အဲ့ဒါကြောင့်
သိပြီလား
          အာဒမ်တစ်ယောက် ဧဒင်ဥယာဉ်ကြီးထဲမှာ ပျင်းရိစွာ
လမ်းလျှောက်နေပါသတဲ့။  အဲ့ဒါနဲ့ ဘုရားသခင်က
အာဒမ်ကို မေးပါတယ်
ဘုရား သခင် ။   ။ သင်ဘာဖြစ်နေတာလဲ အဒမ်
အာဒမ်  ။         ။ ကျွန်တော့်မှာ စကားပြောစရာ လူလည်းမရှိဘူး။
အလွန်ပျင်းဖို့ကောင်းပါတယ်
ဘုရားသခင် ။    ။ ကောင်းပြီ။ 
ငါ မင်းကို အဖော်ပြုဖို့ မိန်းမတစ်ယောက်ကို ဖန်ဆင်းပေးတော်မူမယ်။  ဒီမိန်းမဟာ မင်းစားသောက်ဖို့ ချက်ပြုတ်ကျွေးလိမ့်မယ်၊  မင်း ၀တ်ထားတဲ့ အ၀တ်တွေကို လျှော်ပေးလိမ့်မယ်၊  မင်းဆုံးဖြတ်ချက်ချသမျှကိုလည်း အမြဲတမ်း သဘောတူပေးလိမ့်မယ်၊
မင်းအတွက် ကလေးတွေကိုလည်း မွေးပေးလိမ့်မယ်။ 
နောက်ပြီး ညတစ်ရေးနိုးမင်းကို နှိုးနှိုးပြီးတော့ အဲ့ဒီကလေးတွေကိုလည်း ထိန်းခိုင်းမှာမဟုတ်ဘူး။  မင်းကို အမြဲတမ်း ဟိုဟာပူဆာ ဒီဟာ ပူဆာလည်း လုပ်မှာမဟုတ်ဘူး။  ဘယ်တော့မှလဲ မင်းကို စိတ်ကောက်မှာ မဟုတ်ဘူး။
ဘုရားသခင်
က ဆက်ပြောတယ်။           ။ နောက်ပြီးတော့
တစ်ခုခု အဆင်မပြေတာရှိရင်လည်း ကျွန်မ မှားတာပါရှင်လို့ မင်းဆီကိုလာပြီးတော့ တောင်ပန်လိမ့်မယ်။  အမြင်မတူတာရှိနေရင်လည်း သူမကဘဲ အလျှော့ပေးပြီးတော့
ကျေကျေနပ်နပ်နဲ့ မင်းကို ရာသက်ပန် ချစ်မြတ်နိုးသွားလိမ့်မယ်။
အာဒမ်  ။          ။ ဒီအတွက် ဘာပေးရမှာလဲ ဟင်
ဘုရားသခင် ။    ။ လက်တစ်ဘက်နဲ့ ခြေထောက်တစ်ဘက်
အာဒမ် ။          ။ အဲ့ဒါတော့ မများလွန်းဘူးလားဗျာ၊  နံရိုးတစ်ချောင်းလောက်ဆို တော်ရောပေါ့။
သတင်းကောင်း
          မိန်းမဖြစ်သူ အလုပ်က ပြန်လာတော့ စောပြီးပြန်ရောက်နေတဲ့
သူယောင်္ကျားကို လှမ်းပြောလိုက်တယ်…
“မောင်ရေ…  ရှင့်ကို သတင်းကောင်းတစ်ခုပြောစရာရှိတယ်။  ဒီနေ့ကစပြီး ကျွန်မတို့ အိမ်လေးမှာ ကျွန်မတို့ နှစ်ယောက်ထဲမဟုတ်တော့ဘူး။  မကြာခင်မှာ ၃ ယောက်ဖြစ်လာတော့မယ်။ သိလား”
“ချစ်ရယ်
တကယ်ဘဲလားကွာ” ယောင်္ကျားဖြစ်သူဟာ သူမိန်းမကို ရွှန်းရွှန်းစားစားကြည့်ပြီးတော့ ကြည်နူးစွာနဲ့
အနမ်းလေး ပေးလိုက်ပါတယ်။
“ဟုတ်တယ်မောင်ရဲ့
မနက်ဖြန်ကျရင် မေမေက ကျွန်မတို့ အိမ်ကို အပြီး ပြောင်းလာတော့မှာ”
တော်တော်ရိုင်းတဲ့
ဒရိုင်ဘာ
          အမျိုးသမီးတစ်ယောက်ဟာ ဘက်စ်ကား ဒရိုင်ဘာရဲ့
ထိုင်ခုံနောက်မှာ ထိုင်ပြီးတော့ ကလေးကို ချီထားပါသတဲ့။   ဘက်စ်ကား ဒရိုင်ဘာက လှည့်ကြီးပြီးတော့ အဲ့ဒီ အမျိုးသမီးကို
ပြောတယ်…
“ကျွန်တော်
တစ်သက်မှာ ဒီလောက်ရုပ်ဆိုးတဲ့ ကလေးမျိုး ဒီတစ်ခါဘဲတွေ့ဖူးသေးတယ် တကယ် တကယ်”
အမျိုးသမီးက
ဒီစကားကိုလဲကြားရော သူ့ကလေးကို ဒီလို စကာမျိုးပြောရပါ့မလားလို့ စိတ်ဆိုးပြီး နောက်ဆုံးတန်းက
ထိုင်ခုံကို ရွှေ့ထိုင်ပါသတဲ့။  နောက်ဆုံးတန်းမှာ
ထိုင်နေတဲ့လူက သူမ ဘာဖြစ်လာတာလဲလို့ သိချင်တာနဲ့ “ဘာတွေ ဖြစ်လာကြတာလဲဗျာ”
“တော်တော့်ကို
ရိုင်းစိုင်းတဲ့ ကားဒရိုင်ဘာပါရှင်…  ကျွန်မကို
စော်ကားတဲ့ စကားတွေပြောလိုက်တယ်ရှင့်”
“ဟင်…  ဘက်စ်ကားဒရိုင်ဘာဆိုတာ ပြည်သူ့ဝန်ထမ်းတစ်ယောက်ဘဲ။  ဒီလိုမျိုး ခရီးသွားတွေကို ရိုင်းပြတဲ့ စကားတွေကို
ပြောရမလား”
“သိပ်မှန်တာပေါ့ရှင်။  နေဦး ကျွန်မပြန်သွားပြီး ဒီလို မပြောသင့်ကြောင်းကို
အဲ့ဒီ ဒရိုင်ဘာကို သွားပြောဦးမယ်”
“ဟာ သိပ်ကောင်းတဲ့
အကြံပေါ့ ခင်ဗျာ၊  ကဲပေးပေး ခင်ဗျားရဲ့ မျောက်ကလေးကို
ကျုပ်ထိန်းပေးထားမယ်”
မေမေစားပစ်လိုက်ပြီ 
          တော်မီလေးဟာ သူငယ်တန်းက သူ့ဆရာမကို မကြာခဏ
ကြွားလေ့ရှိပါတဲ့။  ဆရာမ ကျွန်တော်မှာ ညီလေး
ဒါမှမဟုတ် ညီမလေးရတော့မယ့်တယ်။
          ဒီလိုနဲ့ နောက်ထပ် ၄လလောက်ကြာလာတော့ တော်မီ
မေမေက တော်မီကို သူ့ရဲ့ ညီတော်မောင်ကလေး ဗိုက်ထဲမှာ လှုပ်နေတာကို ခေါ်ပြီး ပြပါသတဲ့။  အဲ့ဒီ အချိန်ကစပြီးတော့ တော်မီဟာ သူ့ ဆရာမကို ဘယ်တော့မှ
ညီလေး ဒါမှမဟုတ် ညီမလေး ရတော့မယ်လို့ မကြွားတော့ဘူးတဲ့။
          ဒါနဲ့ဘဲ ဆရာမက နောက်ဆုံးတော့ တော်မီလေးဆီလာပြီတော့
“တော်မီ၊ မင်းပြောတော့ မင်းမှာ ညီလေး ဒါမှမဟုတ် ညီမလေးရတော့မယ်ဆို၊ အခုရော ရပြီလား
ဘယ်လိုလဲ”
          အဲ့ဒီမှာတင် တော်မီလေးက ရှိုက်ကြီး တငင်ငင်ကို
ငိုယိုပြီးတော့ ဆရာမကို ပြောပါသတဲ့
          “ဆရာမ ကျွန်တော်ထင်တာကတော့ မေမေ ညီလေး ကို
စားပစ်လိုက်ပြီ”
 
 
အားရပါးရ ရယ်သွားပါတယ်ရှင်....
ReplyDeleteရယ်သောသူသည် အသက်ရှည်ပြီး နုပျို၏။
ကျေးဇူးတင်ရှိကြောင်းပါ ဂျက်စ် :)
ReplyDeletethan u
ReplyDelete