တိုပါးရိုး မြန်မာဘုန်းတော်ကြီးကျောင်းသို့ ပြီးခဲ့တဲ့ တစ်ပတ်က ရောက်ဖြစ်သည်။ စင်ကာပူရောက်တုန်းလေး ဘုရား၊ တရား၊ သံဃာ သုံးပါးစလုံး စုံအောင် ဖူးရသည်။ တရုတ်မှာဆိုလျှင် ဝေးသည်၊ သရဏဂုံ ၃ပါးစလုံးကို စိတ်မှာ အာရုံပြုပြီး မှန်းသာ မှန်းလို့ရသည် အပြင်မှာ တွေ့ရဖို့ မလွယ်လှ။ ထို့ကြောင့် ရောက်တုန်းလေးသွားဖြစ်သည်။ သူငယ်ချင်းက စုပြီးတော့ အအေးလှုသောကြောင့် အအေးလိုက်ဝေပေးလိုက်သည်။ ကြံလှုသော ဓမ္မပဒ လေးကို ပြန်သတိရမိသည်။ ကြံတွေကို သပိတ်လျှံအောင်လှုသောကြောင့် အကျိုးပေးကောင်းသလို သပိတ်ပြည့်ရုံလှုသောကြောင့် နောင်ဘ၀တွင် တူသောအကျိုးပေးသည်ဟူ၏။ ထို့ကြောင့် ဘုန်းကြီးကျောင်းပေါ်မှ ဆင်းလာသောသူများကို ဘာသောညာသော မောင်ပိန်သော၊ နောဇာနာမိ တို့မသိ.. လက်ထဲသို့ မုန့်တွေ၊ အချိုရည်တွေ အပြည့်ကြီး လျှောက်ဝေသည်။ ယူချင်ချင်၊ မယူချင်ချင် ဖိနပ်စီးခွင့်တောင်မပေး လျှောက်ပေးပစ်သည်။ လက်နှစ်ဘက်စလုံး မကာတော့လျှင် အိတ်တွေထဲ လျှောက်ထည့်ပြီး ပေးသည်။ တော်ပါပြီပြောလို့လဲမရ... အတင်းလိုက်ပေးသည်။
ဆီမီးလှူသည်။ ဆုတောင်းကတော့ ထူးထူးထွေထွေမဟုတ် နိဗ္ဗာန်န ပစ္စယော ဟောတုဖြစ်သည်။ ဤသို့လျှင် ဘုန်းကြီးကျောင်းမှ ပြန်သည်။
ညောင်ပင်အောက်မှ ဆင်းတုတော်ဖြစ်သည်။ ကြာပြီလားတော့မသိ.. သို့သော် ကျွန်တော်အတွက်တော့ အသစ်ဖြစ်သည်။
ကျောင်းဝန်းအတွင်းရှိ ကျောင်းစောင့် ဘိုးဘိုး နတ်ရုပ်ဖြစ်သည်။
ယူယူ မယူယူ အတင်းလိုက်ပေးသည်။ "ဆေးလိပ်ရမယ်... ကွမ်းယာရမယ်..."
ထို့နောက် အိမ်ပြန်သည်... အလှူရှင်များက Eunos MRT အထိ ကားနှင့်လိုက်ပို့ပေးသည်။ ထိုနေရာတွင် ဘောလုံးပွဲခဏကြည့်သည်။ လီဗာပူးနှင့် အာဆင်နယ်ပွဲဖြစ်သည်။ လီဗာပူးနိုင်သွားသည်။ ထို့ကြောင့် ၀က်ကလီစာ စွတ်ပြုတ်နှင့် အီကြာကွေး စားပစ်လိုက်သည်။ ဘာမှတော့ မဆိုင်။ ပြီးတော့ အိမ်ပြန် အိပ်သည်။
မန်ယူကတော့ရှုံးသွားတယ် အိမ်ကွင်းမှာ
ReplyDeleteစိတ်ညစ်ညစ်နဲ့ တောက်တချက်ခေါက်ပစ်လိုက်တယ်း)
(ဘာမှမဆိုင်)
ဘာမှ မဆိုင် :)
Deleteတိုပါးရိုးမှာရှိတဲ့ဘုရားကိုပြန်ဖူးရတဲ့အတွက် ကျေးဇူးပါ မောင်အောင်ထွဋ်ရေ။
ReplyDeleteဘောလုံးပွဲလေးကလည်းကြည့်လို့ကောင်းပါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျေးဇူးတင်ပါတယ် အန်တီတင့် ခင်ဗျာ
Deleteရုပ်ပွားတော်တွေက သပ္ပါယ်တယ်နော်...
ReplyDeleteဒါနဲ့ စကားမစပ်လီဗာပူးနိုင်ရင် ၀က်ကလီစာ စွတ်ပြုတ်နဲ့ အီကြာကွေး စားရတယ်လား
နောက်တစ်ခေါက်ကျ စားမလို့ပါး)))
အင်း ဟုတ်တယ် မချောရဲ့... မန်ယူနိုင်ရင် ၀က်ခြေထောက် စွတ်ပြုတ်၊ ချဲလ်ဆီး နိုင်ရင် ပလာတာနဲ့ ကြက်သားဟင်း၊ အာဆင်နယ်နိုင်ရင် လက်ဖက်သုတ်.... :p
Deleteစင်္ကာပူ ရောက်နေတယ်ပေါ့ ...း)
ReplyDeleteဟုတ်စ် ကိုအောင်... စင်ကာပူခဏ ပြန်လာတာ... :)
Deleteအစ်ကိုရေ ဘုရာလည်းဖူး ဗဟုသုတလည်း ယူသွားပါတယ်ခင်ဗျာ။
ReplyDeleteကျေးဇူးတင်ပါတယ် ကိုမောင်မောင် ခင်ဗျာ
Deleteမကြားဖူး မရောက်ဖူးသေးတော့
ReplyDeleteဗဟုသုတတွေရခဲ့တယ်
ခင်တဲ့ jasmine
ကြည့်ရတာတော့ယူနွတ်နားနေပုံဘဲး))) စကားမစပ် မချောပြောသလိုဘဲ ဘောလုံးပွဲနိုင်ရင် အဲသလိုစားရတယ်လား
ReplyDeleteမှတ်ထားအူးမှ
ခြေရှည်နေသော အကျိုးတော်စောင်း))))))
ယူချင်ချင် မယူချင်ချင် ပေးလှူပစ်၏။
ReplyDeleteသဘောကျထှာ။ ဒါမျိုးကြုံလို့ ကတော့ သုံးလေးခေါက် အိပ်နဲ့ ခွဲသယ်တယ်။ :P