စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, October 10, 2011

ကမ္ဘာ့အလှဆုံး ပိုက်ဆံများ

ဒီတစ်ခါတော့ အမေရိကန် ဒေါ်လာ ဘယ်လောက်တန်အထိ မြင်ဖူးလဲ? မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံး ပိုက်ဆံလေးတွေကို တင်ပေးလိုက်ပါတယ်။
A Costa Rican banknote for five colones. It shows Rafael Yglesia Castro, president of Costa Rica from 1894 to 1902 and a Guaria Morada orchid, Costa Rica's national flower. The current series of banknotes is being replaced throughout 2010.
ကော်စတာရီကာ နိုင်ငံရဲ့ ငါးကျပ် တန်ပိုက်ဆံပါ။  ၁၈၉၄ မှ ၁၉၀၂ အတွင်း ကော်စတာရီကာရဲ့ သမ္မတ ရာဖေး ရက်လီရှား ကက်စရို ရဲ့ ပုံနဲ့ ဂွာရီယာ မိုရာဒါ သစ်ခွပန်း(ကော်စတာရီကာရဲ့ နိုင်ငံကိုယ်စားပြု ပန်း)ကိုဖော်ပြထားပါတယ်။  ဒီပိုက်ဆံတွေကိုတော့ ၂၀၁၀မှာ အသစ်လဲလှယ်သုံးစွဲကြပြီ ဖြစ်ပါတယ်။


A Canadian banknote for five dollars, depicting children playing ice hockey. The verse is from a Roch Carrier short story, and reads: "The winters of my childhood were long, long seasons. We lived in three places - the school, the church and the skating rink - but our real life was on the skating rink."
ကလေးတွေ ဟော့ကီကစားနေတဲ့ပုံနဲ့ဖောပြထားတဲ့ ကနေဒါ ၅ ဒေါ်လာတန် ပိုက်ဆံပါ။  ဒါဟာ ရော့ခ်ျ ကယ်ရီယာရဲ့ ၀တ္တုတို "ကလေးဘ၀ ဆောင်းရာသီဟာ အလွန့် အလွန်ကို ရှည်လျှာတယ်၊ ကျွန်တော်တို့ ကျောင်းရယ်၊ ဘုရားရှိခိုးကျောင်းရယ်၊ စကိတ်စီးတာရယ် ဒါနဲ့ဘဲ ကုန်လွန်ရတယ်၊ ဒါမေမယ့် အကယ့် ပျော်ရွှင်စရာ ဘ၀ကတော့ စကိတ်စီးခြင်းသာဖြစ်တယ်" ဆိုတဲ့ ၀တ္တုလေးကို ဖော်ကျူးထားတာပါ။

A colourful five dollar Australian note. In 1965, Australia adopted the name "royal" for its currency, but it was later dropped in favour of the dollar.
အရောင်သွေးစုံတဲ့ ဒီ ပိုက်ဆံစာ ၁၉၆၅ခုနှစ် က ထုတ်ဝေခဲ့တာပါ။  သြစတျေးလျှ ကတော့ ဒီပိုက်ဆံကို နန်းဆန်တဲ့ ပိုက်ဆံလို့အဲ့ဒီရာစုနှစ်က သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီပိုက်ဆံကို လူကြိုက်နည်းလာခဲ့ပါတယ်။

A note for one Egyptian pound. All Egyptian banknotes are bilingual.
အီဂျစ် ပိုက်ဆံ "အီဂျစ်ပေါင်" ရဲ့ ပိုက်ဆံ တစ်မျိုးပါ။  ဒီပိုက်ဆံတွေကို ဘာသာ ၂မျိုးနဲ့ ဖော်ပြပါတယ်။

A 100 dirham note from the UAE, showing the World Trade Centre. A falcon watermark is placed on all UAE banknotes to help prevent fraud.
ဒါကတော့ ယူအေအီးနိုင်ငံရဲ့ တစ်ရာ ဒါဟမ် ပိုက်ဆံပါ။  ကမ္ဘာ့ ကုန်သွယ်ရေး ဋ္ဌာနပုံကိုလည်း ဖော်ပြထားပါတယ်။  ယူအေအီနိုင်ငံရဲ့ ပိုက်ဆံတိုင်းမှာ သိန်းငှက်ပုံကို ဖော်ပြပါတယ်။ ရည်ရွယ်ချက်ကတော့ လိမ်လည်လှည့်ဖျားမှု့တွေကို ကာကွယ်ဖို့ပါတဲ့။


A five rupee note from Pakistan. The port depicted is Gwadar port, which opened in 2008.
ပါကစ်စတန်နိုင်ငံရဲ့ ၅ ရူပီး တန်ပိုက်ဆံပါ။  ဒါပိုက်ဆံမှာတော့ ၂၀၀၈ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ဂါဝါဒါ ဆိပ်ကမ်းပုံ ကို ဖော်ပြထားပါတယ်။

A five ringgit note from Malaysia showing the Kuala Lumpur International Airport, the Petronas Twin Towers, and the Multimedia Super Corrido.
မလေးရှာနိုင်ငံရဲ့ ၅ ရင်းဂစ်တန် ပိုက်ဆံမှာတော့ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်ကို ဖော်ပြထားပါတယ်။ ဒါ့အပြင် ပက်ထရိုးနက် အမွှာမျှော်စင်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။  ဒါအပြင် Multimedia Super Corrido ကိုလည်း ဖော်ပြထားပါသေးတယ်။

A 20 rand note from South Africa. Each in this series of banknotes features a different animal from the "big five".
တောင်အာဖရိကနိုင်ငံရဲ့ ၂၀ ရန်ဒ်ပိုက်ဆံပါ။  ဒီ ပိုက်ဆံတွေမှာတော့ အမျိုးမျိုးသော "ကြီးမားသော တိရစ္ဆာန်ငါးကောင်" လို့ သူတို့တင်စားတဲ့ တရစ္ဆာန်ပုံတွေကို ဖော်ပြထားပါတယ်။

A colourful, floral 1000 note from French Polynesia, where the currency is the CPF franc.
ဒါကတော့ ဖရန်ရှ် ပိုလီနီရှား နိုင်ငံရဲ့ ၁၀၀၀ တန် ပိုက်ဆံဖြစ်ပါတယ်။  ဒီပိုက်ဆံတွေကိုတော့ CPF franc လို့ ခေါ်ပါတယ်။

A 500 baht note from Thailand. This is roughly equivalent to £10 of British money.
ထိုင်းနိုင်ငံရဲ့ ဘတ် ၅၀၀ တန် ပိုက်ဆံပါ။  ဒါဟာ ပျမ်းမျှ အင်္ဂလန် ၁၀ ပေါင်နဲ့ ညီမျှပါတယ်။

A Surinamese ten dollar note. The dollar replaced the Surinamese guilder in January 2004. 
ဒါကတော့ စူရီနမ်မီစ် ရဲ့ ၁၀ ဒေါ်လာတန်ပိုက်ဆံပါ။  ၂၀၀၄ ခုနှစ်မှာ နယ်သာလန်နိုင်ငံရဲ့ အဓိကငွေကြေးစနစ်နဲ့ ချိတ်ဆက်တဲ့  ဆူရီနမ်မိစ် ပိုက်ဆံတွေနဲ့ အစားထိုးခဲ့ပါတယ်။

 A one lempira note from Honduras. The lempira was introduced in 1931, and is named after a 16th century ruler
ဟွန်ဒါရက်စ် နိုင်ငံရဲ့ ၁ လင်ပီယားပါ။  ၁၉၃၁မှာ လင်ပီးယားငွေကြေးကို စတင်မိတ်ဆက်ခဲ့ပြီး၊ ၁၆ ရာစုအကုန်အုပ်စိုးတဲ့လူတွေက ဒီနာမည်ကို ပေးခဲ့တာပါ။


A New Zealand note for five dollars, depicting New Zealand's native hoiho, or yellow-eyed penguin.
နယူဇီလန်ရဲ့ ၅ ဒေါ်လာတန်ပါ။  နယူဇီလန်နိုင်ငံမှာ ပေါက်ဖွားရှင်သန်နေတဲ့ အ၀ါရောင် မျက်လုံးရှိတဲ့ ပင်ဂွင်းပုံလေးတွေကို ကိုယ်စားပြုပါတယ်။


A Bahamian one dollar note, showing the Royal Bahamas police force band.
ဘဟားမားနိုင်ငံရဲ့ ၁ဒေါ်လာတန်ပိုက်ဆံပါ။  ဘဟားမား တော်ဝင် ရဲတပ်ဖွဲ့ရဲ့ ဘင်ခရာတီးဝိုင်းပုံကို ရိုက်နှိပ်ဖော်ပြထားပါတယ။

A one dinar note from Libya. The dinar replaced the pound in 1971.
လစ်ဗျားနိုင်ငံရဲ့ ၁ ဒင်နာ ပိုက်ဆံဖြစ်ပါတယ်။  ၁၉၇၁မှာ အခြားပုံစံကို အစားထိုး အသုံးပြုခဲ့ပါတယ်။

Indian 1000 Rupee note bearing the image of the nation's father, Mohandas K. Gandhi in front and a combine harvester, an offshore oil derrick, a satellite, and a steel furnace, with a young girl working at a computer at the back
အန္ဒိယနိုင်ငံရဲ့ ၁၀၀၀ တန် ရူပီးဖြစ်ပါတယ်။  နိုင်ငံ ခေါင်းဆောင် ဖခင်ကြီးဖြစ်တဲ့ မိုဟန်ဒက်စ် ကေ ဂန်ဒီ ကို အရှေဖက် မှာ ဖော်ပြထားပြီး၊ အနောက်ဖက်မှာတော့ စိုက်ပျိုးရေး၊ ကမ်းလွန်ရေနံ၊ ဂြိုလ်တု၊ သံရည်ကျိုလုပ်ငန်းတွေအပြင် မိန်းမငယ်တစ်ဦး ကွန်ပျူတာနှင့် အလုပ်လုပ်နေပုံတို့ကို ပေါင်းစပ်ဖော်ပြထားပါတယ်။




An Indonesian note for 1000 rupiah. The word rupiah derives from the Indian rupee. This note shows traditional houses in the city of Palembang.
အင်ဒိုနီရှာနိုင်ငံရဲ့ ၁၀၀၀ တန် ရူးပီးယားပါ။  ဒါဟာ အင်ဒီယား ရူပီးနဲ့ မတူဘဲ ရူပီးယားလို့ ခေါ်ပါတယ်။ ဒီပိုက်ဆံဟာ အင်ဒိုနီရှားနိုင်ငံရဲ့ ရိုးရာ ပါလမ်ဘန်းက အိမ်ကို ရိုက်နှိပ်ဖော်ပြထားပါတယ်။

Source : (Link)


9 comments:

  1. ဘလော့မှာတင်မယ့်အစား
    သီတင်းကျွတ်လက်ဆောင်အဖြစ်အပြင်မှာပေးပါလား
    ဒါဆိုရင်ကျေးဇူးအများကြီးတင်မှာ....

    ReplyDelete
  2. ဘိလပ်က ပေါင်တွေလဲ လှပါ့ဗျား။း))

    ခင်မင်လျှက်

    ReplyDelete
  3. များတို့ ၅၀၀၀ တန်ကြီးရောမပါလားဟင် ကိုအားထောင်း)

    ReplyDelete
  4. အားလုံး လှကြတယ် ဗဟုသုတရလို့ကျေးဇူးပါ ။

    ReplyDelete
  5. မြန်မာပိုက်ဆံ လှလှလေးတွေရော..မပါဘူးလားဟင်

    ReplyDelete
  6. မ Jas ရေ လောလောဆယ်တော့ ကျွန်တော့ဆီမှာ ယွမ် တွေဘဲရှိတယ်။ မဂျက်စ်လိုချင်ရင် ပေးမှာပေါ့ ကိုမောင်မောင်ရေ လာလည်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ငါးထောင်တန်က ဆင်ဖြူကြီး နီနေလို့ မတင်တော့ပါဘူး မဒိုးကန် ခင်ဗျား။ ကိုမျိုး လာလည်တဲ့အတွက် ကျေးဇူးပါ။ မဂျယ်ရီပစ်ပစ်ပြောလို့ အခု လိုက်စုနေတယ်။ ပြည့်ပြည့်စုံစုံလေး တွေ့ရင်တော့ ကျွန်တော် ထပ်တင်ပေးပါ့မယ် ခင်ဗျာ။

    ReplyDelete
  7. ကျွန်တော်လဲ အဲလိုနိုင်ငံတကာက ပိုက်ဆံတွေကိုစုရတာကြိုက်တယ်။ ဘာရယ်မဟုတ်ဘူး။ ဒီတိုင်းသိမ်းထားချင်တာ။ :)

    ကြယ်စင်အလင်း

    ReplyDelete
  8. ဟန်ကြည်June 21, 2013 at 5:34 AM

    ဒေါ်လာကလွဲရင် ကျန်တာ မလိုချင်ပေါင်ဗျာ...ယူရိုလေး ပေါင်စတာလင်လေးလည်း ရရင် လိုချင်သပ...မလှချင်နေပါစေ တန်ဖိုးကြီးဖို့က အဓိကး)
    ယိုးဒယားဘတ်က ၅၀၀ တန်ထက် ၁၀၀ တန်ပိုလှတယ်လို့ထင်သဗျ...တန်ဖိုးအကြီးဆုံးမို့လို့း)

    ReplyDelete
  9. ဒါလေးတွေ ကော်ပိကူးသွားပိအကိုရေ
    ပုံထုတ်ပြီး သောချိတ်လုပ်ရောင်းမလို့..း))



    (ဒုတိယ)

    ReplyDelete