သြစတြီးယား နိုင်ငံမှာတော့ လူဦးရေ ၁၀၄ ယောက်ရှိတဲ့
ရွာကလေးရဲ့ နာမည်ကတော့ ထူးထူးခြားခြား F***ing ပါတဲ့။ ခုတော့ ဒီရွာသားတွေဟာ သူတို့ရွာကလေးရဲ့ နာမည်ကို
ပြောင်းဖို့ တိုင်ပင်နေကြပါတယ်။ သြစတြီးယားနိုင်ငံမြောက်ပိုင်းမှာရှိတဲ့
အေးချမ်းတဲ့ရွာကလေးဟာ သူတို့ရဲ့ ရွာနာမည်ဟာ ဘာကိုဆိုလိုတယ်ဆိုတာကို ဒုတိယ ကမ္ဘာစစ် အမေရိကန်
စစ်သည်တွေ ရောက်မလာခင်အထိ မသိရှိခဲ့ကြပါဘူး။
နောက်ပိုင်းမှာတော့ ဒီရွာကလေးရဲ့ နာမည် F***ing ဆိုတဲ့ ဆိုင်းဘုတ်တွေ ခိုးယူခံရတယ်လို့ဆိုပါတယ်။ ရွာခံ အဒေါ်ကြီးတစ်ယောက်ဆိုရင် သူ့ဆိုင်းဘုတ် နောက်မှာ
g တစ်လုံး အပိုထည့်ပြီးတော့ သူခိုးတွေ မခိုးယူအောင် စာလုံးပေါင်းပြင်ထားရတယ်လို့ ဆိုပါတယ်။
“အခုတော့ ရွာသားတွေဟာ ရွာနာမည် စာလုံးပေါင်းကို
ပြင်ဖို့တိုင်ပင်နေကြပါပြီ။ ဒါပေမယ့် ပထမဆုံး
အရေးကြီးတာက ရွာသားတွေ တစ်ကယ်ပဲ ရွာနာမည်စာလုံးပေါင်းကို ပြောင်းချင်လား မပြောင်းချင်ဘူးလား
ဆိုတာပါပဲ” လို့ ရွာသူကြီး Franz Meindl က ရုပ်သံထုတ်လွှင့်မှု့အစီအစဉ်မှာပြောသွားပါတယ်။ ဒီလို ရယ်စရာဖြစ်နေတဲ့ ၁၆ ရာစုနှစ်က စာလုံးပေါင်းနဲ့
ရွာနာမည်ကို ရွာသားတွေဟာ “ck” ဆိုတဲ့ စာလုံးပေါင်းနေရာမှာ g ဒါမှမဟုတ် gg ဆိုပြီး စာလုံးပေါင်းပြင်ဖို့
တိုင်ပင်နေကြတယ်လို့ဆိုပါတယ်။ ကျွမ်းကျင်သူများကတော့
ဒီရွာလေးရဲ့နာမည်ဟာ “Focko” ဆိုတဲ့ ၆ ရာစုနှစ်လောက်တုန်းက ဗာဗေးရီးယန်း စံနမူနာ ယူထိုက်တဲ့
လူတစ်ယောက်ရဲ့ နာမည်ကနေ ဆင်းသက်လာတဲ့လို့ဆိုပါတယ်။ ဒါပေမယ့် F***ing ဆိုတဲ့ နာမည်ကတော့
၁၈ ရာစုနှစ်ကမှ ပြောင်းလဲသွားတယ်လို့ ဆိုပါသတဲ့။
Source : (Link)
Photo : ALAMY
အံ့သြရယ်တဲ့မှ ကုန် ကုန်နိုင်ဖွယ်ပါလား ကိုအားထောင်ရေ
ReplyDeleteကျန်းခန့်သာလို့ မာပါစ မဒမ် :P
Deleteရှားရှားပါးပါး ရွာနာမည်ကလည်းး)
ReplyDeleteဟုတ်ပ အစ်ကို
Deleteဩစတြီးယား (Austria)
ReplyDeleteၾသစေတးလ် (Australia)
ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ ပြင်လိုက်ပါပြီ။
Deleteဟိဟိ ဖြစ်လည်း ဖြစ်တတ်တယ်နော်..
ReplyDeleteအဲ့လို ထူးထူးခြားခြားတွေလည်း ကို AH ပဲ တွေ့တတ်တယ် :P
မဂျက်စ်ပြောသလို ရှာဖွေလေ တွေ့ရှိလေလို့ ပြောင်းရင်ကောင်းမလားပဲ...
Deleteဒီဆိုဒ်ကို နာမည်ပြောင်းမယ် (တိုင်ပင်သင့်သူကိုတိုင်ပင်မှာပါ)
ReplyDeleteရှာဖွေလေ တွေ့ရှိလေလို့
ကြံကြံဖန်ဖန်ပဲ
Deleteနာမည်ပြောင်းသင့်ပါတယ်လေ
မောင်ဘကြိုင်
ကောင်းလိုက်တဲ့ ရွာနာမည်...လူတစ်ယောက်ယောက်ကိုကြည့်ပြီး ရွာနာမည်သာ သုံးလေးခေါက်ရွတ်ပြလိုက်...အင်း...တွေးရတောင် ခက်သေးး)
ReplyDeleteဘုရားဘုရား.. ဘယ်ရွာမှာနေလဲ မေးရင်. ..ရွာနာမည်ပြောတာနဲ့ အရိုက်ခံရမယ့် ကိန်း...
ReplyDelete