နန်တုန်လို မြေပြန့်မှာ မယ်မယ်ရရ တက်စရာတောင်ဆိုလို့
လန်စန်းတောင် တစ်တောင်သာရှိသည်။  မြတ်စွာဘုရား၏
၃၈ဖြာ မင်္ဂလာတရားတော်ထဲမှာ ပတိရူပဒေသာဝါသောစ ဆိုပြီး သင့်တင့်လျှောက်ပတ်သော ဒေသတွင်
နေထိုင်ရခြင်း သည် မင်္ဂလာတရားတစ်ခုဖြစ်သည်ကို သေသေချာချာကြီး သဘောပေါက်သွားသည်။ နန်တုန်ဒေသတွင်
ဘုရားဖူးရန်မှာ အတော့်ကို ခက်ခဲချေ၏။ ကိုးကွယ်ဆည်းကပ်ဖို့ရာ သံဃာတော်မြတ်များကိုလည်း
လွန်စွာမှ တွေ့ရန် ခက်ခဲချေ၏။  ထို့ကြောင့်
တစ်ခါတစ်ရံ လန်စန်းတောင်သို့သွားပြီး ဘုရားဖူးသည်။  သံဃာတစ်ချို့ကို လန်စန်းတောင်မှာ Part Time တွေ့ရသည်။  ညနေ ၅ နာရီလောက်ဆို လူဝတ်လဲပြီး အိမ်ပြန်လေသတည်း။  ရံဖန်ရံခါ ဆုတောင်းပွဲတွေဘာတွေဆိုလျှင် လာပြီး ဆုတောင်းပေးတတ်သည်။  
            ဆောင်းဦးသည် သာယာလှပေစွတကား… မြက်ခင်းစိမ်းစိမ်းနှင့်
ပန်းတို့ဝေနေကြပြီဖြစ်သည်။  ထိုအချိန်မျိုးတွင်
လန်စန်းတောင်သည် အတော့်ကို သာယာလေသည်။
| 
ကေဘယ်ကားနှင့်တက်လို့ရသော်လည်း
လမ်းလျှောက်ချင်သောကြောင့် လမ်းသာလျှောက်ဖြစ်သည် | 
ခုမှ တစ်ဝကြီး ဖူးမျှော်လို့ရသည်
 Artificial
များလှသော ယခုခေတ်ကြီးတွင် ဒီလိုမျိုးလမ်းလေးတွေကို လွှတ်သဘောကျသည်
 နန်တုန်မြို့သစ်သည်
လွန်ခဲ့သော ၅နှစ်ထက် မယုံနိုင်စရာတိုးတက်သွားပြီဖြစ်သည်။  တိုက်ထိုးထိုးထောင်ထောင်တွေ အခု ကျပ်ညပ်သွားပြီ
ဖြစ်သည်။
 ခြင်္သေ့ဟုခေါ်မည်ထင်သည်..
ဟိုကလေးလေး လက်ညှိုးထိုးမေးသလို ကျွန်တော်လည်း ထိုအရာကို ဘာမှန်းမသိချေ။
Street
Photography ရိုက်သောသူများကို လွန်စွာမှလေးစားလှသည်။  လူမသိအောင် ချောင်းရိုက်ရသည်မှ အတော့်ကို ပင်ပန်းသောအလုပ်ဖြစ်သည်။  အခု အရင်လို DSLR မကိုင်တော့ချေ။ လေးသည်မှာ တစ်ကြောင်း
ချိန်လိုက်တိုင်း လူမိသည်မှာ တစ်ကြောင်း Shutter သံသိပ်မထွက်သော RX100 လေးနှင့် ကချက်
ကချက် လိုက်လုပ်ကြည့်သည်။  သို့သော်.. ကိုယ်အားကျသော
ဓာတ်ပုံပညာရှင်များရိုက်သော ပုံများနှင့် လားလားမျှမတူ ချာတူးလန်ပုံများသာ ထွက်လာသည်။  
 ဆုတောင်းသည့်
သစ်ပင်ဖြစ်သည်။  ဆုတောင်းပြည့်မပြည့်တော့မသိ
သစ်ပင်ကတော့ ဆုတောင်းသူများလက်ချက်နှင့် သေသွားပြီဖြစ်သည်။  အဆိုပါသစ်ပင်လေးကို ဒီလောက်ဝိုင်းပြီး ဆုတောင်းစာတွေ
ချိတ်တော့မှ ဒီသစ်ပင် မသေရင် ဘယ်ခံနိုင်မည်နည်း။ 
သစ်ပင်ကတော့ ဆုတောင်းသူတွေ ဆုတောင်းစာအရမ်းမချိတ်ပါစေနဲ့လို့ ဆုတောင်းခဲ့မည်ထင်သည်။
 တောင်ပေါ်မှ ဆင်းတော့ ဗိုက်ဆာ ရေငတ်နေပြီဖြစ်သည်။  မြို့သစ်ထဲလျှောက်သွားဖြစ်သည်။  မရောက်တာ အတော်ကြာပြီဖြစ်သော Victoria Grill ဆိုင်မှာ
ထိုင်ဖြစ်သည်… 
 
 
တရုတ်ပြည်က
ReplyDeleteကပ်ရပ်နေပြီး
တခါမှမရောက်ဖူးဘူး
တခါလောက်သွားလည်
ချင်ပါတယ်..
https://en.wikipedia.org/wiki/Nantong
မှာနန်တုန်မြို့အကြောင်းရှာဖတ်ကြည့်တာ
စိတ်ဝင်စားစရာကောင်းတယ်နော်..