စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, November 1, 2011

ဥထဲက မျက်နှာပုံ


          ကနေဒါနိုင်ငံ အွန်တာရီယိုမြို့ဘုရင်မ တက္ကသိုလ်က ဂျီ ဂရီဂေါ်ရီ ရောဘတ်နဲ့ နာဂျီ ဂျေ တိုမာတို့ဟာ အသက် ၄၅နှစ် အရွယ်ရှိ အမျိုးသားလူနာတစ်ယောက်ရဲ့ မျိုးပွား အစိတ်အပိုင်းမှာ ဖြစ်နေတဲ့ အကျိတ်ကို အာထရာဆောင်းရိုက်ကြည့်ရာမှာတော့ အံသြဖွယ် လူမျက်နှာပုံ ထွက်ပေါ်လာပါသတဲ့။  ဒါကြောင့် ဒီပိုစ့်ရဲ့ ခေါင်းစဉ်ကို “ဥထဲက မျက်နှာ” လို့ အမည်တပ်လိုက်ပါတယ်။  ဒါကြောင့် ဥကို ဥလို့သာ ဖတ်ကြပါလို့ တောင်းပန်လိုက်ပါရစေခင်ဗျာ။

          များသောအားဖြင့် အချို့ အစွဲအလမ်းကြီးတဲ့လူတွေကတော့ ဒီလိုမျိုး ထူးထူးခြားခြား ပေါ်လာတဲ့ ပုံတွေကို ဂမ္ဘီရ ထူးဆန်းထွေလာ ပေါ်လာတဲ့ ပုံတွေလို့ သမုတ်တတ်ကြပါတယ်။  ဥပမာ ဒယ်အိုးပေါ်မှာ ဂျီးဆက်ပုံ ပေါ်လာတာမျိုး  ဂလက်စကိုက အိမ်သာတံခါးမှာ ဂျီးဆက်ပုံပေါ်လာတာမျိုးပေါ့  ဒါပေမယ့် အခုဟာက ဥမှာ လာပေါ်တယ်ဆိုတော့ သမုတ်ရမှာ ခပ်ခက်ခက်ဖြစ်နေပုံရပါတယ်။
          ဒေသခံလူတွေနဲ့ ဆေးရုံဝန်ထမ်းတွေကတော့ ဒီလိုမျိုး ထူးထူးခြားခြားပေါ်လာတဲ့ ပုံအတွက် အံအားသင့်နေတယ်လို့ဆိုပါသတဲ့။  ဒီပုံကို “International Society of Urology’s” ရဲ့ ဂျာနယ်မှာ စက်တင်ဘာလတုန်းက ထည့်သွင်းဖော်ပြခဲ့တယ်လို့ ဆိုပါသတဲ့။

Source : (Link)

3 comments:

  1. လူပြုစားတာများလေလားး(

    ReplyDelete
  2. ပြုံးရုံသာပြုံးသွားပါတယ်..
    ဝေမဖန်တတ်ပါကြောင်း :P

    ReplyDelete
  3. ထူးဆန်းလိုက်တာနော်။

    ReplyDelete