အဟက်
အဟက်
မနှစ်က ဆောက်ခဲ့တဲ့ သင်္ဘော နှစ်စီးကကျတော့
အတော်လေး အကုန်အကျအများသား။ သင်္ဘောကျင်းကို
စာချုပ်နဲ့အပြီး အပ်လိုက်ပေမယ့် အဲ့ဒီ တရုတ်သင်္ဘောကျင်းက သင်္ဘော မဆောက်တတ်ပေါင်။ ဒီတော့ နောက်ဆုံး လိုချင်တဲ့ အရည်အသွေးမရတာနဲ့၊ ပြန်ပြင်ရတာနဲ့၊ နှေးတာနဲ့ လုံးလည်ချာလပတ်တွေလိုက်ပြီးတော့
ကျွန်တော့်တို့ ကုမ္ပဏီက လူတွေထပ်ခေါ်၊ ကျွန်တော်တို့
Contractor တွေကို သင်္ဘောကျင်းထဲထည့်ပြီး ကိုယ့်သင်္ဘော ကိုယ်ပြန်ဆောက်ရတဲ့ အခြေအနေကို
ရောက်ရော။
အဲ….ပြဿနာက အဲ့ဒီ တစ်ပြုံတစ်မကြီးရဲ့ စားစရိတ်၊
အထွေထွေသုံးစရိတ် ဒါတွေက Delay ဖြစ်ရင်ဖြစ်သလောက် Overhead cost ကတက်လာပါပရော။ ဒါ့အပြင် ကိုယ်ထည့်ချင်တဲ့ ပစ္စည်းတွေ တရုတ်မှာ
Custom clear လုပ်တာတွေ၊ Transport စရိတ်တွေ ဒါတွေအားလုံးပေါင်းလိုက်တော့ ဘေဂျင်းက
ကျွန်တော်တို့ရုံးလည်း ၁နှစ်ခွဲလောက် ရော့ရော့ ကြိုက်သလောက်သာယူပေတော့ ဆိုပြီး ပေးလိုက်၊
ပေးလိုက်နဲ့ ငွေလုံးလုံးမရှိတဲ့ ဘ၀ကိုရောက်သွားရော။
ဒီလိုနဲ့ အေးဂျင့်တစ်ယောက်နဲ့ တွဲလုပ်ဖြစ်လိုက်တယ်။ ဒီအေးဂျင့်က ကော်ဖီမှုန့်ကစလို့၊ Contractor ဖိုးတွေ၊ Custom Clearance တွေ၊
Transport စရိတ်တွေအားလုံး ကြားထဲက အကျိုးဆောင်ပြီး ရှင်းပေးသပေါ့လေ။ ဒါပေမယ့် ရာခိုင်နှုန်းလေးတော့ ကြားထဲက သူကစားတယ်ပေါ့။ အားလုံး အဆင်ပြေပါတယ်။ နောက်ဆုံး သင်္ဘောပြီး ပရောဂျက် စရင်းသိမ်းတော့ ငွေရှင်းတမ်းလုပ်ပါလေရောလား။ ဘယ်၍ဘယ်မျှကျတယ်၊ ဘယ်လိုမျိုးခွဲပေးကြမယ် စတာတွေကို
အီးမေးနဲ့ ပို့ကြသပေါ့။ အဲ့ဒီမှာ အေးဂျင့်ရဲ့ အီးမေးလ်က အဟက်ခံထားရပါသကောလား။ ကျွန်တော်တို့ ဘက်ကပို့လိုက်တဲ့ အီးမေးလ်တွေကို
ဟို ဟက်ကာကောင်က စောင့်ဖတ်ပြီးတော့ နောက်ဆုံး ဘယ်ဘဏ်ကို ငွေလွှဲရမလဲ၊ ဘဏ့်အကောင့်ပေးပါဆိုပြီး တောင်းတဲ့ စာလည်းရောက်ရော
ကြားထဲက ဖျောင်လိုက်တာပဲ။ ပြီးတော့ သူက ကျွန်တော်တို့
ဆီကို မေးလ်ပြန်ပို့သဗျ၊ သူ့ ဟောင်ကောင်က ဘဏ်နဲ့
သူ့အကောင့် ကို။ ကျွန်တော်တို့ကလည်း မသိဘူးလေ
အဲ့ဒီကို လွှဲဆိုတော့ လွှဲလိုက်တာ။ လွှဲပေမယ့်
စလုံးက ကျွန်တော်တို့ ကုမ္ပဏီက ကျွန်တော်တို့ အေးဂျင့်နာမည်တပ်ပြီး အဲ့ဒီအကောင့်ကို
လွှဲပေးလိုက်တာ။ ဒီအတွက် ဟိုအကောင်တွေက ဘဏ်ထဲက
ထုတ်လို့မရဘူးဖြစ်နေရော။ ဒီလိုနဲ့ ဘဏ်က
Transition ကို Cancel လုပ်ပစ်လိုက်တယ်။
ဒီတော့ ဟို ငတ Hacker က ထပ်ပြီးတော့ နောက်ထပ် ဘဏ့်အကောင့် နောက်တစ်ခု
ပေးပြန်သဗျ။ ဒီလိုနဲ့ အေးဂျင့်ကို ဖုန်းဆက်ပြီး
မေးကြည့်လိုက်တော့မှ လား လား….. ဟိုအေးဂျင့်လည်း
အဲ့ဒီ မေးလ် အသွားအပြန်တွေ အားလုံးကို မသိရှာတဲ့ ဘ၀ကို ရောက်နေပါရောလား။ ပြီးတော့မှ ငိုကြီးချက်မနဲ့ ကံသီလို့၊ ကံကောင်းလို့
တစ်ကယ်လို့သာ အဲ့ဒီငွေတွေ ဟို ဟက်ကာတွေ လက်ထဲကို ပါသွားရင် သေပြီ… သူ ငါးထပ်တိုက်က
ခုန်ချပြီးသေရင်သေ၊ မသေရင် ကြိုးကွင်းစွပ်ပြီး
သေပါပြီဆိုပြီး… ရုံးကို ဒရောသောပါး လိုက်လာပါရော။ ကဲ ဖြစ်ပုံက အဲဒီလို….
ဝေပုံကျနော်…..
အင်း နောက်တစ်မျိုးကကျတော့ ဒီလို… အရင် စလုံးကုမ္ပဏီမှာ အတူလုပ်ခဲ့တဲ့ သူငယ်ချင်းက
ပြန်ပြောပြတာလေးပါ။ သူ့တို့ Department မှာ
လုပ်နေတဲ့ စလုံး တစ်ကောင်ဆီကို အီးမေးလ်ရောက်လာရောတဲ့။ မင်းရဲ့ ဘဏ်ထဲကို စလုံး ၅ သိန်း လွှဲထားတယ်။ အဲ့ဒီထဲက ၂၀% နှုန်းကို မင်းယူ။ ကျန်တဲ့ ငွေကို ထုတ်ပြီး ဘယ်နေ့ ဘယ်ရက်မှာ ဘယ်သူ့ကို
ပေးလိုက်ပါဆိုပြီး မေးလ်ဝင်လာတာ။ ဒီကောင်လဲ
လန့်ဖြန့်ပြီးတော့ အကောင့်စစ်ကြည့်လိုက်တော့ အဟုတ်…. ငွေက လွှဲပြီးလို့ ၀င်နေပြီ။
ဒီလိုနဲ့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတုန်းရှိသေးတယ်…
ရဲတွေလာပြီး ဒီကောင့်ကို စိသွားတာပဲ။ ပြီးတော့
အမျိုးစုံ မေးသပေါ့လေ။ ဟိုကောင်လည်း ဘာမှ မသိရှာတော့
မသိဘူး… မသိပါဘူး… နဲ့ ဘူးခံနေရတာပဲ။ နောက်
စစ်စရာ၊ မေးစရာတွေ သေသေချာချာ မေးပြီးတော့မှပဲ ပြန်လွှတ်လိုက်တယ်။ အဲ… ပြဿနာက အဲ့ဒီမှာ တင်ပြီးသွားတာမဟုတ်ဘူး။ ဘဏ်က သူ့အကောင့်ကို Freeze လုပ်ပစ်လိုက်တာ ၂ ပတ်ကျော်လောက်ကြာသွားတယ်။ ဆိုတော့ ပိုက်ဆံလဲ ထုတ်လို့မရ၊ ငွေလဲ လွှဲလို့မရနဲ့.. သူငယ်ချင်းရယ် ထမင်းစားစရာ မရှိတော့လို ငွေ နှစ်ကျပ်လောက်
ချေးပါကွာဆိုတဲ့ အဖြစ်ကို ရောက်ရော။
စတာလင်နှင့်
မင်းသားလေး
ပထမဆုံး စင်္ကာပူ ရောက်တော့ သင်္ဘောကျင်းမှာ
အလုပ်လုပ်ဖြစ်တယ်။ အဲ့ဒီကျင်းမှာ အန္ဒိယက ကုလားလေးတွေနဲ့
တွဲပြီး အလုပ်လုပ်ရတာပါပဲ။ အလုပ်ထဲမှာ ဒီလိုရှိတယ်
(၁) မှာတုန်းက ရေးခဲ့သလိုပဲ ကုလားလေးတွေက စကားပြောရင် ခေါင်းကလေး တစ်လှုပ်လှုပ်နဲ့ပေါ့လေ။ အဲ့ဒီမှာ ကုလားလေးတစ်ယောက်နာမည်က “Prince” တဲ့။ မင်းသားလေးပေါ့လေ။ သူနဲ့ စတာလင်ဆိုတဲ့ ကလားလေးက သူငယ်ချင်း။ စတာလင်က Prince ကို ဒီအလုပ်ထဲ ခေါ်သွင်းလာတာ။ မင်းသားလေးကလဲ ခေသူတော့ မဟုတ်ဘူး။ Draft Man ရာထူးနဲ့ ရောက်လာတာဆိုတော့ ပရောဂျက်စပြီဆိုတာနဲ့
သူတို့လဲ အလုပ်တွေအတော်ရှုပ်ရှာတာပေါ့လေ။
Prince ကတော့ ဘာမေးမေး သူ အကုန်သိတယ် ဆိုတာပဲ။ အိုကေ လုပ်တတ်တယ်၊ ရတယ်၊ အဆင်ပြေတယ်.. ဒါနဲ့ပဲပြီးတာပဲ။ ခက်တာက သူက ဘာမှ Technical Background နဲ့ ပါတ်သတ်ပြီး
မသိတာ။ လုပ်လိုက်ရင် သောက်တလွဲတွေချည်းပဲ။
ဒီတော့ အလုပ်တွေ ပေးလိုက်ပြီး အချိန်တန်လို့
Drawing တွေ ပြန်စစ်ရင် လွဲနေတာတွေ၊ မှားနေတာတွေနဲ့ အလုပ်ကမတွင်။ နောက်ဆုံးတော့ Prince လဲ အလုပ်ပြုတ်ပြီး အန္ဒိယ ပြန်သွားရရှာတယ်။ ဒါပေမယ့် Prince ရဲ့ ဇာတ်လမ်းက အဲ့ဒီမှာတင်ပြီးသွားတာမဟုတ်ဘူး။ စတာလင် တစ်ခေါက် အန္ဒိယကို ခွင့်ပြန်ပြီး ပြန်လာတော့
ကျွန်တော့်ကို ပြောတယ်။ သူမှားသွားပြီတဲ့။ သူ စင်္ကာပူကို လာမိတာမှားသွားပြီတဲ့။ ဘာဖြစ်တာတုန်း မေးကြည့်တော့ Prince အကြောင်းကို
ပြောပြတယ်။
မင်းသားလေး အလုပ်ပြုတ်ပြီး ပြန်သွားတော့
အန္ဒိယပြည်က သူ့မြို့လေးမှာ ပထမဆုံး Pepsi ရောင်းပါသတဲ့။ နောက်တစ်ဖြည်းဖြည်းနဲ့ ရပ်ကွက်ထဲမှာ အရောင်းတွင်လာတော့
အဲ့ဒီကနေ မြို့နယ် တစ်လျှောက် Pepsi အကြွေစေ့ထဲ့လို့ရတဲ့ စက်တွေ လျှောက်ဆင်ပြီး အခုတော့
အဲ့ဒီ မြို့တစ်ခုလုံးရဲ့ အရောင်းကိုယ်စားလှယ် ဖြစ်နေပြီတဲ့။ အိမ်တွေ၊ ကားတွေနဲ့ သူ့မှာသာ Draftman ရားထူးနဲ့
အူလည်လည် ဖြစ်နေပါတယ်ဆိုပြီး ရင်ဘတ်ထုပြီး ပြောရှာတယ်။ အင်း ဘာပြန်ပြောရမလဲတောင် မသိပါဘူး.. ကောင်း၏ပေါ့လေ။
ဘလော့ဘက် သိပ်မလှည့်ဖြစ်တာနဲ့ ပို့စ်ကောင်းတွေ အတော်များများ လွတ်ကုန်ပါရောလား ကိုအောင်ထွဋ်ရေ...နောက်ဆုံးက မင်းသားလေးရဲ့ ကုသိုလ်ကံကို သဘောကျသဗျာ...ကြည့်ရတာ အနှီ ငတ လေးက ထိုင်ပြီး စိတ်ညစ်နေတတ်တဲ့ လူစားမျိုး မဟုတ်ဘူး ထင်သဗျ...အကောင်းဖြစ်မယ့်ကြံ အဆိုးရှေ့က ခံတာလို့ပဲ မှတ်ရမယ် ထင်ပါရဲ့...ဒါမျိုးလေးတွေ ထပ်ချပါဦး..ဖတ်ရတာ အရသာတွေ့တယ်...
ReplyDeleteအလုပ်ထဲမှာ ဒီလိုရှိတယ် တွေအားလုံးဖတ်သွားတယ်..
ReplyDeleteစိတ်ဝင်စားစရာကောင်းလိုက်တာနော်..
ကံအကြောင်းတရားနဲ့ ပတ်သက်ပြီး
ခုတလောမှအသိဖြစ်ရတဲ့ အမလေးတယောက်ကို
သတိရမိတယ်..အိမ်ခြေယာမဲ့ဘဝကနေခုတော့
ပင်လယ်ကူးသင်္ဘော၃ စင်းတောင်ပိုင်တဲ့
တခြားကိုယ်ပိုင်စီးပွားရေးရော..လုပ်ငန်းများစွာရှိတယ်..
သူကတော့ကံဆိုတာမယုံဘူးတဲ့...
သူကြိုးစားလို့ ဖြစ်လာတာလို့ ဘဲပြောပါတယ်..
ကံဆိုးတယ်လို့ ကျမထင်ခဲ့တဲ့သူ့ ဘဝအရှေ့ ပိုင်းကျတော့
ပညာမတတ်လို့ တဲ့...
သူ ၂တန်းအထိဘဲကျောင်းတတ်ခဲ့ဖူးတယ်..
သတိထားရတာပေါ့နော်ဒီလိုလေးတွေသိရတော့။
ReplyDeleteကျေးဇူးဘဲနော်။ ဖတ်လို့ လည်းကောင်းတယ်။
အို်င်အိုရာ
မင်းသားလေးက ကံကောင်းတာပေါ့နော်။
ReplyDeleteကိုင်း ကိုအွတ်ထောင်ရေ မြန်မာပြည်ပြန်ပြီး ပက်ဆီရောင်းရအောင်ဗျားး)...အလုပ်ထဲမှာတော့ဗျာ ပို့ စ်လေးတွေ အကုန်ဖတ်လို့ ကောင်းတယ်..ဗဟုသုတရတယ်...
ReplyDelete