စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, March 24, 2012

သောက်ကြဦးမလား ပန်ဒါ လက်ဖက်ခြောက်


          တရုတ်နိုင်ငံ စီချွမ်ဒေသဟာ ပန်ဒါလေးတွေ မွေးမြူစောင့်ရှောက်ထားတဲ့ ဒေသဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ ပန်ဒါ ၀က်ဝံ အများဆုံးဒေသဖြစ်ပါတယ်။  ဒါကို ကျွန်တော် ပန်ဒါလေးများ စောင့်ရှောက်ရေး ဂေဟာ ဆိုပြီးတော့ ပိုစ့်တစ်ခု တင်ဖူးပါတယ်။  ခု ပိုစ့်ကတော့ ပန်ဒါ လက်ဖက်ခြောက်အကြောင်းပါ။  အဆိုပါ ပန်ဒါစောင့်ရှောက်ရေးဂေဟာနားက လက်ဖက်ခင်းပိုင်ရှင် လိရှိမင် ဆိုသူကတော့ ပန်ဒါ လက်ဖက်ခြောက်ဆိုပြီး ထုတ်လုပ်လိုက်ပါပြီ။  အဆိုပါ ပန်ဒါစောင့်ရှောက်ရေးဂေဟာက ပန်ဒါဝက်ဝံတွေရဲ့ မစင်တွေကို မြေသြဇာအဖြစ် အသုံးပြုပြီး ထုတ်လုပ်လိုက်တဲ့ လက်ဖက်ခြောက်ပါ။  ဈေးကတော့ သက်သာလိမ့်မယ်မထင်ပါနဲ့ ၅၀ ဂရမ် တစ်ထုတ်ကို တရုတ်ငွေ ယွမ် ၂သောင်း ၂ ထောင်၊ အမေရိကန်ဒေါ်လာ ၃၅၀၀ (မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၃၀) ၀န်းကျင် ပေးရတဲ့ လက်ဖက်ခြောက်ပါ။  ဒါဟာ ကမ္ဘာဈေးအကြီးဆုံး လက်ဖက်ခြောက်ဖြစ်လာပါပြီ။


          ဒီ လက်ဖက်ခြောက် အရောင်းမြှင့်တင်ရေးပွဲမှာတော့ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ လက်ဖက်ခင်းပိုင်ရှင်ကတော့ “ကျွန်တော် ခုလို သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေတဲ့ ပန်ဒါ လက်ဖက်ခြောက်ထုတ်လုပ်နိုင်တဲ့အတွက် မိုးကောင်းကင်နဲ့ ပထ၀ီ မြေကြီးကို ကျေးဇူးတင်ပါတယ်။  ခု တကမ္ဘာလုံးက လူတွေကို ပြောချင်တာကတော့ ကျွန်တော်ဟာ ခုဆိုရင် စွန့်ပစ် အညစ်အကျေးတွေကို အသုံးဝင်အောင်၊ သဘာဝ မြေသြဇာအဖြစ် အသုံးချနိုင်ခဲ့ပြီ ဆိုတာကိုပါ” လို့ ပြောသွားပါတယ်။
          ဒီလို လက်ဖက်ခြောက် အရောင်းမြှင့်တင်ပွဲမှာ လိဟာ ပန်ဒါလို ၀တ်ဆင်ထားပြီးတော့ လူပေါင်း ဒါဇင်ပေါင်းများစွာကို သူ့လက်ဖက်ခင်းရဲ့ ပထမဆုံး လက်ဖက်ခူးပွဲကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။  သူ့အဆိုအရတော့ “ပန်ဒါ ၀က်ဝံတွေဟာ ၀ါး နဲ့ သူတို့အတွက် အဟာရဖြစ်စေတဲ့ အစားအစာတွေကိုသာ စားသောက်ကြပြီးတော့ အစားအစာတွေထဲက အဟာရ ၃၀% လောက်ကိုသာ အသုံးပြုလို့ ပန်ဒါ ၀က်ဝံတွေဆီက ထွက်လာတဲ့ မစင်တွေမှာ အဟာရဓာတ် ၇၀% လောက် ပါရှိနေပါသေးသတဲ့။”  ဒီလို အဟာရဓာတ်တွေ ပါဝင်နေတဲ့ ပန်ဒါ မစင်တွေကို မြေသြဇာအဖြစ် အသုံးပြုပြီးတော့ စိုက်ပျိုးထားတဲ့ ဒီလက်ဖက်ခြောက်ဟာ အနံ၊ အရသာနဲ့ ပြည့်စုံတယ်လို့ ဆိုပါတယ်။ 
          ကဲ…. လက်ဖက်ခြောက်ကတော့ တစ်ကယ်ပဲ အနံ၊ အရသာ ပြည့်စုံလား မပြည့်စုံလားတော့မသိ….  သောက်ချင်သူများ ခါတော်မှီ ပန်ဒါလက်ဖက်ခြောက် ၀ယ်သောက်နိုင်ကြပြီဖြစ်ပါကြောင်း…..

Source :(Link)

1 comment: