ဒီနေ့ အဖေများနေ့.. အဖေများနေ့ စတင်ပုံလေးကတော့
၁၉၁၀ ခုနှစ်မှာစတင်ပါတယ်။ Sonora Smart
Dodd ဆိုသူလေးက သူမရဲ့ဖခင်အတွက် ၁၉၁၀၊ ဇွန်လ ၁၀ ရက်နေမှာ ၀ါရှင်တန်က စပိုကိန်းမြို့ကလေးမှာ
စတင်ပြီးတော့ သူမရဲ့ဖခင် အတွက် အထိန်းအမှတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီးတော့ နိုင်ငံတော်တော်များများမှာ
ဇွန်လရဲ့ တတိယပတ် တနင်္ဂနွေနေ့ မှာ အဖေများနေ့ကို ကျင်းပခဲ့ကြပါတယ်။ ဆိုတော့ ဒီနေ့ဟာ ဇွန်လရဲ့ တတိယပတ် တနင်္ဂနွေနေ့။ အဖေများနေ့။
မြင့်မိုရ်တောင်ဦး မကကျူးသာ ကျေးဇူးကြီးလှ
မိနှင့်ဖတို့ထဲက မွေးသဖခင် ကျေးဇူးရှင် ဖခင်တို့ကို ဂုဏ်ပြုတဲ့နေ့ တစ်နေ့။ ဒီလိုနေ့မှာတော့ ဒီပိုစ့်လေးကို ရေးဖြစ်လိုက်တယ်။ “အဖေ…” ဆိုပြီးတော့ပေါ့။
အဖေဟာ ကျွန်တော့်ဘ၀ရဲ့ သူရဲကောင်း၊ ကျွန်တော်လေးစားအားကျရတဲ့ အင်ဂျင်နီယာတစ်ယောက်။ ကျွန်တော့်ရဲ့ ဘ၀တစ်လျှောက်လုံးကို လွှမ်းမိုးခဲ့တဲ့
လူတွေထဲကတစ်ယောက်။ ကျွန်တော် ငယ်ငယ်ကထည်းက
အဖေ့လို အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ခဲ့တာ။
အမေကတော့ ပြောဖူးပါရဲ့… နင် ငယ်ငယ်တုန်းက ညတစ်ရေးနိုးလို့ အင့် ကနဲ ညည်းလိုက်တာနဲ့
နင့်အဖေပဲ နင့်ကို ချီပြီး သိပ်ခဲ့ရတာတဲ့။
အဲ့ဒီတုန်းက အဖေက ရွာထောင် ဒီဇယ်စက်ခေါင်းရုံမှာ အင်ဂျင်နီယာ။ အမေက ယောင်နောက် ဆံထုံးပါဆိုသလို အဖေ တာဝန်ကျတဲ့
ရွာထောင် စက်ခေါင်းရုံရှိရာ ရွာထောင်မြို့မှာ ဆေးခန်းလိုက်ဖွင့်တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဘ၀ကို စခဲ့ကြတယ်။ ဒါပေမယ့် အဖေ့ရုပ်သွင်ကိုတော့ ကျွန်တော် မမှတ်မိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဖေဟာ ကျွန်တော်နဲ့ အမေကို့
ကျွန်တော့် အသက် ၃ နှစ်အရွယ်မှာပဲ ခွဲခွာသွားလို့ဖြစ်ပါတယ်။ အဖေဟာ ရထားနဲ့ ကားနဲ့ တိုက်မိရာမှာ ပွဲချင်းပြီး
ဆုံးသွားခဲ့တာပါ။
အဲ့ဒီနေ့က ကားပေါ်မှာ ရုံးက အဖွဲ့တွေနဲ့ပေါ့..
ရွာထောင်စက်ခေါင်းရုံကို အသွား.. လမ်းမှာ ကားဘရိတ်ပေါက်သွားခဲ့ပါတယ်။ ကံဆိုးချင်တော့ ကားဘရိတ်ပေါက်တဲ့နေရာက မီးရထားလမ်းတည့်တည့်မှာပါ။ ရထားလမ်းဘေးမှာက ကျူးကျော်ရပ်ကွက်တွေရှိတော့ ကားကို
ဒရိုင်ဘာက လမ်းဘေးကို ဆွဲချလို့မရပါဘူး။ ဆိုက်ဆိုက်မြိုက်မြိုက်ကို..
မီးရထားလမ်းနဲ့ ကားလမ်းကို တားထားတဲ့ တံခါးကို တိုက်ပြီး ရထားလမ်း တည့်တည့်မှာ ရပ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ရထားက လာနေပါပြီ။ အဖေ ကားခေါင်းခန်းမှာ တူတူထိုင်နေတဲ့ သူ့သူငယ်ချင်းကို
ဆွဲချခဲ့ပါတယ်။ နောက်ပြီး ရထားအလံကို ကိုင်ပြီးတော့
လာနေတဲ့ ရထားကို ရပ်ဖို့ အချက်ပြခဲ့ပါတယ်။ နောက် ကားနောက်ကလူတွေအတွက် ပူပင်တဲ့ စိတ်နဲ့
ကားနောက်ဖက်ကို ပတ်ပြီးတော့ အပြေးကလေးအသွားမှာ ရထားက ကားကို တိုက်ခဲ့ပါတယ်။ ဒီအရှိန်နဲ့အတူ ရထားလမ်းပိတ်ထားတဲ့ တံခါးက အဖေ့
ဦးခေါင်းနောက်ပိုင်းကို ရိုက်မိပြီးတော့ အဖေ အဲ့ဒီအချိန်ကထည်းက ကျွန်တော့်ကို ခွဲသွားခဲ့တာပါ။
ဒါပေမယ့် အဖေဆုံးခဲ့တာကို သိတာကတော့ ကျွန်တော်
၇ နှစ်သားကျတော့မှ သိခဲ့ရတာပါ။ ငယ်ဘ၀လေးတုန်းက
အမေ့ကို ကျွန်တော် ခဏ ခဏ မေးခဲ့တယ်။ အမေ… အဖေဘယ်မှာလဲလို့ပေါ့။ အမေကတော့ အမြဲတမ်းပြောခဲ့တယ်.. အဖေက နိုင်ငံခြားမှာတဲ့။ အဖေက ဂျာမဏီမှာတဲ့။ အဖေ ဂျာမဏီကို ပညာတော်သင် သွားခဲ့တုန်းက ဓာတ်ပုံအယ်ဘမ်လေးကို
အမြဲတမ်းထုတ်ထုတ်ပြီးတော့ ပြခဲ့တယ်။ အဖေ့ ရုပ်သွင်ကို
ကျွန်တော် အဲ့ဒီ ဓာတ်ပုံလေးတွေကတစ်ဆင့်သာ ကျွန်တော် တွေ့မြင်ခွင့်ရတယ်။ အဖေရဲ့ အသုံးအဆောင်ပစ္စည်းလေးတွေသာ ကျွန်တော် ထိတွေ့ခွင့်ရခဲ့တယ်။ အဖေလို အင်ဂျင်နီယာတစ်ယောက် ကျွန်တော် ဖြစ်ချင်ခဲ့တယ်။
အဖေဆုံးတာသိတော့ ကျွန်တော် ပထမဆုံး ကိုရင်ဝတ်တဲ့
အချိန်မှာပေါ့။ ဆရာတော်က ရေစက်ချတော့ ကွယ်လွန်သွားသော
ဆိုပြီး ကျွန်တော့် အဖေနာမည်ကိုတပ်ပြီးတော့ အမျှ… အမျှ.. အမျှ…. ရေစက်ချခဲ့တာပါ။ ကျွန်တော် အရုပ်တစ်ရုပ်လို ငြိမ်သက်သွားခဲ့ပါတယ်။ အမျှလည်း လိုက်မဆိုနိုင်သလို… သာဓုလည်း မခေါ်မိပါဘူး။ ကိုရင်ကနေ လူထွက်တော့ ကျွန်တော့် အမေ့ကို ဖက်ပြီး
ငိုခဲ့ပါတယ်။ အမေရယ်… ကျေးဇူးပြုပြီး ကျွန်တော့်ကို
ခွဲမသွားပါနဲ့။ ကျွန်တော့်ကို အဖေလည်း ခွဲသွားခဲ့ပြီ။ အမေ ကျေးဇူးပြုပြီး သား ကိုခွဲမသွားပါနဲ့ ဆိုပြီးတော့ပေါ့…။ အမေလည်း ကျွန်တော့်ကို ဖက်ပြီးတော့ ငိုတာပါပဲ။ အဲ့ဒီအချိန်က စပြီး ကျွန်တော် အဖေ့အကြောင်း အမေကို
မမေးတော့ပါဘူး။ အမေကို ဒီကိစ္စနဲ့ ပါတ်သတ်ပြီးတော့
ထပ်ပြီး စိတ်မဆင်းရဲစေချင်တော့လို့ပါ။
အဖေ့ရဲ့ အမေ၊ အမေတွေရှိတဲ့ မြို့ကလေးကိုတော့
ကျောင်းပိတ်တိုင်း ကျွန်တော်သွားလည်နေကြ။ အဖေ့ရဲ့
အကြောင်းတွေ၊ ငယ်စဉ်ကလေးဘ၀လေးတွေကို မှတ်စုစာအုပ်နဲ့ ကူးသလိုမျိုး သူ့ရဲ့ ငယ်သူငယ်ချင်းတွေကို
မေးပြီး ကျွန်တော့် အသိဥာဏ်ထဲကို ထည့်သွင်းခဲ့ရပါတယ်။ အဖေရဲ့ အဖေနဲ့ အမေဟာ ပညာတတ်တွေတော့ မဟုတ်ပါဘူး။ အဖေဟာစက်မှု့တက္ကသိုလ်ကို တိုက်ရိုက်တက်ခဲ့ရတာမဟုတ်ပါဘူး။
အရင်တုန်းက ရန်ကုန်မှာ နတ်မောက် စက်မှု့လက်မှု့ အထက်တန်းကျောင်းဆိုတာရှိပါတယ်။ အဲ့ဒီမှာ အထက်တန်းအောင်ပြီး အဆင့် ၁၊ ၂၊ ၃ ၀င်တဲ့လူတွေကို
ရန်ကုန် နည်းပညာတက္ကသိုလ်ဝင်ခွင့်ပေးပါတယ်။
အဖေဟာ အဲ့ဒီလိုနဲ့ အင်ဂျင်နီယာဖြစ်လာခဲ့ပါတယ်။ အဖေဟာ စက်တွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပါသတဲ့။ အဘွားတို့ ဘေးအိမ်က ဦးလေးကြီးဆို အမြဲတမ်းပြောတယ်…
မင်းအဖေက ငါ့အိမ်က မီးစက်ကို ပြင်ပေးတုန်းက တစ်စစီးဖြုတ်ပြပြီး ဘာကြောင့် ပျက်နိုင်တယ်၊
ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ရှင်းပြခဲ့တာကွ… ဆိုတော့ ကျွန်တော် အဖေ့အတွက် ဂုဏ်ယူမိခဲ့ပါတယ်။ ငါလည်း တစ်နေ့ကျရင် အဖေ့လို အင်ဂျင်နီယာတစ်ယောက်ဖြစ်အောင်လုပ်မယ်ဆိုပြီး
ငယ်ငယ်ကထည်းက တွေးထားမိခဲ့တာပါ။
တစ်ခါတစ်လေ… စိတ်ဓာတ်ကျနေတဲ့အခါ၊ မောပန်းနွမ်းနယ်နေတဲ့အခါ.. ကျွန်တော်
အဖေ့ဓာတ်ပုံကို ထုတ်ကြည့်တတ်ပါတယ်။ တစ်နေ့
သားလည်း အဖေ့လို တစ်နေ့ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ပေါ့။ အဖေဟာ ကျွန်တော် ငယ်ငယ်ကလေးထဲက ကျွန်တော့်ကို ခွဲသွားခဲ့ပေမယ့်
ကျွန်တော့်အတွက် အင်အားတွေ အများကြီး ချန်ထားပေးခဲ့ပါတယ်။ အဖေ့ကြောင့် ကျွန်တော့် စိတ်ဓာတ်တွေ ခိုင်မာလာခဲ့တယ်။ တော်တော်နဲ့ အရှုံးမပေးတတ်တော့သလို၊ ဘ၀ကို ပိုပြီးတော့
လက်တွေ့ကျကျ ရင်ဆိုင်လာနိုင်ခဲ့တယ်။ ကျောင်းသား
ဘ၀ ငယ်ငယ်တုန်းက ကျောင်းကို သူများ အဖေ၊ အမေတွေလာကြိုရင် အစပိုင်းမှာ ၀မ်းနည်းသလို
ခံစားရပေမယ့်၊ ကျင့်သားရအောင် နေနိုင်လာခဲ့တယ်။
ကျွန်တော် ကျောင်းပြီးသွားတော့ အမေနဲ့အတူ
စစ်ကိုင်း၊ မန္တလေးဘက်ကို အလည်တစ်ခေါက်သွားဖြစ်ခဲ့ကြသေးတယ်။ အဲနောက် ရွာထောင်စက်ခေါင်းရုံလေးကိုလည်း သွားခဲ့ကြတယ်။ အမေကတော့ မျက်ရည်ဝဲပြီးပြောပါတယ်.. ဒီအိမ်လေးမှာ မင်းကို မွေးခဲ့တာပေါ့တဲ့။ ပြင်ထောင်အိမ်ရိုးရိုးလေးပါပဲ… ငယ်ငယ်တုန်းက ဓာတ်ပုံထဲမှာတော့
အဖေရယ်၊ အမေရယ်၊ အဖေက ကျွန်တော့ကို ချီပြီးတော့ နှင်းဆီပင်လေးတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံထဲက
အိမ်ကလေး။ ခုတော့ ခြုံတွေနဲ၊ မြက်ပင်တွေနဲ့
ဘယ်သူမှလည်း နေကြဟန်မတူပါဘူး။ အဖေ့ရဲ့ အုတ်ဂူလေးကိုလည်း
သွား ကတော့ဖြစ်ခဲ့သေးတယ်။ မြက်ပင်တွေက အဖေအုတ်ဂူဘေးမှာ
အဖော်လုပ်နေလေရဲ့။
ဒီတစ်ခါ လာဖတ်တာတော့ အတော်လေး ဟာ့တ် ထိသွားတယ်။
ReplyDeleteမောင်အွတ်ထောင် အဖေတစ်ယောက် ကောင်းရာမွန်ရာကနေ သူ့သားတော်မောင်ကို စောင့်ရှောက်နေမှာပါ။
ကုသိုလ်လုပ်ပြီးတိုင်း အမျှပေးဝေဖို့လဲ မေ့မနေနဲ့ဦး။း(
I still feel so sad even I have already known about that. My fri, now everyone can see as your dream come true. Keep it up.
ReplyDeleteI still feel so sad even I have already known about that. My fri, now everyone can see as your dream come true. Keep it up.
ReplyDeleteပိုစ့်လေးကို ဖတ်ပြီးတော့ တော်တော်ကိုစိတ်မကောင်းဖြစ်မိတယ်ဗျာ
ReplyDeleteနောက်ပြီးတော့ သုံးနှစ်အရွယ်မှာ ဘယ်လောက်များ ကသီလိုက်ကြမလဲနော်
ကြိုးစားပါ အကို ကျန်နေသော မိခင်အတွက် အားတစ်လက်ဖြစ်အောင်ပေါ့။
ဖတ်ပြီးခံစားရတယ် ဂျက်က ဖေဖေ မရှိတော့ဘူး
ReplyDeleteကျနော်တို့ဆီဘယ်တော့ရောက်လာမလည်းတွေးရင်၇င်မောရပါတယ်..
ReplyDeleteကိုယ့်ဖခင်လောင်းနေရာရောက်ရင် သားတွေကို အဲ့တာတွေ ပြောပြပေါ့ဗျာ..
ReplyDeleteအဲ့အချိန်ဆို ပြောတဲ့သူဘက်က သိပ်အရသာရှိလောက်တယ်..
ရင်ထဲ နင့်နေအောင် ခံစားရပါတယ်ဗျာ.............
ReplyDeleteကျွန်တော်လည်းဘ၀တူပါပဲ... ငယ်ငယ်ကတည်း ငါးနှစ်သားကတည်းကအဖေဆုံးသွားခဲ့ တာ....
ReplyDeleteကိုးတန်းတုံးကသင်ခဲ့ ရတဲ့  Fatherless Child ဆိုတဲ့ Wuthering Heights ထဲကကောက်နှုတ်ချက်သင်ခန်းစာ
အခန်းရောက်ယင် အခန်းထဲကကျောင်းသား၊ကျောင်းသူတွေ ကျွန်တော့် ကိုကြည့် ခဲ့ ကြတာမမေ့ သေးဘူး...
အဲဒီလောက်ထိ ခံစားခဲ့ရမှန်းမသိခဲ့ပါဘူး
ReplyDeleteစိတ်မကောင်းပါဘူးသားရယ်
I remembered everything. But I've seen this for the first time! I cried out loud on that day Coz I wanted to follow him and he said that he dropped by to my Hse to say bye. And he said we will see each other again! And he is gone :((( We miss u Lay Lay!
ReplyDelete