CA0162
ဆိုတာက ချန်ပန်ဇီ မျောက်ကလေးရဲ့ နာမည်ပါ။ သူ့ဘ၀က
တစ်ကယ်တမ်းတော့ ပျော်ရွှင်စရာ ဘ၀တစ်ခုမဟုတ်ခဲ့ပါဘူး။ ၁၀ ရက်သားအရွယ်ကလေးမှာပဲ သူ့မိခင်လက်ထဲကနေ စမ်းသပ်ခန်းထဲကို
ရွှေ့ပြောင်းခံခဲ့ရတယ်။ အဲဒီ သိပ္ပံစမ်းသပ်ခန်းထဲမှာပဲ
သူဟာ ကူညီရာမဲ့ စမ်းသပ်မှု့မျိုးစုံကို ခံခဲ့ရတယ်။
ရင်ကြပ်ပန်းနာဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ စသည် စသည်အားဖြင့် ဆေးမျိုးစုံစမ်းသပ်ဖို့ရာ
သူ့ကိုယ်ထဲကို ထိုးသွင်းခြင်းခံခဲ့ရတယ်။ ဒီလိုနဲ့
သူ့ရဲ့ အသည်းဟာလည်း ဆိုးဆိုးဝါးဝါးကို ထိခိုက်ခဲ့ရပါတယ်။ သူ့ရဲ့ ရင်ဘတ်မှာ စမ်းသပ်ခန်းကနေပြီးတော့ CA0162 ဆိုတဲ့ စာတမ်းကို ဆေးမှင်ထိုးထားပါတယ်။
စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Tuesday, January 29, 2013
Saturday, January 26, 2013
အလုပ်ထဲမှာ ဒီလိုရှိတယ် (၂)
သူ့အရပ်နဲ့
သူ့ဇာတ် ဆိုသလို နေရာဒေသလေးတွေနဲ့ ပါတ်သတ်ပြီးတော့ အစွဲအလမ်းလေးတွေလည်း ရှိကြပါတယ်။ တရုတ်ပြည်က တချို့နေရာတွေမှာလည်း ဒီလို အစွဲလေးတွေကို
တွေ့ရတတ်တာပဲ။
အခါတော်ပေး နတ်ရေးငယ်ငင်
ကျွန်တော့်
အရင်အလုပ်ကထွက်ပြီးတော့ Owner ဘက်က Representative အဖြစ်ပြောင်းလုပ်ဖြစ်တယ်။ အဲဒီအချိန်ကစပြီးတော့ တရုတ်ဘက်ကို ရောက်သွားတာပဲ။ ပထမဆုံးစရောက်သွားတာက Keppel Nantong ဆိုတဲ့ သင်္ဘောကျင်း။ စလုံးကနေ အခွဲဖွင့်ထားတဲ့ ကျင်းပါ။ အရင် အဲဒီ ပရောဂျက်ရဲ့ Owner Rep. တွေကလည်း မြန်မာတွေပဲ။ နောက် အဲဒီအကိုက အလုပ်နောက်တစ်ခုကို ရွှေ့သွားတော့
သူ့နေရာကို ကျွန်တော်က လူစားဝင်တာ။ အဲဒီကျင်းမှာ
သင်္ဘော ၆စီး ဆောက်နေတဲ့ အချိန်။ တရုတ်စရောက်သွားတဲ့အချိန်မှာ
ပထမဆုံးသင်္ဘောက ရေချဖို့လုပ်နေပြီ။
အဲဒီမှာ
ပြဿနာက စတာပဲ။ သင်္ဘောက ရေချလို့ကို လုံးဝမရတာ။ Launching Rail ကရုရှားတွေ သင်္ဘောရေချတဲ့ပုံစံမျိုးဆောက်ထားတာ။ ရထားသံလမ်းလို လမ်းနှစ်လမ်းပြေးထားမယ်။ ပြီးရင် သင်္ဘောကို သံလမ်းအပေါ်မှာ ဘီးတွေဆင်ထားတဲ့
Skid ပေါ်တင်ထားမယ်။ ပြီးတော့ အဲ့ဒီ Skid ကို
Winch နဲ့တွဲပြီး ရေထဲကို လျှောသွားတဲ့ သံလမ်းအတိုင်း တဖြည်းဖြည်းဆွဲယူသွားပြီး ရေတက်ချိန်ကိုစောင့်၊ ရေတက်လို့ သင်္ဘောကြွတက်လာရင် ဒါပြီးပြီပေါ့။ ဒါပေမယ့် အဲဒီတစ်ခေါက်က တော်တော့်ကို ပြဿနာတက်တာ။ ဆွဲချလိုက် လမ်းမှာ ဂျမ်းဖြစ်လိုက်၊ ပြန်ဆွဲတင်လိုက်။ နောက်တစ်ခေါက် ရေချပြန်တော့လည်း ရေချခါနည်း
Launching Rail ကို Container သင်္ဘောက ၀င်တိုက်သွားပြန်ရော။ အဲဒါကို ပြန်ပြင်လိုက်။ ဒီလိုနဲ့ ၆ ခေါက်မြောက်အထိ
ပထမဆုံး သင်္ဘောက ဘယ်လိုမှ ရေချလို့မရပြန်ဘူး။
နောက်ဆုံး ၇ ခေါက်မြောက်ကျတော့ သင်္ဘောရှေ့မှာ ပွဲတွေဘာတွေပေး။ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ကြက်ကင်တွေ ဘာတွေနဲ့
ကျကျနန ပွဲပေးပြီး ချကြည့်လိုက်တော့ အဆင်အချောသားဗျာ။ ဟုတ်သည်မဟုတ်သည်တော့မသိ။ နောက်သင်္ဘောတွေကျတော့လဲ ပွဲတွေဘာတွေ အထူးတလည်ပေးမနေပါဘူး။ ဒီလိုပဲ ချောချောမောမော ရေထဲရောက်သွားတာပါပဲ။ တိုက်ဆိုင်တယ် ပြောရမှာပေါ့လေ။
Friday, January 25, 2013
အလုပ်ထဲမှာ ဒီလိုရှိတယ် (၁)
ကျွန်တော့်အလုပ်က
သင်္ဘောဆောက်တဲ့ ရပ်ဝန်းထဲမှာပဲ ကျင်လည်နေရတာ။
ဒီလိုပါပဲ တခါတလေ ပျော်စရာလေးတွေ တွေ့ရတတ်သလို၊ တခါတလေကျတော့ အလွဲလေးတွေ တွေ့ရတတ်ပါတယ်။ စိတ်ဖိစီးမှု့ကတော့ ရံဖန်ရံခါ ရှိတတ်တာပေါ့လေ။ ထားလိုက်ပါတော့လေ။
ချာလည်လည်
ပထမဆုံး
အလုပ်စလုပ်ဖြစ်တာက စလုံးက သင်္ဘောကျင်းမှာ။ အဲဒီတုန်းက
Engineering Department မှာ လက်ထောက် အင်ဂျင်နီယာပေါ့။ အဲဒီဋ္ဌာနမှာက အန္ဒိယက Draft Man ပုံဆွဲလေးတွေ ရှိတယ်။ ဆိုတော့ ဒီဇိုင်းကို ဟိုလိုလေး ပြင်ချင်တယ်၊ ဟိုဟာလေး
ဖြည့်ချင်တယ် စသည်အားဖြင့် Modify လုပ်ချင်တာလေးတွေကို အဆိုပါ အန္ဒိယနွယ်ဖွား ကုလားလေးတွေနဲ့
နှစ်ပါးခွင်ကရသပေါ့။ ပထမဆုံးစရောက်တော့ ထုံးစံအတိုင်း
ကုလားလေးကို ဟိုလိုလေးပြင်ချင်တယ်၊ ဒီလိုလုပ်ချင်တယ် စသည် စသည်အားဖြင့် ရှင်းပြတယ်။ ပြီးတော့ နားလည်လားဆိုတော့ ဟို ကုလားလေးက ခေါင်းခါပြသဗျ။ နားမလည်ဘူးထင်တော့ နောက်တစ်ခေါက်ရှင်းပြ။ နားလည်လားလို့မေးတော့ ခေါင်းခါပြပြန်ရော။ တတိယမြောက်အကြိမ်ကျတော့ နည်းနည်း ကျွဲမြီးတိုလာရော….
ငါပဲ ရှင်းမပြတတ်တာလား၊ ဒင်းပဲ နားမလည်တာလားဆိုပြီး
မင်း နားလည်တာလား နားမလည်တာလားဆိုပြီးမေးတော့မှ ဟင် ငါနားလည်တယ်လို့ မင်းကို ခေါင်းခါပြနေတာပဲဟာကို
ဆိုတော့မှ သြော်… ဒင်းတို့က နားလည်လည်း ခေါင်းခါ၊ နားမလည်လည်း ခေါင်းခါ သကိုးဆိုပြီး
စသိတာ။ နောက်ပိုင်း စကားစပ်မိရင်း အန္ဒိယတွေ
ခေါင်းခါတာ ခါတာနဲ့ ပြောကြတဲ့အကြောင့် ပြောကြတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကနောက်တယ်။ အန္ဒိယတွေ ဦးနှောက်ထဲမှာ အပေါက်တစ်ပေါက်ရှိသတဲ့။ နောက်ပြီးတော့ ဂေါ်လီလုံး တစ်လုံးလဲရှိသတဲ့။ ဒီတော့ ဒီအပေါက်ထဲကို ဂေါ်လီလုံးကျသွားရင် အသက်ရှုပေါက်ပိတ်ပြီးတော့
အသက်ရှုလို့မရတော့ဘူးပေါ့လေ။ အဲဒီတော့ သူတို့
စကားပြောတိုင်းမှာ ခေါင်းကို တစ်လှုပ်လှုပ်နဲ့ ဂေါ်လီလုံး အပေါက်ထဲမကျအောင် ထိန်းထိန်းပြောရတာပါတဲ့။
Thursday, January 24, 2013
အရွယ်လွန်….
အရွယ်လွန်လို့
ခေါင်းစဉ်တပ်လိုက်ပေမယ့် ဟင် ဒါမျိုးက ဖြစ်နိုင်ပါ့မလားလို့ ထင်ကောင်းထင်မိမယ်။ ဒါပေမယ့် ဒါဟာ လက်ရှိ ရှန်ဟိုင်းနဲ့ ဘေဂျင်းလို
အာဘန်(Urban) မြို့ကြီးတွေမှာ လူနေမှု့ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခု။ တစ်ကယ်တော့ အရွယ်လွန်တွေရဲ့ ခံစားမှု့ကို ကိုယ်စားဝင်ပြီးတော့
ခံစားကြည့်ရင် တော်တော်လေး အထီးကျန်ဆန်တာကို တွေ့ရတယ်။ အပြင်ပိုင်းမှာ သွက်လက်တက်ကြွ ထက်မြက်တဲ့ သဏ္ဍာန်နဲ့
လုပ်ငန်းခွင်တွေမှာ အလုပ်ကိုယ်စီ လုပ်နေပေမယ့် သူတို့ဘ၀မှာ ၀မ်းနည်းစရာတွေ ကြုံတဲ့အခါ၊
တစ်ဦးဦးကို ရင်ဖွင့်ချင်တဲ့အခါမှာ ရင်ခွင်ဖက်မရှိတဲ့ အဖြစ်ကို တစ်ခါတစ်လေ အလန့်တကြားတွေ့မိကြတယ်။
Wednesday, January 23, 2013
သွားကြဦးမလား စက်ရုပ်စားသောက်ဆိုင်
တရုတ်နိုင်ငံ
ဟာဘင်မြို့မှာတော့ စက်ရုပ်စားသောက်ဆိုင် အသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။ ဒီစားသောက်ဆိုင်မှာတော့ ဧည့်ကြို၊ စားဖိုမှုး၊ စားပွဲထိုးကစလို့
အားလုံးဟာ စက်ရုပ်တွေချည်းပါပဲတဲ့။ တစ်ကယ်လို့
သင်သွားပြီး စားသောက်မယ်ဆိုရင် ဧည့်ကြို စက်ရုပ်က သင့်ဆီလာပြီးတော့ “စက်ရုပ်စားသောက်ဆိုင်မှ
ကြိုဆိုပါတယ်ရှင်… လူကြီးမင်းတို့အားလုံး မင်္ဂလာပါ”
ဆိုပြီး နှုတ်ဆက်ဦးမှာ။ ပြီးတော့ စားချင်တာတွေကို
Menu ကြည့်ပြီးမှာလိုက်၊ စက်ရုပ် စားဖိုမှုးက
ချက်ပြုတ်ကြော်လှော်ပေးဦးမှာ။ ပြီးရင် စက်ရုပ်စားဖွယ်ထိုးက
သင့်စားပွဲအရောက် အစားအသောက်တွေ လာပို့ဦးမှာပါတဲ့။
ဒီ
စက်ရုပ်စားသောက်ဆိုင်မှာတော့ စက်ရုပ်စားပွဲထိုးပေါင်း ၂၀ လောက်က မှာယူတဲ့ ဟင်းလျှာတွေကို
ပို့ဆောင်ပေးပြီးတော့၊ ဖက်ထုတ်တွေ၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲပြုတ်တွေ မှာယူလို့ရပါတယ်။ သင် စားသောက်နေတဲ့အချိန်မှာလည်း စက်ရုပ် ဖျော်ဖြေရေးအဖွဲ့က
တေးသီချင်းတွေ သီဆိုတီးမှုတ်ပြီး ဖျော်ဖြေပေးဦးမှာပါတဲ့။
Monday, January 21, 2013
မောင်ဝဏ္ဏနှင့် တွေ့ဆုံခြင်း
၁၉၈၂ခုနှစ်၊
နိုဝင်ဘာလ ပေဖူးလွှာမဂ္ဂဇင်း အမှတ် ၁၈ ရဲ့ အင်တာဗျူး မှာ ဆရာ ဦးဝင်းငြိမ်းက ဆရာ မောင်ဝဏ္ဏကို
အင်တာဗျူးထားတဲ့ အခန်းလေးပါ။ ဆရာ မောင်ဝဏ္ဏရဲ့
အနုပညာအပေါ် တန်ဖိုးထား ခုံမင်မြတ်နိုးမှု့ကို ကြိုက်လွန်းလို့ ဘလော့ဂ်ပေါ်ကို တင်ဖြစ်သွားတာပါ။
“ပထမအချက်အနေနဲ့ ဆရာ ဘယ်အချိန်၊ ဘယ်အရွယ်ကစပြီး
စာပေကို စိတ်ဝင်စားခဲ့တယ်ဆိုတာက စ,လိုက်ရအောင်”
“ကျွန်တော့်အဖေက ပဒေသာမဂ္ဂဇင်းတို့၊ စာသဘင်စာအုပ်တိုက်တို့
လုပ်ထားတော့ အိမ်မှာ ကျွန်တော်တို့ ငယ်ငယ်ကထည်းက စာရေးဆရာ အ၀င်အထွက် အများကြီးရှိတယ်။ ဦးအောင်လင်း၊ ဦးလေးသော်တာဆွေ၊ ဦးတင့်တယ်၊ ဦးလေးဘုန်းမြင့်၊
ဦးလေး ကိုတင်အောင်(ဗန်းမော်)တို့ပေါ့။ ဒီတော့
ကျွန်တော်တို့ စာအုပ်ပုံကြားမှာ ကြီးရသလို ဖြစ်နေတယ်။ အဲဒီတော့ ဒီ ပတ်ဝန်းကျင်နဲ့ ဆက်စပ်မှု့ ရှိနေတာပေါ့လေ။ နောက် စာသဘင်က ထုတ်တဲ့ ဦးလေးကိုတင်အောင် ၀တ္တုတွေ၊
ဦးဘုန်းမြင့် ၀တ္တုတွေ ဖတ်တယ်။ နောက်တော့ တဖြည်းဖြည်း
တခြားဝတ္တုတွေပါ ဖတ်လာတယ်။
အဲဒီတုန်းက ၁၉၅၀ ပြည့်နှစ်တွေမှာ တစ္ဆေ၀တ္တုတွေ
ခေတ်စားနေတယ်။ ဒါပေမဲ့ ကျွန်တော်က အဲဒီဝတ္တုတွေကို
စိတ်မ၀င်စားဘူး။ အဲဒီလို တစ္ဆေ၀တ္တုတွေ သိပ်ခေတ်စားနေပေမယ့်
ကျွန်တော် မဖတ်ဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်တို့က နားရည်ဝနေပြီ ဆိုရမလားဘဲ။ စာပေလောကထဲမှာရှိတဲ့
အဲဒီအချိန်က အများစုဖြစ်တဲ့ ဦးတင့်တယ်တို့၊ ဦးသော်တာဆွေတို့၊ ကျွန်တော့်အဖေတို့၊
ဗန်းမော်တင်အောင်တို့၊ သူတို့ချင်း ပြေနေတဲ့ စကားတွေ ကျွန်တော်တို့ ငယ်ငယ်ကထည်းက ကြားနေရတယ်။ အဲဒီတော့ ကျွန်တော့်မှာ စာပေ စိတ်ဝင်စားစေတဲ့ ပတ်ဝန်းကျင်
ရှိနေတယ်။ ဒါ ကျွန်တော် စာပေကို စိတ်ဝင်စားစေတဲ့
အကြောင်းပါပဲ။
နောက်ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ၀တ္တုတွေ
ဖတ်ပြီး ကိုယ်တိုင် ရေးချင်စိတ် ရှိလာတယ်။
ဒါက ရှင်းရှင်းကလေးပါ။ ၀တ္တုဖတ်တဲ့ သူတိုင်းဟာ
အခွင့်အရေးရရင် ရေးဖြစ်သွားကြတာပါပဲ။ ကျွန်တော့်မှာကတော့
အဖေ စာအုပ်တိုက် လုပ်နေတုန်းက စာရေးဖို့ အခွင့်အလမ်းမရခဲ့ပါဘူး။ ကျွန်တော်က ငယ်သေးတာကိုး။ ရုပ်ရှင်နဲ့ ပတ်သက်လို့လည်း အဲဒီလိုပဲ။ အဖေ့လုပ်ငန်းတွေ ကြည့်ပြီး နားရည်၊ မျက်စိရည်ဝသွားတာပဲ
ရှိတယ်။ လုပ်ဖို့ အခွင့်အလမ်းမရခဲ့ဘူး။
ကျွန်တော် စာစရေးဖြစ်တာကတော့ ရန်ကုန် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်က
‘အတွေးအခေါ် မဂ္ဂဇင်း’ မှာပါ။ ကျွန်တော် တက်နေတဲ့
ဒဿနိကဗေဋ္ဌာနက ထုတ်တာပါ။ ၁၉၆၈-၆၉ လောက်ကထုတ်တယ်။ အဲဒီမှာ ကျွန်တော် ကဗျာတစ်ပုဒ် စရေးဖြစ်သွားတယ်။ နာမည်က ‘ကားလမ်းဘေးက ဆိုင်းဘုတ်ကလေး’ပါ။ ဒါ ကျွန်တော် ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံရတဲ့
စာပါပဲ။
Tuesday, January 15, 2013
ကျွန်တော်နှင့် ဘေဂျင်း အပိုင်းအစများ ၂
ဘေဂျင်းကိုရောက်တော့ ည ၁၀ နာရီလောက်ရှိနေပြီ။ နန်းတော်ဘေးက Jade Garden Hotel မှာ တည်းဖြစ်သည်။ ဟိုတယ်ကတော့ ရှေးမူမပျက်ကို ခေတ်မီအောင်ပြင်ထားသည်၊
ကြယ်လေးပွင့်လို့ ပြောထားပေမယ့် ကြယ် ၃ ပွင့်သာသာ တော့ ရှိမည်။ ပစ္စည်းတွေချပြီးတော့ ဟိုတယ်ရဲ့ ဘားမှာပဲ ဘီယာစုပ်ရင်း
စကားပြောဖြစ်သည်။ သိပ်တော့ ထွေထွေထူးထူးမဟုတ်လှ၊
သင်္ဘောအကြောင်းသာ ပြန်ရောက်သွားသည်။
နောက်နေ့မနက် ၇နာရီလောက်ကျတော့
Forbidden City ဘက်ကို လမ်းလျှောက်သွားဖြစ်သည်။
ဘေဂျင်းဆောင်းသည် အတော်လေးအေးနေပြီဖြစ်သည်။ -၁၅ လောက်ဆိုတော့ မြင်လေရာရာ ရေခဲနေပြီ။ သို့သော် Humidity က နိမ့်တော့ ခြောက်ခြောက်သွေ့သွေ့နှင့်
နေသာထိုင်သာရှိသည်။ ရှန်ဟိုင်းလို မိုးရွာပြီး
အေးနေတာထက်စာရင် အများကြီး နေသာထိုင်သာရှိသည်။ ကံကောင်းသည်က ဘေဂျင်းတွင် နေသာနေခြင်းဖြစ်သည်။
Subscribe to:
Posts (Atom)