စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Sunday, April 3, 2016
Dubai Mall
            ဒူဘိုင်းကို ဆိုင်းမဆင့် ဘုံမဆင့် ရောက်သွားခြင်းဖြစ်သည်။  သူငယ်ချင်းက စင်ကာပူမှာ အရေးကြီးကိစ္စရှိလို့ ခရီးမထွက်နိုင်သောကြောင့် သူ့အစား သူ့သင်္ဘောကို သွားကြည့်ပေးခြင်းဖြစ်သည်။  သူကတော့ ဟိုရောက်ရင် သင်္ဘော ပြင်စရာ ဆင်စရာတွေအားလုံးအတွက် အဆင့်သင့်လုပ်ပေးထားသည်။  ကျွန်တော်ကတော့ လူလုံး သွားပြရန်ဖြစ်သည်။  သင်္ဘောပြင်ရန် ၃၆ နာရီ အချိန်ရသည်။
  လိုလိုမယ်မယ် နောက်ထပ် ၃၆ နာရီ ဆောင်းလိုက်သည်။  အားလုံး  ၃ ရက်စာ၊  သို့သော် ၁ ရက်ခွဲနှင့် အလုပ်ပြီးသွားသည်။  ထို့ကြောင့် ကျန်သော ၁ ရက်ခွဲကို ဘာလုပ်ရင်ကောင်းမလည်း စဉ်းစားသည်။  နံပါ
တ်တစ် လုပ်ရန်မှာ ရုံးကို စာရွက်စာတမ်းတွေ ပို့ရန်ဖြစ်သည်။  ထိုအရာကို နောက်ဆုံးသို့ ရွှေ့လိုက်သည်။
  နီးနီးနားနား ဘာရှိလဲဟု ဂူဂဲလ်မှ လျှောက်ရှာကြည့်လေသော်… ဒူဘိုင်းမော သွားတွေ့သည်။
နိပ်ဟဆိုပြီး တက်စီနှင့် ပြေးသည်။  မော ဆိုသည့်အတိုင်း မောသည်။  ဘောလုံးကွင်း ၅၀ စာလောက်ကို လျှောက်ကြည့်ဖို့ရာ အတော်မောလေသည်။  ဒူဘိုင်းက ဈေးတွေကြည့်လိုက် စလုံးဈေးနှင့် ပြန်ယှဉ်လိုက်၊ ဈေးကြီးတယ်ဆိုပြီး ဆက်လျှောက်လိုက်နှင့် အချိန်အတော်လင့်လေသော် ဘာမှ မ၀ယ်ဖြစ်ချေ။  
ဗိုက်စာလေလျှင် ဟိုဟိုဒီဒီလျှောက်ကြည့်ပြီး လူတွေတန်းစီနေသောဆိုင်တွေကို ရှောင်ပြီး ခုံလွတ်ရှိသော ဆိုင်တစ်ဆိုင်ကို ၀င်ထိုင်လိုက်သည်။  တရုတ်အစားအစာ ရောင်းသော ဆိုင်ဖြစ်နေသည်။  ဒူဘိုင်းရောက်ပြီး အာရပ်စာမစားပဲ တရုတ်စာ စားရမည့်အဖြစ်ကိုယ် စဉ်းစားပြီး ကိုယ့်ကိုယ်ကို အတော့်ကို အသုံးမကျမှန်း ထိုင်နေရင်း စဉ်းစားဖြစ်သည်။  ထိုင်ပြီးမှတော့ မထူးတော့ ဗိုက်ဖြည့်တင်းခြင်း လုပ်ငန်းစဉ်စသည်။  ဗိုက်ပြည့်လေသော် မောထဲမှာ ရှိတဲ့ Dubai Aquarium & Underwater Zoo ဆိုသော နေရာကိုသွားပြီး ငွေ ၁၀၀ ဒါရမ်ပေးလိုက်သည်။
  Underwater Tunnel ထဲကို ၀င်ဖို့ ဟိုဘက်က လျှောက်ပါဆိုပြီးပြောသည် ၀င်တောင် မ၀င်ရသေး ထွက်ပေါက်က တွေ့နေသည်။  ငင်.. တိုတိုလေးပါလားနော်.... ၀င်ချင်ဦး ၀င်ချင်ဦးဆိုပြီး ၀င်ကြည့်သည်။
  အဲ့နောက်တော့ အပေါ်ထပ်ကို တက်ပါဆိုပြီး ပြောပြန်သည်။  တက်လိုက်သည်။  အပေါ်ထပ်ရောက်တော့ ထိုကန်ကိုပဲ ပတ်ပတ်လည်ဝိုင်းပြီး ကြည့်စရာလေးတွေ လုပ်ပေးထားသည်။  ကန်ထဲကို အပေါ်မှ လှ
မ်းမြင်နေရသည်။ 
“ငါးစာကျွေးမလား…”
“ဟင့်အင်း…”
“ကန်ထဲမှာ လှေစီးမလား… လှေက အောက်ခြေကို မှန်နဲ့လုပ်ထားတာလေ… ငါးတွေကို တွေ့ရတာပေါ့”
“ဟင့်အင်း…..  အခုလည်း ဒီတိုင်းတွေ့နေရတာပဲ”
“ရေငုပ်ဝတ်စုံဝတ်ပြီး ကန်ထဲဆင်းမလား…”
“ဟင့်အင်း…. ဟိုတယ်က မထွက်ခင်ကမှ ရေချိုးလာခဲ့တာ”
“ဓာတ်ပုံ ရိုက်သွားလေ အမှတ်တရပေါ့… ပြခန်းအထွက်ကျတော့မှ ဓာတ်ပုံဝယ်ချင်ဝယ်သွားလေ….
“ဟင့်အင်း… ကိုယ့်ဟာကိုယ်ပဲ ဆက်ဖီးဆွဲတော့မယ်…” စသည် စသည် ဟင့်အင်းပေါင်းများစွား ငြင်းကာ အပိုငွေ မထွက်ရေး ဦးစားပေးပြီးသကာလ မှန်ကာထားသော ရေကန်ထဲက နေရာလေးထဲသို့ အတင်းဆင်းခိုင်းလေသည်။  မဆင်းလို့မရဘူးလားဆိုတော့ Tour အနေနဲ့ လိုက်ပြပေးမည်ဖြစ်ကြောင်း အတွေ့အကြုံရကြောင်းပြောလေသည်။  လူတွေ ရုံးရုံး ရုံးရုံးနှင့် ပါသွားသည်။  
အဆိုပါ ဘာမှန်းမသိသော မှန်ကာထားသည့်နေရာထဲရောက်တော့ ကန်ထဲမှာရှိတဲ့ ငါးတွေအကြောင်း၊ ဒီကန်ကြီးကို ရေလီတာပေါင်း ၁၀ သန်း ကာကြောင်း၊  ထိုရေတွေကို ရေသစ်မလဲကြောင်း၊  ရေဆေးသော စနစ်ကို ဘယ်နည်းဝယ်ဝှာဖြင့် ဘယ်လိုပြုလုပ်ထားကြောင်း၊ ငါးမန်း ဘယ်နှစ်ကောင်ရှိကြောင်း၊  ဟိုနားက ငါးက တူနာငါးနှင့် ဆင်သော်လည်း တူနာမဟုတ်ကြောင်း စသည် စသည်ဖြင့် ပြောသည်။  ပြီးတော့ ဘာမေးစရာရှိလဲဟုမေးသည်။  ဟိုတူနာနှင့်တူသောငါး အရသာ ဘယ်လိုနေလဲမေးကြည့်သည်။  သူ.. မစားဘူးသေးကြောင်းပြောသည်။  ပြီးတော့ ထိုရေကန် ပတ်ပတ်လည်က ပြခန်းလေးတွေ လိုက်ပြသည်။  ငါးမန်း သားဖောက်စနစ်ကိုလည်း ပြောပြသည်။  ပင်လယ်ရေခူ သေးသေးလေးတွေပြသည်။  မှန်ပိုက်လုံးတွေထဲက အရောင်လေးတွေ ပြသည်။ 
 Micro algae ဆိုလားဘာလား သက်ရှိအကောင်လေးတွေပါဝင်သော ရေဖြစ်ကြောင်း၊ သူ့တို့တွေရဲ့ အရောင်အဆင်းကြောင့် ရေတွေ ဒီလို အရောင်အမျိုးမျိုးဖြစ်နေကြောင်းပြောသည်။  ကျွန်တော်က ကရင်ဆော်ဒါတို့၊ ဇီးဖျော်ရည်တို့ ထည့်ထားတယ် မှတ်ထားတာ… ထင်ထားတာနှင့် အတော်လွဲသွားသည်။  
ငါးဆေးခန်းကိုပြသည်။  ငါးတွေနေမကောင်းရင် ကုပေးတဲ့နေရာဖြစ်သည်ဟုပြောသည်။  အထဲတွင် ကြက်တူရွေး တစ်ကောင်ရှိသည်။ အတော်လေး ခေါင်းစားသွားသည်။ 
ငါးမန်း သားဘယ်လိုဖောက်လဲ ကြည့်နေတုန်း လူအုပ်ကြီး ဘယ်ရောက်သွားရမှန်းမသိချေ။  ရှေ့က မိန်းကလေး နှစ်ယောက်သွားသည့်နောက် လိုက်သွားသည်။  အကွေ့လေးချိုးလိုက်တော့ ထိုနှစ်ယောက်
က မိန်းကလေး အိမ်သာထဲဝင်သွားသည်။ 
နောက်ဆုံးတော့ ထွက်ပေါက်တွေ့သည်။  ငါးပြတိုက်ထဲရောက်သွားသည်။  ရေကြွက်တွေပြထားသည်။  ငါးပေါင်းအတော်စုံသည်။  ကျွန်တော်မမြင်ဖူးသေးသောငါးမှာ American Paddlefish ဟူ၏။  နှားခေါင်းချွန် ပါးစပ်ပြဲ ငါးဖြစ်သည်။  အတော်လေးကြည့်လို့ကောင်းသည်။ 
 နောက် Kraken ဟူသော ရေဘ၀ဲကောင်ကြီးဖြစ်သည်။  ရာဇ၀င်ထဲမှာတော့ သင်္ဘောတွေကို ဖျက်နိုင်လောက်တဲ့အထိကြီးတယ် ဆိုသတဲ့။  သို့ပေမယ့် ဒီနေ့ဒီအချိန်မှာ ထိုလောက်ကြီးသော ရေဘ၀ဲ မတွေ့သေးဟူ၏။  အဲ့အကောင်ခေါင်းက ကျွန်တော့် ခေါင်းထက်ကြီးသည်။   ကြည့်နေတုန်း ၀န်ထမ်းတစ်ယောက်လာပြီး ပုဇွန်ကျွေးသည်။  အစာကျွေးလက်မှတ်ပါလား ပါရင် မင်းကျွေးဟုပြောသည်။  မင့်ဟာမင်း ကျွေး ငါဓာတ်ပုံရိုက်မလို့ဆိုတော့ အခွံခွာ၊ ခေါင်းဖြုတ်ပြီးသား ပုဇွန်စိမ်းလေးတွေကို ကျွေးသည်။  အတော်ဟုတ်သည် လက် ၈ ချောင်းက နှစ်ချောင်းလောက် ပုဇွန်တစ်ကောင်ချင်းဖမ်းပြီး သူ့ပါးစပ်ထဲထည့်သည်။  အစာဝတော့ လက်ရှစ်ချောင်းကို အကြောဆန့်ပြီး ဇိ
မ်ယူနေလေသည်။
ရေခူလေးတွေ ပြထားသည်။  ဆီနိုဒါမှာ အငြိမ်မနေ၊ ဓာတ်ပုံရိုက်နေတဲ့အထဲ ဘေးက သောက်ကလေးတွေ ကမြင်းကြောထသဖြင့် ဘယ်လိုမှ Focus မမိချေ။  ဖုန်းနှင့် ရိုက်တော့ပိုဆိုးသည်။  ပြီးတော့ ရေနက်ထဲက ငါးလေးတွေပါသည်။ ဂျပန်ဘူဖေးမှာ စားစားနေတဲ့ ခြေရှေ ဂဏန်းတွေပြထားသည်။  ပင်ကွင်းတွေလည်းပြထားသည်။ 
 နောက်တော့ မိချောင်းဘုရင် ဟုဆိုသောနေရာရောက်သည်။  မိချောင်း အတော်ကြီးသည်။  မြန်မာပြည်ရောက်ရင်တော့ နတ်မိချောင်းဟု ထိုင်ကတော့ကြမလားမသိချေ။  ခုတော့ ဒူဘိုင်းမှာ မှန်ကန်ထဲရောက်နေသည်။  မိချောင်းဥတွေပါ ပြထားသည်။ 
 ကြိုးတံတားလေးရှိသည်။  အဆိုပါကြိုးတံတားမှ လျှောက်လေသော်… ကန္တာရနေ အကောင်များနှင့် ဒူဘိုင်းနေ အကောင်များတွေ့လေသတည်း။  မြွေ၊ ဖွတ်၊ ကင်းလိပ်ချော၊ ကင်းမြီးကောက် စသည် စသည်။  မှောင်နေသောကြောင့် သဲသဲ ကွဲကွဲ မမြင်ရချေ။
ပြတိုက်မှထွက်သော် ဗိုက်ချောင်သွားလေသည်။  ဒီတစ်ခေါက်တော့ အာရပ်စာ ဆိုင်တစ်ဆိုင်တွေ့သည်။  ဈေးလည်း သင့်သည်။  ဟိုတရုတ်ဆိုင်လို ဘာမှမဟုတ်ပဲ တစ်ရာကျော်မတောင်းချေ။  ကြက်ကင်မှာစားသည်။  အတော်စားလို့ကောင်းသည်။  ပေါင်မုန့်လိုလို ဘာလိုလို အရသာရှိသော အ၀ိုင်းနှစ်ချပ်သည် ပူတုန်းမှာ ပျော့ပြီး အေးလျှင် မာလာလေသည်။  ကြက်ကင်ကို အသာထားပြီး သူ့အရင်စားနေရသည်။ 
The Souk ဟူသော နေရာသို့ရောက်သည်။  အာရပ်လိုဆိုလျှင် ပျံကျဈေးဟု ခေါ်လျှင်ကိုက်မည်ထင်သည်။  ပျံကျမကျတော့မသိ ဈေးတွေက ခေါင်ခိုက်နေသည်။  အာလာဒင်ထဲကလို မီးခွက်ရောင်းသည့်ဆိုင်မတွေ့ချေ။  ဘရန်းဒက်တွေ၊ ရွှေအတုံးလိုက်အတစ်လိုက်တွေပဲ ရောင်းတော့သည်
အဲ.. ပြောဖို့မေ့နေတာ… ဒူဘိုင်းမော အပြင်ထွက်လိုက်ရင် Burj Kalifa ဆိုတဲ့ ကမ္ဘာ့အမြင့်ဆုံး မိုးပျံ
တိုက်ကြီးရှိတယ်။  ၂၇၂၂ ပေမြင့်တယ်လို့တော့ပြောတာပဲ။  ဖုန်းနဲ့ကာအောင် မနဲရိုက်ယူရတယ်။  သူ့ရိုက်ရင် သူ့ဘေးက အဆောက်အဦးတွေကမပါ။  သူ့ဘေးက ဟာတွေရိုက်ရင် သူ့မပါ။ နောက် ဒူဘိုင်းမောထွက်လိုက်ရင် စားသောက်ဆိုင်တန်းလေးနဲ့ waterfront လိုနေရာလေးလုပ်ထားတယ်။  အဲဒီနားက လှတော့ နဲနဲပါးပါးလေး လျှောက်ရိုက်ဖြစ်လိုက်တယ်။  
ညနေပိုင်းကျရင်တော့ အဲ့ဒီ ရေကန်ထဲမှာ ရေပန်းအလှပြတယ်။  နာရီဝက်တစ်ခေါက်။  ပထမတစ်ခေါက်တုန်းကတော့ လူတွေရှေ့ကပိတ်နေလို့ မရိုက်ဖြစ်လိုက်ဘူး။  တံတောင်စာပေး၊ ဖင်နဲ့ပေါက်ပြီး ရှေ့ဆုံးရောက်အောင်သွား ရှေ့ရောက်တော့ ခြေထောက်ကားပြီး ဘေးကိုလူမ၀င်အောင်နေရာယူ။ မိနစ် ၂၀ လောက် နောက်ထပ် ရေပန်းအလှပြတာကို စောင့်ပြီး ဒီဗီဒီယိုလေးကို တင်ပေးလိုက်ပါတယ်။ ရှု့စားေ တ်ာမူပြီး ဒူဘိုင်း မော… မောလိုက်သည့်ဖြစ်ခြင်း… အဲ့ဒီမော ပိုစ့်ကို အဆုံးသတ်ပါရစေ
ခင်ဗျာ
2 comments:
  1. အော်..
    တိုက်တိုက်ဆိုင်ဆိုင်
    တနေ့ကတီဗီအစီအစဉ်တခုမှာ
    အဲ့ဒူဘိုင်းနဲ့ဆော်ဒီမှာ
    ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက
    အလုပ်သမားတွေ
    အိန္ဒိယ၊ပါကီတွေများပါတယ်
    မြန်မာပြည်ကလည်း
    ပါလိမ့်မယ်ထင်ပါတယ်
    သူတို့ရဲ့ဘဝနေထိုင်မူ့တွေ
    (အဓိကတော့ ဒေါ်နယ်ထရမ့်
    ရဲ့လုပ်ငန်းလည်းရှိတော့
    သူ့ကိုတိုက်ခိုက်တာပါ)
    ဘယ်လိုဖိနှိပ်ထားသလဲ
    အခွင့်အရေးတွေ
    ရူံးဆုံးကြသလဲ
    ဆိုတာတွေကြည့်ရတယ်
    ခုလိုအဆောက်အဦကြီးကြီး
    မားမားတွေ့ရတော့
    သူတို့ကိုသတိရမိတာ
    အမှန်ဘဲ...
    ReplyDelete
  2. အတော်လှတာပဲကိုယ်တိုင်ရောက်သွားသလိုပဲဗျာ
    ReplyDelete