စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, September 15, 2011

ဟာသတိုလေးများ - ၁


အချိန်တိုအတွင်း အောင်မြင်နည်း
အဖေ : “ငါ့သား မင်းကို အဖေ့စိတ်တိုင်းကျ ကောင်မလေးနဲ့ အိမ်ထောင်ချပေးချင်တယ်ကွယ်”
သား : “အဖေ ဒါတော့ မဖြစ်နိုင်ဘူး၊ သားစိတ်တိုင်းကျ မိန်းကလေးကိုဘဲ အိမ်ထောင်ပြုချင်တယ်”
အဖေ : “ငါ့သား ဒါပေမယ့် ငါ့သားနဲ့ အိမ်ထောင်ချထားပေးချင်တာက ဘီလ်ဂိတ်ရဲ့ သမီးနဲ့ သားရဲ့”
သား : “သြော်… ဒါဆိုရင်တော့ အိုကေ အဖေ”

နောက်တစ်နေ့ ဖခင်ဖြစ်သူက ဘီလ်ဂိတ်ထံသို့ သွားသည်
ဖခင်ဖြစ်သူ : “ဘီလ်ဂိတ်ရေ ငါမင်းသမီး သင့်တော်မယ့် သားမက်တစ်ယောက်ကို တွေ့ထားတယ်ကွ”
ဘီလ်ဂိတ် : “ဒါပေမယ့် ကျွန်တော့် သမီးက ငယ်သေးတယ်ဗျ၊ လက်ထပ်ဖို့ စောလွန်းအားကြီးမနေဘူးလား”
ဖခင်ဖြစ်သူ : “စဉ်းစားပါဦးဗျာ ဒီသူငယ်လေးက ကမ္ဘာ့ဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဗျ”
ဘီလ်ဂိတ် : “သြော်.. ဒါဆိုရင်တော့ အိုကေ”


နောက်ဆုံးမှာတော့ ဖခင်ဖြစ်သူဟာ ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဋ္ဌဆီကိုသွားသတဲ့
ဖခင်ဖြစ်သူ : “ကျွန်တော် ခင်ဗျားတို့ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌရာထူး အတွက် တော်တော့်ကိုသင့်တော်မယ့် လူငယ်လေးတွေ့ထားသဗျ”
ဥက္ကဋ္ဌ : “ကျွန်တော့်ဆီမှာ ဒုဥကဋ္ဌတွေများ ရိုက်သတ်လို့တောင်မကုန်ဘူး၊  နောက်ထပ်မလိုချင်ပါဘူးဗျာ”
ဖခင်ဖြစ်သူ : “ဒါပေမယ့် ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သမက်ခင်ဗျ”
ဥက္ကဋ္ဌ : “သြော်… ဒါဆိုရင်တော့ အိုကေ”

မုန့်ခွဲတမ်း
          ဆိုးပေက ၅ နှစ်ရှပြီ။  သူ့ညီလေး သာဒင်က ၃နှစ်။  တစ်နေ့တော့ သူအမေကမုန့်ဖုတ်ကျွေးလေသတဲ့။  ကလေးနှစ်ယောက်က မုန့်တောင် မကျက်သေးဘူး ပထမဆုံးဖိုကထွက်လာမယ့်မုန့်ကို သူစားမယ် ငါစားမယ်နဲ့ စကားနိုင်လုနေကြသတဲ့။ အဲ့ဒါနဲ့ အမေဖြစ်သူက
“သားတို့ရေ ခုအချိန်မှာ ကိုယ်တော်ယေရှု့သာ ဒီနေရာမှာထိုင်နေမယ်ဆိုရင် ညီလေးတို့ရေ ပထမဆုံး ဖိုထဲကထွက်လာမယ့်မုန့်ကို ညီလေးတို့သာစားပါ။ အစ်ကိုက နောက်မှစားမှာလို့” သေချာပေါက်ပြောမှာ သားတို့ရဲ့။
အဲ့ဒီအချိန်မှာ ဆိုးပေက ထအော်သတဲ့
“သာဒင် ညီလေး မင်း ကိုယ်တော် ယေရှုလုပ်”

လက်ထပ်ပွဲ
          လက်ထပ်ပွဲတစ်ခုကိုလာတဲ့ ဆိုးပေက သူ့အမေကို မေးသတဲ့
“မေမေ သတို့သမီးက ဘာဖြစ်လို့ အဖြူရောင်ဝတ်ထားတာလည်းဟင်”
“သြော်.. သားရယ် သတိုးသမီးလေးက ပျော်နေတယ်လေ၊ ဒီနေ့ဟာ မိန်းကလေးတွေအတွက် အပျော်ဆုံးနေ့တစ်နေ့ ကိုးသားရဲ့”
“မေမေ၊ သတိုးသားကရော ဘာဖြစ်လို့ အနက်ရောင်ဝတ်ထားရတာလဲဟင်?”

ဘာကြောင့်လဲ
အမေး။  ။ လက်ထပ်ပွဲမှာ သတို့သမီး မိခင်များဘာကြောင့် ငိုလေ့ရှိကြပါသလဲ?
အဖြေ။  ။ သူတို့သမီးဟာ သူတို့ အဖေနဲ့ စရိုက်ချင်းတူတဲ့လူကို ယူလို့။

ငွေတစ်သန်းယူမလား? ငါ့သမီးယူမလား?
တစ်ခါတုန်းက သဋ္ဌေးကြီး တစ်ယောက်ရှိသတဲ့။  သူက မိကျောင်းတွေမွေးရတာကို ၀ါသနာထုံလေတော့ သူ့အိမ်မှာ ရေကန်ကြီးတူးပြီး မိကျောင်းတွေ မွေးထားလေသတဲ့။  သဋ္ဌေးကြီးမှာက သမီးလေးတစ်ယောက်ရှိလေသတဲ့။  တစ်နေ့တော့ သူ့အိမ်မှာ ပါတီ အကြီးကြီးတစ်ခုလုပ်ပြီး သဋ္ဌေးကြီးက ကြေငြာသတဲ့။  အခု ပါတီမှာ ရှိနေတဲ့ ယောင်္ကျားလေးများ ဟော့ဒီက မိကျောင်းအပြည့်ရေကန်ကြီးထဲကို ဖြတ်ကူးနိုင်တဲ့လူကို ငွေတစ်သန်းဖြစ်ဖြစ် ငါ့သမီးဖြစ်ဖြစ် ကြိုက်တာကို ရွေးချယ်ခွင့်ပြုမယ်။  သူ့စကားဆုံးတာနဲ့ “ဗွမ်း” ဆိုတဲ့ အသံကြားလိုက်ရပြီး လူရွယ်လေးတစ်ယောက်ဟာ ဒရောသောပါး  ကြောက်လန့်တကြားနဲ့ ရေကန်ကို အသည်းအသန်ကို ဖြတ်ကူးနေလေသတဲ့။  သဋ္ဌေးကြီးလည်း အံသြသွားတာပေါ့။  ပါတီကလူတွေကလည်း လူငယ်လေးကို လက်ခုပ်တွေ တီးပြီးတော့ အားပေးကြတာပေါ့။  အဲ့ဒီလိုနဲက နောက်ဆုံးမှာ လူငယ်ကလေးဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာကလွဲလို့ အောင်အောင်မြင်မြင်နဲ့ပဲ မိကျောင်းအပြည့်နဲ့ ရေကန်ကြီးကို ဖြတ်ကူးလာနိုင်သတဲ့။
 သဋ္ဌေကြီးက ပြောသတဲ့ “မယုံနိုင်စရာကောင်းလောက်အောင်ကိုပဲ တယ်ရဲ့ရင်တဲ့ သူငယ်ပဲ။ ကဲကဲ ကျုပ်ရဲ့ ကတိအတိုင်း မောင်ရင် ကျုပ်သမီးကို ယူမလား၊ ငွေတစ်သန်းကို ယူမလား ကြိုက်ရာရွေးပေတော့”
အဲ့ဒီမှာတင်လူငယ်က ဒေါသတကြီးနဲ့ “ဒီမှာ နားထောင်၊ ကျုပ်ခင်ဗျား သမီးကိုလည်း မလိုချင်ဘူး၊ ငွေတစ်သန်းလည်း မလိုချင်ဘူး။ သိချင်တာ တစ်ခုဘဲရှိတယ်။ ဘယ်သကောင့်သားက အားယားပြီး ကျုပ်ကို ဒီကန်ထဲကို တွန်းချလိုက်တာလဲ”

5 comments:

  1. ဟားဟားးးး ဒီလိုဟာသတွေ ရှိရင် ဆက်ရေးပါအုန်းဗျာ ...ဖတ်လို့ကောင်းတယ်

    ReplyDelete
  2. ဟားဟား ဟုတ်တယ်ဗျို့ ဆက်ရေးပါ

    ReplyDelete
  3. ရေးမယ်ဗျို့ မြှောက်ပေးလို့ကတော့ ကပြီးသား။ တက်တော့ မတက်ပါရစေနဲ့နော်... :p

    ReplyDelete
  4. ငယ်သွေးFebruary 11, 2012 at 8:14 PM

    အများကြီးရေးပေးအုံးနော် အရမ်းရီရတယ် ။ စိတ်ညစ်နေတဲ့အချိန်မှာ ဒီလို စာစုလေး တခု က လူတွေရဲ့ စိတ်အားဖြည့်ဆေးတခုပဲနော် ကျေးဇူးအများကြီး တင်တယ်နော်

    ReplyDelete
  5. အချိန်တိုအတွင်း အောင်မြင်နည်းလေးကိုတော့ ကြိုက်သွားပြီ....။ သာဒင် မင်း ကိုယ်တော်ယေရှုလုပ် ..။ အားလုံးရီရတယ်...။

    ReplyDelete