ ၀ီလို

ခုတော့ မိန်းကလေးအဖြစ်နဲ့ ဘ၀အသစ်ကို စတင်တော့ မတဲ့....

Source : (Link 1, Link 2)



14 comments:

  1. ဗရားးး ဘယ်လိုတွေဖြစ်ကုန်ပါလိမ့်နော်
    အဲဒါမျိုးတွေနဲ့ မတိုးပါစေနဲ့ဗျာ
    သကြီးတိုတိုမှောင်တို့ဆီသွားပစေး)


    ဘဝကျိုးပေးကံကိုပဲလက်ညိုးထိုးရမှာပါပဲ


    မောင်ဘကြိုင်

    ReplyDelete
  2. လူပျိုကြီးများသတိထားပါ
    ဂျက်တို့နားမှာအဲလို ဖြတ်ပေါက်တွေအများကြီးပဲ
    ချောမှချောကွယ် မယုံရင်လာကြည့်လှဲ့

    ReplyDelete
  3. ခုလိုပြောင်းလိုက်တော့လဲ ချစ်စရာလေး ဟိဟိ

    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)July 2, 2012 at 7:52 AM

    မောင်ဘကြိုင်တစ်ယောက် သွားရည်ယိုသွားတယ် ထင်ပါ့။ ဓါတ်ပုံ ကြည့်ပြီးတော့လေ။း)
    အင်း... အတွေးမမှားဘူးဆိုရင် ထင်းခွဲ ရေခပ်လောက်တော့ ရလောက်ပါသေးတယ်။

    ReplyDelete
  5. တော်တော်လှဒယ် တော်တော်လှဒယ် ကိုရင်တော့သရေများကျနေမလားဘဲး))

    ReplyDelete
  6. :P... အပေါ်မှာ ပစ်မှားနြေ့တယ်.. ခိခိ....


    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  7. တော်ပါသေးရဲ.၊အိမ်ကမဒမ်ဝတုတ်သနပ်ခါးဘဲကြားကယ်ပေလို.။

    ReplyDelete
  8. i feel very happy to visit here unexpectedly' i will visit again if i am free.bye!

    ReplyDelete
  9. i feel very happy to visit here unexpectedly' i will visit again if i am free.bye!

    ReplyDelete
  10. ရတာမလို လိုတာမရ လို့လည်း သူ့ကျ ပြောလို့မရပြန်ဘူး .. ယောက်ျားစင်စစ်တွေက ဒီလို ဘဝပြောင်းချင်တာကိုလက်မခံချင်ပေမယ့် သူ့ကတော့ မွေးလာကတည်းကအကြောင်းက မလှခဲ့တာကိုးနော်..

    ReplyDelete
  11. အမလေးနော်....ကြက်သီးတောင်ထတယ်..ဓားကြီးနဲ့ ။ ဇွပ်.............အာာာာာာာာာာာာာာာာာာာာာာာာာာာာာားးးးးးးးးးးးးး

    ReplyDelete