ကျွန်တော်ဟာ မေမေရဲ့ရင်သွေးလေးပါ။  မေမေကတော့ သိဦးမှာမဟုတ်ပါဘူးလေ၊ ကျွန်တော့်အသက်က
ရက်သတ္တပတ်အနည်းငယ်လေးပဲ ရှိသေးတာကိုးမေမေရဲ့။ 
ဒါပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော်ဘာလဲဆိုတာကို ရှာဖွေဦးမှာပါ မေမေ၊ သား မေမေ့ကို
ကတိပေးပါတယ်။  သားမေ့မေ့ကို တစ်ခုလောက်တော့ပြောပါရစေ။
သားမှာ ချစ်ဖို့ကောင်းတဲ့ မျက်ခုံးမွှေးလေးတွေ ရှိလာမှာ မေမေရဲ့ နောက်ပြီးတော့ ဆံပင်အနက်ရောင်ကလေးနဲ့ပေါ့။
ဒါတွေဟာ အခုတော့ သားမှာ မရှိသေးပါဘူးလေ၊ သားမွေးလာတဲ့အခါကျရင်တော့ မေမေ မြင်ရမှာပေါ့။  သားဟာ မေမေ့ရဲ့ ပထမဦးဆုံး သားဦးရတနာလေးဖြစ်လာမှာလေ
မေမေရဲ့။  မေမေက သားကို “မေမေ့ သားလေး” လို့ခေါ်မှာလားဟင်။  ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့
ကူညီဖေးမရတော့မှာပေါ့နော်။  သားက သားကြီးလာရင်
ဆရာဝန်ကြီး ဖြစ်ချင်တာ မေမေရဲ့။
          မေမေ ဒီနေ့တော့ မေမေ့မှာ သားကို လွယ်ထားရတယ်ဆိုတာကို
မေမေသိသွားတယ်နော်။  မေမေအရမ်းစိတ်လှုပ်ရှားသွားတာကိုလေ
သားမှာ တစ်ခြားလူတွေပြောပြချင်လိုက်တာမှ အရမ်းဘဲ မေမေရာ။  မေမေကတော့ ပြုံးနေမှာဘဲနော် ဘ၀လေးက ကျေနပ်စရာပါမေမေ။  မေမေ့ အပြုံးလေးတွေက သိပ်လှတာပဲ။  ဒါဟာ ကျွန်တော့်ဘ၀မှာ ပထမဆုံးမြင်မိတဲ့ အမေ့မျက်နှာပါမေမေ။
ဒါဟာလည်း ကျွန်တော့်ဘ၀အတွက် အကောင်းဆုံး ဆုတစ်ခုပါဘဲ။ ဒါကို ကျွန်တော်သိတယ်မေမေ။
          မေမေ၊ ဒီနေ့ မေမေမှာ သားကို လွယ်ထားတဲ့အကြောင်း
ဖေဖေ့ကို ပြောခဲ့တယ်နော်။ အဲဒီလိုပြောနေတဲ့ အချိန်မှာ မေမေ အရမ်းစိတ်လှုပ်ရှားနေတယ်နော်
မေမေ။  ဒါပေမယ့် ဖေဖေကတော့ မပျော်ဘူးမေမေရဲ့။  ဒါကို မေမေ သတိထားမိမှာမဟုတ်ပါဘူး၊ ဒါပေမယ် ဖေဖေစိတ်တိုနေခဲ့တယ်
မေမေရဲ့။  ဖေဖေက အိမ်ထောင်ပြုရင် ရင်ဆိုင်ရမယ့်ကိစ္စတွေ၊
ပိုက်ဆံအကြောင်းတွေ၊ ပေးစရာရှိတဲ့ ဖြတ်ပိုင်းတွေ၊ လိုအပ်လာမယ့် အသုံးအဆောင်ပရိဘောဂ
အကြောင်းတွေ အိုစုံနေတာဘဲမေမေရယ်၊ သားဖြင့် နားမလည်ပါဘူး။  ဒါပေမယ့် မေမေကတော့ ပျော်နေတုန်းလေ အားလုံးအဆင်ပြေလိမ့်မယ်လို့
မေမေထင်နေတာမလား။  ဒါပေမယ့် သူ ကြောက်စရာကောင်းတဲ့
အရာတစ်ခုကို လုပ်တယ်မေမေ။ သူ မေမေ့ကို ရိုက်တယ်။ 
မေမေ လဲကျသွားတာကို သားခံစားရတယ်မေမေ။ နောက်ပြီးမေမေရဲ့ လက်တစ်စုံက သားကို ကာကွယ်လိုက်သေးတယ်။  သား ဘာမှ မဖြစ်ပါဘူး မေမေရယ်။ ဒါပေမယ့် သား မေမေ့ကို
အရမ်းသနားတာပဲ မေမေရယ်။  ပြီးတော့ မေမေ တရှုံရှုံနဲ့
ငိုနေတယ်နော်….. သား အရမ်းကို နေမထိ ထိုင်မသာဖြစ်တယ်မေမေ၊ မေမေငိုသံကို နားထောင်နေရတာ။  မေမေငိုတော့ သားလည်း ငိုရတာပါပဲ မေမေရယ်။  နောက်တော့ သူက မေမေ့ကို တောင်းပန်ပါတယ်ဆိုပြီး ထွေးပွေ့မှု့လေးနဲ့
နှစ်သိမ့်တယ်နော်။  မေမေက သူ့ကို ကျေနပ်လိုက်ပေမယ့်
သားအတွက်ကတော့ ဘယ်လိုခံစားရမှန်းကို မသိပါဘူးမေမေရယ် မေမေကို ချစ်တယ်ဆိုရင် ဘာဖြစ်လို့
မေမေ့ကို နာကျင်အောင်လုပ်ရတာလဲဟင်။  ဒါကို သားမကြိုက်ဘူး
မေမေ။
          နောက်ဆုံးတော့ မေမေ သားကို မြင်ရပြီနော်….
အခုဆို မေမေ့ ဗိုက်ကလေးက နည်းနည်းလေး ပိုဖောင်းလာပြီပဲ။  မေမေကတော့ သာအတွက် ဂုဏ်ယူနေမှာ သေချာတယ်။  မေမေ သားအတွက် အင်္ကျီ အသစ်ကလေးတွေသွားဝယ်လိုက် ပစ္စည်းလေးတွေ
သွားဝယ်လိုက်နဲ့ အလုပ်ကို ရှုပ်နေတာဘဲနော်။ မေမေ အရမ်းကိုပျော်နေတာဘဲနော် မေမေ။  သားအတွက် သီချင်းလေးတွေလည်း ဆိုပေးလိုက်သေးတယ်။  မေမေရယ် မေမေအသံက ဒီကမ္ဘာကြီးပေါ်မှာ အကောင်းဆုံး
အသံပဲ မေမေ။  မေမေ သီချင်းဆိုတိုင်း သားလည်း
အရမ်းပျော်တာပေါ့မေမေ။  မေမေ သားကို စကားပြောရင်
သားကိုယ်သား လုံခြုံတယ်လို့ ခံစားရတယ်မေမေ။ 
တကယ့်ကို လုံခြုံတာပါ။  မေမေ သားကို
ခဏစောင့်ပါ။ သားမွေးလာတဲ့အခါကျရင် သားဟာမေမေအတွက် လုံဝပြည့်စုံတဲ့ သားကလေးတစ်ယောက်
ဖြစ်စေရမယ်မေမေ။  သားအတွက် မေမေ ဂုဏ်ယူစေရမယ်
မေမေ။  သားလေ မေမေကို ဟောဒီ ရင်ထဲ အသည်းထဲကကို
ချစ်တာမေမေရဲ့ သိလား။
          မေမေ အခုတော့ သားရဲ့ ခြေထောက်တွေ လက်တွေက
လှုပ်ရှားလာနိုင်ပြီ။  ဘာဖြစ်လို့လဲသိလား မေမေရဲ့
လက်ကလေးတွေ ဗိုက်ပေါ်တင်လိုက်တိုင်း သား ယားကျိကျိဖြစ်တယ်မေမေရဲ့။ မေမေရော အဲ့ဒီလိုပဲမလား
ဟင်။ သား မေမေကို ချစ်တယ် မေမေ။
          ဖေဖေဒီနေ့ မေမေ့ဆီကို ထပ်လာတယ်နော်…. ကျွန်တော်
အရမ်းကြောက်တာဘဲ မေမေရယ်။  သူ့အပြုအမူတွေက မူမှန်ဘူးမေမေ။
မေမေ့ကိုလည်း မလိုချင်ဘူးလို့ပြောနေတယ်နော်… ဘာဖြစ်လို့လဲဆိုတာကိုတော့ သားမသိဘူး ဒါပေမယ့်
သူဒါမျိုးပြောခဲ့တယ်မေမေ။  နောက်ပြီးတော့ မေမေ့ကို
လည်း ထပ်ရိုက်သေးတယ်။  ကျွန်တော် အရမ်းစိတ်ဆိုးတယ်
မေမေ။  ကျွန်တော် ကတိပေးတယ်မေမေ သားကြီးလာရင်
ဒီလိုမျိုး မေမေ့ကို ဘယ်သူမှ နာကျင်အောင် မလုပ်စေရဘူးလို့။  ဖေဖေဟာ တော်တော်ဆိုးတာဘဲ။  မေမေကတော့ ဖေဖေ့ကို ကောင်းတယ်ထင်ပေမယ့် သားကတော့
အဲဒီလို မထင်ဘူး မေမေ။  သူက မေမေ့ကိုလည်း ရိုက်သေးတယ်
ပြီးတော့ ကျွန်တော်တို့ကို လည်းမလိုချင်ဘူးလို့ ပြောသေးတယ်။  ကျွန်တော့်ကို သူမလိုချင်ဘူးလားဟင်။ ဘာဖြစ်လို့
သူ ကျွန်တော့်ကို မလိုချင်ရတာလည်း မေမေ?
          မေမေ ဒီည သားကို ဘာစကားတစ်ခွန်းမှ မပြောဘူးနော်….
မေမေ အဆင်ပြေရဲ့လားဟင်?
          ဖေဖေပြန်တာ ၃ ရက်လောက်ရှိပြီနော်။  ဖေဖေပြန်သွားထဲက မေမေ ကျွန်တော့်ကို စကားလည်းမပြော
ထိလည်း မထိတော့ဘူးနော်။  မေမေ ကျွန်တော့်ကို
ချစ်သေးရဲ့လားဟင်၊ ကျွန်တော်ကတော့ မေမေကို အရမ်းချစ်တယ်။  ကျွန်တော်သိပါတယ်မေမေရယ် မေမေ ၀မ်းနည်းနေတယ်ဆိုတာ။  
          တစ်ခါကပေါ့ မေမေအိပ်နေတဲပုံစံက အရမ်းရယ်ဖို့ကောင်းတာပဲ။  နောက်ပြီးတော့ မေမေလက်တွေနဲ့ သားကို ဖက်ထားတယ်လေ။  မေမေအဲ့ဒီလို ဖက်ထားရင် သားအရမ်း လုံခြုံတယ်လို့
ခံစားရတယ်မေမေ။  မေမေနိုးလာရင်ရော သားကို ဘာဖြစ်လို့
အဲ့ဒီလို မပွေ့ဖက်တော့တာလဲ မေမေရယ်။
          မေမေရေ သားအသက် ဒီနေ့ ၂၁ ပတ်ပြည့်ပြီးနော်။
မေမေသားအတွက် ဂုဏ်မယူမိဘူးလားဟင်? ဒီနေ့ သားတို့ တစ်နေရာကို သွားနေကြတယ်နော် တစ်ခါမှ
မရောက်ဖူးတဲ့ နေရာကိုပေါ့။  အဲ့ဒီနေရာက ဆေးရုံကြီးနဲလည်းတူတယ်နော်မေမေ။  ကျွန်တော် အရမ်းစိတ်လှုပ်ရှာတာပဲ။  မေမေ …. မေမေကို သားပြောဖူးတယ်မဟုတ်လား သားကြီးလာရင်
ဆရာဝင်ကြီးဖြစ်ချင်တယ်လို့။  မေမေလည်း သားလိုပဲ
စိတ်တွေ အရမ်းလှုပ်ရှားနေမှာပေါ့နော်။ 
          မေမေ…. သားအရမ်းကြောက်တာပဲ။  မေမေ့ နှလုံးခုန်သံတွေကလည်း အရမ်းမြန်နေတယ်။  ဒါမေမယ့် မေမေဘာတွေ တွေးနေလည်းဆိုတာကိုတော့ သားမသိဘူး။  ဆရာဝန်က မေမေ့ကို တစ်ခုခုပြောနေတယ်။  ဒါဟာ တစ်ခုခုဖြစ်တော့မယ်နဲ့တူတယ်မေမေ။  ကျွန်တော် တကယ့်ကို အရမ်းကြောက်တာပဲ မေမေရယ်။  မေမေ သားကို ချစ်တယ်လို့ ကျေးဇူးပြုပြီး ပြောပေးပါမေမေရယ်။
ဒါမှ သားလုံခြုံတယ်လို့ ခံစားရမှာပေါ့။ သားမေမေ့ကို ချစ်တယ်။
          မေမေ သားကို သူတို့ဘာလုပ်နေကြတာလဲ။ သား အရမ်းနာတယ်မေမေ…..
သူတို့ကို ရပ်ခိုင်းလိုက်ပါတော့ သားတစ်ကယ်ကို နာကျင်လွန်းလို့ပါ တောင်းပန်ပါတယ်မေမေရယ်…  မေမေ သားကို ကယ်ပါဦးမေမေ… သူတို့ကို ရပ်ခိုင်းလိုက်ပါ
          မေမေ ….. မပူပါနဲ့ သားအခု လုံခြုံနေပါပြီ။
အခုဆိုရင် သားဟာ နတ်ပြည်မှာ နတ်သားကလေးတွေနဲ့ပေါ့။  သူတို့ကပြောကြတယ် မင်းဖြစ်ခဲ့တာက ကိုယ်ဝန်ဖျက်ချတာလို့
ခေါ်တယ်တဲ့။
          ဘာဖြစ်လို့လည်း မေမေရယ်…..။ မေမေဘာဖြစ်လို့
ဒီလိုလုပ်တာလည်း။  မေမေ သားကို မချစ်တော့လို့လား?
ဘာဖြစ်လို့ သားကို မလိုချင်ရတာလဲဟင်?  ကျွန်တော်
မှားတာရှိခဲ့ရင် တကယ် တကယ့်ကို တောင်းပန်ပါတယ်မေမေရယ်။  မေမေကို သားအရမ်းချစ်တယ်။ သားရဲ့ ဟော့ဒီ အသည်းနှလုံးထဲကကို
ချစ်တာပါ။  သားမှာ ဘာပြစ်ရှိလို့ သူတို့သားကို
ဒီလိုလုပ်ရတာလဲ မေမေရယ်။  သား တကယ့်ကို အသက်ရှင်ချင်ခဲ့တာပါ။
မေမေသားကို ဂရုမစိုက်တော့တာ၊ မေမေသားကို တီတီတာတာ စကားလေးတွေမပြောတော့တဲ့ အချိန်မှာ
သားအတွက် တကယ့်ကို နာကျင်ခံစားရပါတယ်မေမေ။ 
ကျွန်တော် မေမေ့ကို ချစ်တာ မလုံလောက်လို့လားဟင် ဖြေပါမေမေရယ် ကျွန်တော့်ကို
ပစ်မသွားပါဘူးလို့။  မေမေ သား တစ်ကယ့်ကို ရှင်သန်ချင်တာပါ
မေမေ၊ သား ကောင်းကင်ကြီးတွေ တိမ်တွေကို လည်းကြည့်ချင်တယ် မေမေ့မျက်နှာကိုလည်း ကြည့်ချင်တယ်
ဆရာဝန်ကြီးလည်း ဖြစ်ချင်တယ်မေမေ။  သား ဒီနေရာမှာ
မနေချင်ဘူးမေမေ၊ သား မေမေအချစ်ကိုဘဲ ထပ်ပြီးတော့ လိုချင်တယ်။ ကျွန်တော် မေမေ့ အပေါ်မှာ
အမှားတစ်ခုခုများ လုပ်မိရင် အနူးအညွှတ် တောင်းပန်ပါတယ်မေမေ။  သား မေမေ့ကို ချစ်တယ်။
မေမေ့ကို
ချစ်တဲ့… သား
တစ်ကယ်တော့
ကိုယ်ဝန်ဖျက်ချခြင်းဆိုတာ 
နှလုံးသား
တစ်စုံ ရပ်ဆိုင်းသွားတာပါ
မျက်ဝန်းတစ်စုံ
အလင်းကွယ်သွားခဲ့တာပါ
လက်တစ်စုံဟာ
ဆုပ်ကိုင်ရာမဲသွားခဲ့ရတာပေါ့
ခြေထောက်တစ်စုံဟာလည်း
ဘယ်တော့မှ မပြေးလွှားနိုင်တော့ဘူး
ဒါအပြင် နှုတ်ခမ်းတစ်စုံဟာလည်း
ဘယ်တော့မှာ စကားမပြောနိုင်တော့ပါဘူး
ဒီပိုစ်လေးဟာ
ကျွန်တော့် Facebook သူငယ်ချင်းတစ်ယောက်ဆီ ကနေတွေ့လို့ ဘာသာပြန်ဖြစ်တာပါ။  မူရင်းရေးသူကတော့ ဘယ်သူမှန်း မသိလို့ ခရက်ဒစ် ထည့်မပေးနိုင်တာကို တောင်းပါ ပါတယ် ခင်ဗျာ။
ဒါလေးဟာ လူငယ်တွေအတွက်
ပညာပေးလေး တစ်ခုဖြစ်နိုင်မယ်လို့ ရည်ရွယ်ပါတယ်။ 
လူငယ် သဘာဝ ချစ်ကြတယ်၊ ကြိုက်ကြတယ်ဟာ သဘာဝပါ။  ဒါပေမယ့် 
နှလုံးသားနှင့်လည်းချစ် အသိဥာဏ်လေးနဲ့လည်း ချစ်ကြရင် ဒီလို အဖြစ်မျိုးကို ရှောင်ရှားနိုင်ကြမှာပါ။  လူ့လောကကို ရောက်ရှိလာမယ့် ရင်သွေးလေးတွေမှာ ဘယ်လို
အပြစ်များရှိလို့လည်းခင်ဗျာ။  ကလေး မလိုချင်ရင်
ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကိုသုံးကြပါ။ အပြစ်မယ့်တဲ့ ရင်သွေးလေးတွေရဲ့ အသက်ကိုတော့
ရက်ရက်စက်စက် မချွေဖျက်ကြပါနှင့် ခင်ဗျာ။  
          ရွှေပြည်ကြီးမှာဆိုရင်လည်း နေရာတစ်ကာ ပုတ်သင်ညို
တွေကို ဈေးချိုချိုနှင့်ဝယ်လို့ရပါတယ်။  အချိန်နှောင်းသွားလို့
၂၄ နာရီအတွင်းဆိုရင်လည်း e-see 2 လို ဆေးမျိုးတွေ အလွယ်တစ်ကူ ၀ယ်နိုင်ပါသေးတယ်။  မိမိတို့နှစ်ယောက် စိတ်ခံစားမှု့ ပျော်ရွှင်မှု့တစ်ခုအတွက်
အပြစ်မယ့်တဲ့ ရင်သေးငယ်လေးတွေ လူဖြစ်ခွင့်မရှိလောက်အောင်တော့ အပျော်မကျူးကြပါနဲ့လို့
တိုက်တွန်းလိုက်ပါရစေခင်ဗျား။
          တစ်ကယ်ဆိုရင် ရင်သွေးငယ်ဆိုတာဟာ ရတနာပါလေးတွေပါ။  ဒီပိုစ်လေးကို ကြိုက်တယ်ဆိုရင်တော့ အောက်က Like
button လေးကိုဖြစ်ဖြစ် ဖေ့စ်ဘွတ်မှာဖြစ်ဖြစ် ရှဲပေးမယ်ဆိုရင် အခြားသော လူငယ်လူရွယ်လေးတွေလည်း
ဒီလိုအခြေအနေမဖြစ်ခင် ဆင်ခြင်နိုင်ကြမှာပါ။



ဖတ်လို့ကောင်းတယ် မောင်အောင်ထွဋ်ရေ။ အခုလိုပညာပေး ပို့စ်လေးတွေ များများမျှဝေနိုင်ပါစေကွယ်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ခုလိုဖတ်ပေးတဲ့ အန်တီတင့်ကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။
ReplyDeleteိအဲဒီ့ပိုစ့်လေးကိုဖတ်မိတိုင်း အရမ်းစိတ်မကောင်းဖြစ်ရတယ်
ReplyDeleteအဲဒီကလေးလေးနေရာမှာ ကိုယ်ကိုယ်တိုင်ဝင်ခံစားကြည့်လိုက်တိုင်း မျက်ရည်ဝဲရတယ်
အားလုံး လူသားကလေးတွေရဲ့အသက်တစ်ချောင်းစီကို ကာကွယ်နိုင် ကြပါစေး(
မျက်ရည်ဝဲရင် ကိုရင်က မဒမ့် ကို သုတ်ပေးမှာပေါ့ မဒမ်ရဲ့ ...... အားပေးတဲ့အတွက် ကျေးဇူးနော်...
ReplyDeleteဓါတ်ပုံ မထည့်ပါနဲ့လားဗျာ... ဟီးဟီး ကြောက်တတ်လို့
ReplyDeleteကြောက်မှာစိုးလို့ အောက်ဆုံးကျမှ တွဲပေးလိုက်တာ ဟီး ဟီး.... ဒါမှာ အသက်ပိုဝင်သွားမှာပေါ့ :)
ReplyDeleteစာတွေ ဖက်ပြီး ငိုမိတယ်..။ တစ်ကယ်ပါ...။ မေမေတွေ ဖက်သင့်တယ်နော်..။ ဖေဖေတွေရောပေါ့...။
ReplyDelete