စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, November 3, 2011

သူ့အရုပ်တွေကို ဖျက်ဆီးလို့ မိန်းမကို သတ်လိုက်တဲ့ ယောင်္ကျား


          စတာဝါး ရုပ်ရှင်ကို ကလေးတိုင်းကြိုက်ကြမှာပါ။  အာကာသထဲမှာ တစ်ဂြိုလ်ကနေ တစ်ဂြိုလ်ကိုသွား ထူးဆန်းတဲ့ အကောင်တွေပါတဲ့ ရုပ်ရှင်ကားပေါ့။  အဲဒီရုပ်ရှင်ကို ရူးရူးမူးမူး ခုံမင်မြတ်နိုးတဲ့ ရစ်ကီ လာတိုရှေး ဆိုတဲ့ အသက် ၃၀ အရွယ် လူကတော့ သူ ကလေးဘ၀ထဲက အနှစ်နှစ် အလ လ စုဆောင်းခဲ့တဲ့ စတားဝါးအရုပ်တွေကို ဖျက်ဆီးလို့ဆိုပြီးတော့ သူ့မိန်းမနဲ့ ရန်ဖြစ်ရင်းနဲ့ သူ့မိန်းမဟာ သေဆုံးသွားခဲ့ပါတယ်။  သူရဲ့ မိန်းမဟာ ထိုင်းနိုင်ငံသူဖြစ်ပြီး ထိုင်းနိုင်ငံက အရက်ဆိုင်တစ်ဆိုင်မှာ ၂၀၀၁ ခုနှစ်က စတင်တွေ့ရှိခဲ့ပါတယ်တဲ့။  နောက်တော့ ၂၀၀၃ ခုနှစ်၊ သူ ထိုင်းနိုင်ငံကို လေးကြိမ်မြောက်ခရီးသွားအပြီးမှာတော့ အဆိုပါမိန်းကလေး ပွန်ပီလိုင် စရီစရွိုင်နဲ့ လက်ထပ်ခဲ့ပါတယ်။

          တရားရုံးကိုထွက်ဆိုရာမှာတော့ သူ့မိန်းမဟာ သူကလေးဘ၀ကထဲက အမြတ်တနိုးတန်ဖိုးထားခဲ့ရတဲ့ အရုပ် ၂ရုပ်ဖြစ်တဲ့ “Darth Vader” နဲ့ “Luke Skywalker” တို့ကို ဖျက်ဆီးပစ်တယ်လို့ ဆိုပါတယ်။  အခုဆိုရင် ဒီအရုပ်နှစ်ရုပ်ဟာ ခုဆိုရှင် အင်္ဂလန်ငွေ ထောင်ပေါင်းများစွာ တန်နေပြီလို့လဲ သူကဆိုပါသေးတယ်။ 
          ရန်ဖြစ်ပုံက သူ့မိန်းမက သူ့ကို ပစ်ပြီး ထိုင်းကိုပြန်မယ်ပြောပါတယ်တဲ့။  သူက ခွင့်မပြုတော့ သူ့ကို အကြီးအကျယ်ဒုက္ခရောက်အောင်လုပ်မယ်ဆိုပြီး ခြိမ်းခြောက်သတဲ့။  နောက်တော့ အရုပ်တွေ ချိုးဖဲ့ ဖျက်ဆီးလိုက်တော့ သူက သူ့မိန်းမကို လည်ပင်းညှစ်တယ်လို့ ဆိုပါတယ်။  သူ့မိန်းမဟာ အသက်ရှုကျပ်ပြီး သေဆုံးခဲ့ပါတယ်။ 
          ဒီအတွက်  ရစ်ကီဟာ ထိုပြစ်ဒဏ်အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံရပါတော့မယ်။ သြော်… လောကကြီး အစွဲအလမ်းကြီးလွန်းတော့လည်း မဖြစ်သင့်တာတွေဖြစ်ကုန်တာပါပဲလေ….။

Source : (Link)

2 comments:

  1. ဟယ်တော့ ကိုယ့်မိန်းမကိုလုပ်ရက်လိုက်တာ
    ထူးဆန်းပါပေ့

    ReplyDelete
  2. နာမှာ အဲယို မြတ်နိုးရမယ့် အရုပ်မရှိဝူးဟ့
    သတ်ချင်းသတ် အရုပ်ဝယ်ပေးလို့ သတ်မိမလား မသိဖူး :D

    ReplyDelete