စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Saturday, November 5, 2011
အိတ်ဖိုး အပိုကြေးမပေးနိုင်လို့ လေဆိပ်မှာ ၈ ညအိပ်ခဲ့ရတဲ့ အမျိုးသမီး
          တယ်ရီ ၀ိုက်ဆင်ဂါ ဆိုတဲ့ အမျိုးသမီးဟာ အီဒါဟို ဆိုတဲ့မြို့ကလေးမှာ ဘ၀အသစ်စဖို့ဆိုပြီးတော့ လေယဉ်လက်မှတ်တစ်စောင်ရယ်၊ အိတ်၂လုံးရယ်၊ လက်ထဲမှာ ဒေါ်လာ ၃၀ ရယ်နဲ့ ဆန်ဖရန်စစ်စကို လေဆိပ်ကို မျှော်လင့်ချက်အပြည့်နဲ့ သွားခဲ့ပါတယ်။  ဒါပေမယ့် လေဆိပ်ကိုရောက်တော့ US Airway လေယဉ်စီးဖို့ လုပ်တဲ့အချိန်မှာ အိပ်ဖိုး အပိုကြေးငွေ ဒေါ်လာ ၆၀ ထပ်တောင်းပါတယ်။  ၀ိုက်ဆင်ဂါက သူမလွန်ခဲ့တဲ့ ငါးနှစ်တုန်းက လေယဉ်စီးတော့ အိတ်ဖိုးက အပိုငွေပေးစရာမလိုပဲ အခမဲ့ ရတဲ့အကြောင်းပြောပါတယ်။
          သူမက “တစ်ကယ်လို့သာ ငွေ ၃၀ ပဲကောက်မယ်ဆိုရင် ဒီလေယာဉ်ခရီးစဉ်ကို စီးဖြစ်မှာပါ၊ ဒါပေမယ့် အိတ်တစ်လုံးကို ၂၅ နဲ့ နောက်အိတ်တစ်လုံးကို ငွေ ၃၅ ဒေါ်လာတောင်းတာပါ” လို့ ဆန်ဖရန်စစ်စကိုက ရုပ်သံလိုင်း KGO TV ကိုပြောသွားပါတယ်။  သူမက လေကြောင်းလိုင်းကို သူမမှာ ပိုက်ဆံမရှိတဲ့အကြောင်း ဒါကြောင့် အီဒါဟိုရောက်တော့မှ ပိုက်ဆံပြန်ပေးပါရစေလို့ပြောပေမယ့် လေကြောင်းလိုင်းရဲ့ ငြင်းပယ်မှု့ကိုသာ ခံခဲ့ရပါတယ်။  ဒါနဲ့ သူမရဲ့ အိတ်တစ်လုံးကို ချန်ထားပြီး ကျန်တဲ့ အိတ်ကလေးကိုပဲ သယ်သွားပါရစေလို့ တောင်းပန်ပြန်တော့လည်း လေကြောင်းလိုင်းက ဒါဟာ လုံခြုံရေး ဥပဒေနဲ့ ငြိစွန်းလို့ လက်မခံပါဘူး။
          သူမရဲ့ ဆိုးဝါးလှတဲ့ ဒီလို ရက်ပေါင်း ၈ ရက်အလွန် နောက်ဆုံးမှာတော့ လေဆိပ်က ဘုရားရှိခိုးကျောင်းတစ်ခုက အသင်းဝင်တွေရဲ့ ကူညီမှု့ကြောင့် လေယာဉ်စီးခွင့် ရခဲ့ပါတယ်။  US Airways က ပြောရေးဆိုခွင့်ရှိသူကတော့ “ကျွန်တော်တို့ ၀ိုင်စင်ဂါရဲ့ အဖြစ်အပျက်အတွက် တောင်းပန်ပါတယ် ဒါပေမယ့် သူမအတွက် ကျွန်တော်တို့ဟာ ငွေပြန်ပေးလို့မရတာပါ။  သင်ဟာတစ်ကယ်လို့ ငွေပြန်မအမ်းတဲ့ လေယာဉ်လက်မှတ်ကိုမယ်ဆိုရင် အဲ့ဒီက လိုက်နာရမယ့်အချက်တွေကို သဘောတူပြီးမှ ၀ယ်လို့ရတာပါ။  တစ်ကယ်လို့သာ ခရီးသည်တစ်ယောက်ဟာ သူ့ရဲ့အိတ်တွေနဲ့အတူ ခရီးတစ်ပါထည်းမသွားနိုင်ဘူးဆိုရင်တော့ တစ်ခြားတစ်မျိုးမျိုးကို စီစဉ်ရမှာပါ” လို့ပြောသွားပါတယ်။
          ဗြိတိန်သတင်းစာ Telegraph ရဲ့ ခရီးသွား စစ်တမ်းတွေအရ လေကြောင်းလိုင်းတွေဟာ ဒီနှစ် အပိုဝင်ငွေအားလုံးရဲ့ ၄၄%နှုန်းကို လေယာဉ်ပေါ်မှာကျွေးတဲ့ အစားအစာ၊ ပစ္စည်းအပိုသယ်ဆောင်ခ၊ ကားငှားပေးတဲ့ ၀န်ဆောင်မှု့ စတာတွေကနေပြီးတော့ ရမယ်လို့ မျှော်လင့်ပါတယ်တဲ့။
          သြော်… ဘယ်လောက်တိုးတက်ပါတယ်ပြောပြော၊ စနစ်ကြီး ဘယ်လိုကောင်းပါတယ်ပြောပြော ၁၀၀%နှုန်း ပြည့်စုံတယ်တော့ မဟုတ်သေးပါဘူးလေ။ ယိုပေါက် စိမ့်ပေါက်ကလေးတွေတော့ ရှိတတ်တာပေါ့။  သူတို့ဆီမှာလည်း မွဲတဲ့လူရှိတာပဲ။  သူတို့ဆီမှာမွဲရင် ကိုယ်တွေဆီမှာထက်ပိုဆိုးမယ်ထင်ပါ့။
5 comments:
  1. ရုပ်ဝတ္ထု တွေ တိုးတက်လေလေ။ စိတ်ဓါတ်တွေ သိမ်ဖျင်းလေလေ ဆိုတာ ဖြစ်နိုင်ပါတယ်။
    BTW ကျောင်းသားဘ၀ လေးကြိုက်တယ်ဗျာ။
    ReplyDelete
  2. လေဆိပ်မှာ ဘုရားရှိခိုးကျောင်း ရှိတာကိုပဲကျေးဇူးတင်ရမယ်နော်
    ဘုရားရှိခိုးကျောင်း ကတော့ဒုက္ခရောက်နေရင်ဘယ်သူ့ကိုဖြစ်ဖြစ်ကူညီမှာပါ
    ခင်တဲ့ jasmine
    ReplyDelete
  3. စိတ်ညစ်စရာဘဲနော်..
    တော်သေးတာပေါ့ ကူညီမဲ့သူပေါ်လာလို့..
    ReplyDelete
  4. တစ်ချို့နေရာတွေမှာ လူမှုရေးကိုမကြည့်ဘဲ စာအုပ်ကြီးအတိုင်း လုပ်ကြတဲ့လူတွေအများကြီးပါဘဲ... သူတို့ရင်ထဲမှာ ဘယ်လိုနှလုံးသားနဲ့ မွေးဖွားလာတာလဲလို့ မေးကြည့်ချင်တာ..
    ReplyDelete
  5. စိတ်မကောင်းပါဘူး။
    ReplyDelete