စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, February 9, 2012

ထူးခြားဆန်းပြား မင်္ဂလာဆောင်များ - ၁

       
ဒီအထဲမှာတော့ အနည်းငယ်ထူးဆန်းတဲ့ မင်္ဂလာဆောင်တွေက မိမိကိုယ် မိမိ ပြန်ပြီး လက်ထပ်တာတွေဖြစ်ပါတယ်။

       ၂၀၀၇ ခုနှစ်မှာတော့ တရုတ်နိုင်ငံသား လျှူရီ ဆိုသူဟာ မိမိကိုယ် မိမိ ပြန်ပြီးတော့ လက်ထပ်ခဲ့ပါတယ်။  မင်္ဂလာဆောင်မှာတော့ သူ့ကိုယ်သူ သတို့သမီးလို ၀တ်ထားတဲ့ ဓာတ်ပုံကြီးကိုထောင်ပြီးတော့ မင်္ဂလာဆောင်ခဲ့တာပါ။  သူဟာ အခြားသူတွေထက် ကိုယ့်ကိုယ်ကို ပိုပြီးတော့ စိတ်ဝင်စားတယ်လို့ ၀န်ခံခဲ့ပါတယ်။  ဒါပေမယ့် သူ အိမ်ထောင်ပြုရခြင်းရဲ့ အဓိက အချက်တွေကိုတော့ ပြောသွားရာမှာကတော့ “ခုလို ကိုယ့်ကိုကိုယ် လက်ထပ်ရတာဟာ အကြောင်းအရင်းများစွာရှိပါတယ်။  ဒါပေမယ့် သဘာဝကျတဲ့ လောကကြီးကို စိတ်တိုင်းမကျခြင်းကို ဖော်ပြချင်လို့ပါ” လို့ ပြောသွားပါသတဲ့။





ဒီလိုမျိုး ကိုယ့်ဟာကိုယ် လက်ထပ်တာ ယောင်္ကျားလေးတွေမှာသာ ရှိတာမဟုတ်ပါဘူး။  ၂၀၀၃ ခုနှစ်မှာတော့ ရုပ်ရှင်သရုပ်ဆောင် ဂျနီဖာ ဟိုစ့် တစ်ယောက် သူမ အသက် ၃၀ ပြည့်တဲ့နေ့၊  နယ်သာလန်နိုင်ငံမှာ သူမကိုယ်သူမ လက်ထပ်ခဲ့ပါသတဲ့။  ဒီလုပ်ရပ်ဟာ သူမ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ကြားမှာတော့ အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပါတယ်။  သူမကတော့ “လက်ထပ်ပွဲမှာ ဘာဖြစ်လို့ တစ်ယောက်ထဲ ကိုယ့်ဟာကိုယ် သစ္စာဆိုလို့ မရနိုင်ရမှာတုန်း၊ ဒါဟာ ဘ၀တစ်ခုလုံးအတွက် ပြီးပြည့်စုံမှု့နဲ့ ကိုယ်နဲ့ ကိုယ့်ရဲ့ ပတ်သတ်မှု့ပဲလေ” လို့ ဆိုသွားပါတယ်။  ဘယ့်နှယ် နားလည်ရမှန်းကို မသိတော့ဘူး။   







နောက်တစ်ယောက်ကျတော့ ထိုင်ဝမ်သူ ချိန်ဝေရင် ဆိုသူ ဖြစ်ပါတယ်။  သူမလည်းပဲ အသက် ၃၀ အရွယ် ၂၀၁၀ အောက်တိုဘာမှာ သူ့မဟာ သူမ ပြန်ပြီးတော့ လက်ထပ်ယူတာဖြစ်ပါတယ်။  သူမကတော့ သူမရဲ့ စိတ်ကြိုက်ရှာလို့ မတွေ့တဲ့အဆုံး သူမသည်သာ သူမအတွက် အသင့်တော်ဆုံးလို့ ခံယူပြီးသကာလ သူမကိုယ် သူမ လက်ထပ်လိုက်ခြင်းအားဖြင့် အာဝဟ ၀ိဝါဟ မင်္ဂလာကို ဖြေရှင်းလိုက်ပါသတဲ့။  ဒီလို လက်ထပ်တဲ့ အတွက် ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကိုလည်း ခံခဲ့ရပါသတဲ့။  ကဲ အပျိုကြီး မမများ၊ လူပျိုကြီးများလည်း ချစ်သူရွေးမယ်၊ ချစ်ဝဲလည် လုပ်ပြီးတော့ စိတ်ညစ်မခံပါနဲ့။  ကွကိုယ်သာ မင်္ဂလာပြန်ဆောင်လိုက်ရင် ပြသနာ ပြေလည်သွားပါလိမ့်မယ် J










          ၂၀၀၆ ခုနှစ်မှာတော့ အန္ဒိယနိုင်ငံက ဟိန္ဒူအမျိုးသမီးလေးဟာ မြွေကိုမှ မေတ္တာသက်ဝင် ချစ်ခင်မြတ်နိုးသွားလို့ ဟိန္ဒူထုံးတမ်းစဉ်လာပုံစံအတိုင်း မင်္ဂလာဆောင်ပွဲကို မြွေနှင့်အတူ ကျင်းပပါသတဲ့။  အံရောသော်၊ အံရောသော်..အဲ့ဒီမင်္ဂလာပွဲကို လူပေါင်း ၂၀၀၀ ကျော်တက်ရောက်ပါသတဲ့။  ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမင်္ဂလာဆောင်ကိုသွားရင် ကံကောင်းစေလိမ့်မယ် ထင်လို့ပါ။  ဒီ မင်္ဂလာပွဲကိုတော့ သတို့သား ကိုကိုမြွေက မတက်ရောက်ခဲ့ပါဘူး။  မြွေအစား မြွေပုံစံတူ ကြေးရုပ်ကလေးနဲ့ မင်္ဂလာဆောင်ပါသတဲ့။











          အင်္ဂလန်က အမျိုးသမီးတစ်ယောက်ကတော့ ထူးထူးခြားခြား လင်းပိုင်နှင့် မင်္ဂလာပွဲကို အစ္စရေးနိုင်ငံမှာ ဆင်နွှဲခဲ့ပါသတဲ့။  ချစ်သက်တမ်း ၁၅ နှစ်မြောက်မှာ လက်ထပ်တာဖြစ်ပါတယ်။  သူမအဆိုအရတော့ ဒီလင်းပိုင် အထီးကလေးနဲ့ သူမဟာ မြင်မြင်ချင်းကို မေတ္တာသက်ဝင် ချစ်ခင်သွားခြင်း ဖြစ်ပါသတဲ့။  ဒီလင်းပိုင်လေးကိုလည်း သူမက “သူမဘ၀ရဲ့ ချစ်ပူတူးလေး”လို့ ဆိုပါတယ်။  မင်္ဂလာဆောင်မှာတော့ မင်္ဂလာ အနမ်းလေးချွေပြီး လင်းပိုင်ကို ငါးသလောက် တစ်ကောင် လက်ဆောင်ပေးပါသတဲ့။











          ဆူဒန်နိုင်ငံရဲ့ ဥပဒေကတော့ နဲနဲလေး ပြင်းထန်ပါတယ်။  ဒါကတော့ ယောင်္ကျားတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ရည်လူးတာကို မိရင်တော့ အဲ့ဒီအမျိုးသမီးကို လက်ထပ်ယူရမယ်ဆိုတဲ့ ဥပဒေပါ။  ၂၀၀၆ မှာတော့ အဲ့ဒီ ဥပဒေဟာ ဆိတ်တွေနဲကလည်း အကျုံးဝင်သွားပါတဲ့။  ဒီအခါမှာတော့ အတော်သရမ်းတဲ့ ကိုချားလ် တွမ်ဘီတစ်ယောက် ဆိတ်မနဲ့ လက်ပူးလက်ကြပ် မိပါသတဲ့။  ဒါနဲ့ပဲ အာဏာပိုင်တွေက အဲ့ဒီဆိတ်မကို လက်ထပ်ယူဖို့ နဲ့ ဆိတ်ကို ပိုင်ရှင်ဆီက ၀ယ်ယူစေပါသတဲ့။









ခွေးမကလေးနဲ့ အကြောင်းပါသော ကိုရွှေလယ်သမား

          ယတြာကောင်းရင် မင်းလောင်းတောင်ပျောက်သတဲ့။  မင်းလောင်းပျောက်မပျောက်တော့မသိဘူး ဒီရွှေလယ်သမားကတော့ အမှန်အကန် ခွေးမကလေးနဲ့ကို လက်ထပ်လိုက်တာပါ။  ဖြစ်ပုံကတော့ ဒီလယ်သမားဟာ လယ်ကွင်းထဲမှာ ခွေးနှစ်ကောင်ကို ကျောက်တုံးနဲ့ ထုသတ်လိုက်မိပါသတဲ့။  အဲ့ဒီနောက်မှာတော့ ခြေလက်တွေ ဆွံအကုန်တာ ဘယ် ဆရာဝန်မှ မကယ်နိုင်ပါဘူးတဲ့။  ဒါနဲ့ပဲ ဗေဒင်ဆရာကြီးက ယတြာချေတဲ့အနေနဲ့ ခွေးမ တစ်ကောင်ကို လက်ထပ်ဖို့ အကြံပေးလိုက်ခြင်းဖြစ်ပါတယ်။


ကြောင်မကလေးနှင့် သတို့သား

          တစ်ခါတစ်လောတော့ ကြောင်တွေဟာ လူသားတွေရဲ့ အဖော်မွန်ကောင်းလေးတွေပါ။  ဒီ ဂျာမနီနိုင်ငံက စာပို့သမားကတော့ သူ့အိမ်က ကြောင်မလေး သေလုမျောပါးဖြစ်နေတဲ့ နောက်ဆုံးအချိန်လေးမှာ ကြောင်မလေးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။  ဂျာမနီက အာဏာပိုင်တွေကတော့ တရားတွင် လက်ထပ်မပေးပေမယ် ရုပ်ရှင် သရုပ်ဆောင်တစ်ယောက်ကတော့ အသိသက်သေ အဖြစ်နဲ့ စာပို့သမားနဲ့ ကြောင်မလေးတို့ရဲ့ မင်္ဂလာပွဲကို အသိအမှတ်ပြုပြီး စာပို့သမားလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါသတဲ့။

          ပြင်သစ်နိုင်ငံက အီဖဲလ်မျှော်စင်ကြီးကတော့ ကြင်ယာစုံသွားပါပြီ။  ဆန်ဖရန် စစ်စကို မြို့က အမျိုးသမီး စစ်သည်ဟောင်းကတော့ သူမဟာ အီဖဲလ်မျှော်စင်ကြီးကို စွဲစွဲလမ်းလမ်းကို ဖြစ်နေပါပြီလို့ ပြောခဲ့ပါတယ်။  ဒါနဲ့ပဲ ၂၀၀၈ ခုနှစ်မှာတော့ သူမဟာ အီဖဲလ်မျှော်စင်ကြီးကို လက်ထပ်ယူခဲ့ပါတယ်။  သူမနာမည်ကိုတောင်မှ Erika La Tour Eiffel ဆိုပြီး ပြောင်သေးသတဲ့။  သြော်........ သူအစား အသည်းယားလိုက်တာ။









          ၁၉၇၉ ခုနှစ်မှာတော့ Eija-Ritta Berliner-Mauer ဆိုတဲ့ အမျိုးသမီးကတော့ ဘာလင် တံတိုင်းကြီးကို လက်ထပ်ခဲ့ပါသတဲ့။  သူမဟာ ငယ်စဉ်ကထည်းက တီဗီဖန်သားပြင်ရှေ့မှာ ဒီတံတိုင်းကြီးကို မြင်ပြီး မေတ္တာသက်ဝင် ချစ်ခင်စုံမက် သွားပါသတဲ့။  သူမ  ရဲ့ နာမည်နောက်ဆုံးက Berliner-Mauer ဆိုတာကတော့ ဘာလင်တံတိုင်းကြီးကို ဆိုလိုတာပါ။  သူမအဆိုအရကတော့ “ဘာလင်တံတိုင်းကြီးဟာ ရှည်ပြီးတော့ သေးသေးသွယ်သွယ်လေးနဲ့ အရမ်းကို sexy ဖြစ်တယ်လို့ ဆိုပါတယ်။”
နောက်ထပ်ပြောပါသေးတယ် “တရုတ်ပြည်က မဟာတံတိုင်းကြီးကတော့ ဆွဲဆောင်မှု့ရှိပါတယ်။  ဒါပေမယ့် အရမ်းထူလွန်တယ်၊  ကျွန်မယောင်္ကျား ဘာလင်တံတိုင်းကြီးကမှ ပိုပြီးတော့ sexy ဖြစ်တာ” လို့ ပြောပါသေးသတဲ့။  နောက်တော့ ၁၉၈၉ မှာတော့ ဘာလင်တံတိုင်းကြီး ဖြိုချလိုက်တော့ သူမ အသဲ ဟက်တက်ကွဲတယ်လို့ ဆိုပါတယ်။  ခုတော့ သူ့ချစ်သက်လျှာ ဘာလင်တံတိုင်းကြီးမရှိတော့လို့ သူကအချစ်တွေကို ပန်းခြံထဲက ခြံစည်းရိုးထံသို့ ပုံအောပြီး ပေးထားရတယ်လို့ ဆိုပါတယ်။



ဂိမ်းထဲက ဇာတ်ကောင်ကို လက်ထပ်ခဲ့သူ

          ကဲ ဟောဒီက စာဖတ်သူတွေရော ဂိမ်းတွေဆော့ပြီး ဂိမ်းထဲက ဇာတ်ကောင်တွေကို မြတ်မြတ်နိုးနိုး စွဲလမ်းဖူးပါသလား?  Sal9000 ဆိုတဲ့ ဂျပန်လူငယ်လေးကတော့ သူကတော့ NintendoDS ရဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ “Love Plus”ဂိမ်းထဲက ဇာတ်ကောင် အမျိုးသမီးလေးကို ချစ်လွန်းလို့ ၂၀၀၉ ခုနှစ်မှာ အဲ့ဒီ ဇာတ်ကောင်နဲ့ မင်္ဂလာဆောင်ခဲ့ပါသတဲ့။  သွားအတူ၊ စားအတူ၊ ပင်လယ်သွားရေကူးတောင် မခွဲအတူ ဖြစ်နေပါတယ်။



          နယူးယောခ့်က အေမီ ဆိုသူလေးကတော့ ထူးထူးဆန်းဆန်း 1001 Nachts လို့ခေါ်တဲ့ ရိုလာကိုစတာကြီးကိုမှ ချစ်ခင်စုံမက် လက်ထပ်ယူခဲ့ပါသတဲ့။

          ကိုရီယားနိုင်ငံသာ လီဂျင်ဂု ဆိုသူကတော့ ဖက်လုံးကိုမှ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ဒီဖက်လုံးရဲ့ မျက်နှာမှာတော့ ကိုရီယားနိုင်ငံမှာ ရေပန်းစားနေတဲ့  ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ဇာတ်ကောင် အရုပ်မျက်နှာလေး ပါပါသတဲ့။  ဒီလိုနဲ့ လီ တစ်ယောက် ဖက်လုံးကိုမှ တန်းတန်းစွဲဖြစ်ပြီး သကာလ ၂၀၁၀ ခုနှစ်မှာတော့ အဲ့ဒီ ဖက်လုံးကို လက်ထပ်ခဲ့ပါတယ်။















          ကဲ နားအေးပါအေးနေချင်ပါသလား၊  ရှော့ပင်တွေထွက်ပြီး ပိုက်ဆံ မဖြုန်းတဲ့ ဇနီးအလိမ္မာလေးလိုချင်ပါသလား၊  ရစ်သမျှ သည်းခံပြီး ငြိမ်ငြိမ်လေးနေပေးတဲ့ အိမ်ရှင်မမျိုး လိုချင်ပါသလား။  ဒီလိုဆိုရင်တော့ ကော်ပတ်ရုပ်သာ လက်ထပ်လိုက်ပါ။  Devecat ဆိုသူကတော့ ၂၀၀၀ ခုနှစ်တုန်းက ကော်ပတ်ရုပ်ကို လက်ထပ်ခဲ့ပါတယ်။  သူ့အဆိုအရတော့ “ဒီအရုပ်ကလေးဟာ ကျွန်တော့်ကို အများကြီး စိတ်ချမ်းသာမှု့ပေးပါတယ်၊ ဥပမာ- ဘာမှ မပြောပဲ နေတာမျိုးပေါ့” လို့ ဆိုပါသတဲ့။













          စေ့စပ်ကြောင်းလမ်းထားသူက မင်္ဂလာပွဲကို ရောက်မလာခဲ့ရင် ဘာလုပ်မလဲ?  အန္ဒိယနိုင်ငံက သတို့သမီးကတော့ မြေအိုးကို သတို့သားဝတ်စုံ ၀တ်ပေးပြီးတော့ လက်ထပ်ယူပါသတဲ့။  ဘာဖြစ်လို့လည်းဆိုတော့ စေ့စပ်ထားတဲ့ သတို့သားလောင်းဟာ အင်ဒို တိဘက် နယ်စပ်ရဲဖြစ်ပြီးတော့ အဲ့ဒီအချိန်မှာ နှင်းတွေ ထူထပ်စွာကျရောက်နေလို့ မင်္ဂလာပွဲကို အချိန်မီ မလာနိုင်ခြင်းဖြစ်ပါသတဲ့။


ထူးခြားဆန်းပြား မင်္ဂလာဆောင်များ - ၂

13 comments:

  1. တော်သေးတာပေါ့စောစောစီးစီးကိုလွင်ပြင်နဲ့လက်ထပ်ထားလို့
    မဟုတ်ရင်တော့ KLCC ကြီးနဲ့jasmine လက်ထပ်ဖြစ်မလားပဲ

    ReplyDelete
  2. အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်တွေပါ

    ReplyDelete
  3. ထူးဆန်းလိုက်တာနော်။ ဖတ်ပြီး ရယ်သွားတယ် ခွိခွိး)

    ReplyDelete
  4. တော်တော်ဆိုးတဲ့သူတွေပါလားနော်း)))))

    ReplyDelete
  5. ဘာတွေမှန်းကို မသိဘူး..
    စိတ်ပိန်တယ် ..


    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  6. အဖြူရောင်နတ်သမီးFebruary 9, 2012 at 4:07 PM

    အစွန်းရောက်တွေလို့ပြောလို့ရတယ်နော်..

    ReplyDelete
  7. ထူးထွေအံ့ရာပါလားနော်...။
    အစွန်းရောက်ပြီး တစ်ခုခု ဘ၀မှာ ချွတ်ချော်နေကြသူများလို့ မြင်မိပါတယ်။
    အားလုံးက သဘာဝကို ဆန့်ကျင်ထားကြလို့ပါ။

    ReplyDelete
  8. ရူးတယ်လို့ပြောရမလား ၊ဘယ်လို နားလည်ရမလဲ ကိုမသိတာပါ

    ReplyDelete
  9. အပေါ်က ကော်ပတ်ရုပ်နဲ့ လူရဲ့ ဇာတ်လမ်းက Discovery Channel မှာ ပါဖူးတယ် တကယ်ကြီးဗျ....

    နဲနဲတော့ ကြောင်တယ် ဒီဘဲကြည့်ရတာလည်း jipsy ရုပ်နဲ့ ခပ်ကြောင်ကြောင်နဲ့ တူပါတယ်ဗျာ

    ReplyDelete
  10. နောက်ထပ်မြွေနဲ့လက်ထပ်မဲ့သူရှိသေးလား

    ReplyDelete
  11. ဟန်ကြည်June 3, 2013 at 12:47 AM

    အဟောင်းတွေ လိုက်လှန်နေတယ် ကိုအောင်ထွဋ်ရေ...သည်ပို့စ်က နည်းနည်းထူးဆန်းနေလို့...သူ့အမြင် သူ့အတွေးအရ လူနဲ့ လူ့ပတ်ဝန်းကျင်ကို မထိခိုက်စေဘူးဆိုရင် လုပ်ပိုင်ခွင့် ရှိသင့်တာပါပဲ...သဘာဝ မကျတာကို မကျမှန်းသိပေမယ့် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ရဲရဲကြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်တဲ့ စိတ်ဓာတ်ခွန်အားကိုတော့ လေးစားသဗျာ...လုပ်ရပ်ကိုတော့ ထားပါတော့း)

    ReplyDelete