စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, October 31, 2012

အို..ဘယ့်..ဘယ် တောင်ပေါ်က ခြသေ့င်္ X


          သြော်.. ဘာလိုလိုနဲ့ အောက်တိုဘာလတောင် ကုန်ရောပေါ့။  ပြီးခဲ့တဲ့ တစ်ပတ်က စင်ကျားပေါ ခဏ ပြန်သည်။  ဘာရယ်မဟုတ်… အလုပ်ထဲမှ လွတ်ရာကျွတ်ရာကို ပြေးခြင်းဖြစ်သည်။  အခွန်ကိစ္စတွေ ရှင်းသည်။  ကျန်တဲ့ရက်နားသည်။  နားတော့ ဘယ်မှ လျှောက်မသွားဖြစ်။  ချယ်ရီမြေတစ်ခေါက်ရောက်သည်။  ကျန်တဲ့ ရက်တွေကတော့ အိမ်မှာပဲ ကပ်နေဖြစ်သည်။  ကပ်နေဖြစ်ဆို အိမ်က သူငယ်ချင်းတွေက PS3 ၀ယ်ထားတော့ ဘောလုံး လှိမ့်ကန်နေခြင်းသာဖြစ်သည်။  ကန်သည့်ပွဲတိုင်းက ရှုံးသည်။  PS2 နှင့် အတော်ကွာသည်။ 
          သွားရည်ကျနေသော ပန်းသီးရဲ့ ရက်တီးနား ရုပ်ထွက်နှင့် မက်ဘွတ်ကြီးကို သွားငမ်းသည်။  အို… ပါးပါးလေးပါလား…. ဟာ… ရုပ်ထွက်ကောင်းလိုက်တာ… လိုချင်လိုက်တာ… လိုချင်လိုက်တာ… ရှု့မငြီးက ပါမစ်ပိတ်ထားတော့ တံထွေးမြိုချပြီး ပြန်လာရသည်။  စိတ်ကတော့ မလျှော့ချင်…. တစ်ခုခုတော့ ၀ယ်ရမှဖြစ်မည်။  ဒီတော့ ပန်းသီးရဲ့ အသစ်ထွက်တဲ့ နားကျပ်တစ်ခုနဲ့ Airport Express သာဝယ်ပြီးပြန်လာသည်။  နားကျပ်က နားထဲထိုးထည့်လို့ကောင်းတာကလွဲပြီးတော့ ထူးထူးခြားခြားတော့ ဘာမှမဟုတ်။  ဒီအသံက ဒီအသံသာဖြစ်သည်။  Dr. Dre ကမှ ပိုကောင်းသေးသည်။ Airport Express နဲ့ဆိုရင်တော့ Wifi နဲ့ ဆောင်းဘောက်တွဲပြီး သီချင်းဖွင့်လို့ရမည်။  ဒီလိုနဲ့ ရှန်ဟိုင်းပြန်ဖို့ ချန်ဂီ လေဆိပ်ရောက်တော့ 32G iPod သွားတွေ့သည်။  Duty Free ဆိုတော့ ၃၇၀ လောက်ပဲပေးရသည်။  တန်သည်… ၀ယ်သည်။  ရှု့မငြီး က ဒါကို ၀ယ်မှန်းမသိချေ။  သို့ပေမယ့် နားကျပ်တစ်ခုကတော့ ပိုနေပြီ။
          ဒီလိုနှင့် တရုတ်ပြန်ရောက်လာသည်။  မက်ဘွတ်ကြီးကတော့ လိုချင်တုန်း….။  အို.. ဘာဖြစ်ဖြစ်ပေါ့လေ.. စိတ်ထိန်း စိတ်ထိန်း။  စိတ်ထိန်းလို့မရတော့ ခုသုံးနေတဲ့ ကွန်ပျူတာကို OS X Mountain Lion ပုံစံအတုကို ဟောဒီကနေ 32bit အတွက်ရွေး၊ ဒေါင်းပြီးတော့ သွင်းပစ်လိုက်သည်။  ပေါ်လာတာလေးတွေက ဟို ရက်တီးနားရုပ်ထွက်ဟာကြီးနဲ့ ဆင်တင်တင်ဆိုတော့ ဘာပဲဖြစ်ဖြစ် နေသာထိုင်သာ အတော်ရှိသွားသည်။ 

စက်စတက်တော့ Windows 7 ဆိုပြီး မပေါ်တော့။  Starting Mac OS X ဆိုပြီး ပေါ်လာသည်။  Login Page လဲ ပုံစံပြောင်းသွားသည်။

Shut Down ချလိုက်တော့လဲ ပန်းသီးပုံလေးပေါ်ပြီး Shut Down ကျသွားသည်။ 

ဒါပေမယ့် အဲ့ဒီသွင်းလိုက်တဲ့ ဟာကြီးက အတော့်ကို နားပူတဲ့ဟာ.. တင်.. တောင်… တင်.. တောင်နဲ့ အသံစုံကို အလိုလိုနေရင်းထွက်နေတာ၊ ဘာမှားနေမှန်းတော့ မသိချေ။  အဲ့ဒါနဲ့ အဲ့ဒါကို Desktop ပေါ်မှာ Right Click နှိပ်၊ Personalize ထဲကိုဝင် Sound Festival ထဲကိုဝင် မူရင်း Default ကို တစ်ခြား Festival ဆိုတဲ့ဟာနဲ့ လဲပြီး ဖျောက်ပစ်လိုက်တော့ အသံမထွက်တော့။ အသံငြိမ်သွားသည်။ 

အဲ.. နောက်တစ်ခု ဒုက္ခပေးပြန်တာက Screen အောက်က Rocket Dock က icon တွေက ဘာမှ သိမ်းလို့က မရ။  စက်ပြန်ဖွင့်လိုက်တာနဲ့ နဂိုအတိုင်းကြီးပဲ ပြန်ပြန်ပေါ်နေတော့ ကိုယ်လိုချင်တာ ထည့်လို့မရပြန်။  သိမ်းမရတော့ Rocket Dock ကို Update ဒီမှာသွားယူပြီးတော့ နောက်ဆုံး Version  1.3.5 ကို Upadte လုပ်ပစ်လိုက်တယ်။  ပြီလဲပြီးရော… Setting တွေက ပျက်ပြီးတော့ dock ပုံစံက ဘာကြီးမှန်းမသိဖြစ်သွားပြီးတော့ Screen အောက်နားမှာနေရမယ်ဟာကနေပြီးတော့ အပေါ်ပြေးကပ်နေပြန်ရော။  အဲ့ဒါကို အဲ့ဒီ Dock ပေါ်မှာ Right Click နှိပ် Dock Setting ဆိုတဲ့နေရာကိုသွား Position ဆိုတဲ့နေရာကိုသွား အောက်ကိုပြန်ဆွဲချ။
ပုံစံပျက်သွားတဲ့ dock ကို Apple OS ရဲ့ Screen နဲ့တူအောင် ဟောဒီကိုသွား… Mountain Lion + Leo Pad Skin ဆိုတဲ့Theme အသစ်ထပ်ယူ။  Download လုပ် ပြီးတော့ အဲ့ဒီအထဲ Fileထဲက Mountain Lion + Leo Pad Skin 1 ဆိုတဲ့ဟာကို ရွေး။  အဲ့ဒီ File ကို C: ထဲက Program Files ထဲက Rocket Dock ထဲကိုသွား… အဲ့ဒီထဲက  Skin ဆိုတဲ့ Folder ကိုဖွင့် ပြီးတော့ အဲ့ဒီ Mountain Lion + Leo Pad Skin 1 ဆိုတဲ့ File ကို ကော်ပီကူးထည့်။
          ပြီးတော့ စောစောက Rocket Dock ပေါ်နေတဲ့နေရာကိုသွား Right Click နှိပ်၊ Dock Setting ထဲကို ပြန်ဝင်၊ ပြီးတော့ Styles ဆိုတဲ့အထဲကို ပြန်ကြည့်လိုက်ရင် Mountain Lion + Leo Pad Skin 1 ဆိုတဲ့ဟာလေး ပေါ်နေရော။  အဲ့ဒါလေးကို ရွေးလိုက်။  အဲ့ဒါဆိုရင် မနဲဟုတ်သွားပြီ။  လိုနေတာက Icon တွေ။
ဒါက အားလုံး ပြင်ပြီးသွားလို့ ခုလို မြင်နေရတာ... မဟုတ်ရင် အတော့်ကို ရုပ်ဆိုးသပ...

          အိုင်ကွန်တွေအတွက် ဟောဒီလင့်ကိုသွားပြီးဒေါင်း။ ပြီးရင် အဲ့ဒီက ကျလာတဲ့ ဖိုင်ကို ဖြည်၊ ပြီးရင် Icon တွေကို ကော်ပီကူး၊ C: အောက်က Program Files အောက်က Rocket Dock ထဲကိုသွား၊ ပြီးရင် Icon ဆိုတဲ့ နေရာမှာ ကော်ပီကူးထည့်။  ပြီးရင် Desktop ကိုပြန်လာ Rocket Dock ဘားမှာ Right Click ပြန်နှိပ် မလိုချင်တဲ့ အိုင်ကွန်တွေကို ထုတ်(အိုင်ကွန် ဖယ်ထုတ်တယ်ဆိုတာက မလိုချင်တဲ့ icon တွေကို click ဖိပြီးတော့ dock အပြင်ကို drag လုပ်လိုက်ယုံပဲ)၊ လိုချင်တဲ့ Folder တွေ၊ Software shortcut တွေပြန်ထည့်။  လိုချင်တဲ့ Icon ပုံစံလေးတွေကို Rocket dock ပေါ်မှာ ပေါ်နေတဲ့ Icon လေးတွေကို Right Click နှိပ်၊ change Icon ဆိုတာကို နှိပ်ပြီး လိုချင်တဲ့ Icon လေးတွေ ရွေး၊ ပြီးတော့ change။  အားလုံးကျေနပ်ရင် Rocket Dock Setting ထဲက General ထဲကို ၀င်ပြီးတော့ Lock လုပ်လိုက်။  ကျန်တာကတော့ စိတ်ကြိုက်လျှောက်ပြီးတော့ ကလိ။ လောလောဆယ်တော့ မနဲလေး စိတ်ချမ်းသာသွားပြီ။

          လောလောဆယ်တော့ စက်က အဲ့သလို ဖြစ်သွားပါပြီ။  မူရင်း Window Theme ကိုဘယ်လို ပြန်ပြောင်းမလဲ မမေးပါနဲ့။  မသိသေးပါဘူးခင်ဗျာ။  လောလောဆယ်တော့ ဒီနေ့ Date ကိုမှတ်ထားတယ်။  မကြိုက်တော့လို့ Recovery လုပ်လိုက်ရင်တော့ ဒုံရင်း၊ ဒုံရင်းကို ပြန်ရောက်နိုင်မယ်ထင်ပ။

2 comments:

  1. အမလေး..နားထောင်ရတာတောင်တော်တော်ရှုပ်တယ်။ ကိုယ့်ဟာကိုယ်သာလုပ်ရင်ဘာတွေပျက်ကုန်မယ်မသိ။
    ကျမကအရင်အဟောင်းပန်းသီးမက်ဘွတ်သုံးနေတာ။ ကျမခုတလော ဖိုင်းယာ။ဖောက်စ်ရယ် စကိုက်ပ်ရယ် ပြဿနာဖြစ်နေလို့ စိတ်ညစ်နေတာ။ ကိုအေအိတ်ခ်ျလိုလျှောက်လုပ်ပစ်လိုက်ချင်တယ်။ မလုပ်ရဲဘူး။ ဟူး...း)
    အိုင်အိုရာ

    ReplyDelete
  2. မူးထာာဗျာ ... စာလဲဆုံးအောင်ဖတ်ပီးကော ဘယ်ကစပီး ပြန်လုပ်ရမှန်းမသိလို့ အာ့ဟာကြီး အမှိုက်ပုံးထဲ ထည့်ပလိုက်တယ် အေးကော ... :P
    အမှန်က အဲလိုဟာမျိုး Max launch pad ဆိုတဲ့ ပေါ့တေးဘယ် ဆော့ဝဲလေးရှိတယ်ဗျ .. အဲကောင်သုံးရင် သိပ်ပီး လိုက်ပြောင်းစရာမလိုဘူး သူ့ဘာသာသူ ပြောင်းပေးသွားတယ် . ... သုံးလို့ကောင်းတယ်ပေါ့ဗျာ .. မက်စိုးဒိုင်ရာရီ ဆိုတဲ့ဆိုက်မှာ ရှိတယ်ဗျ ...

    ReplyDelete