စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, May 10, 2016

ကျားတို့သည် အင်္ဂါဂြိုလ်မှလာပြီး မ တို့သည် သောကြာ ဂြိုလ်မှလာကြသည်

            Phoenix တက္ကသိုလ်က အင်္ဂလိပ်စာ ပါမောက္ခတစ်ယောက်ဟာ သူ့အတန်းသားတွေကို အိမ်စာတစ်ပုဒ်ပေးပါတယ်။  ဒီအထဲမှာ ထူးခြားတဲ့အချက်က ဒီအိမ်စာကို ၂ ယောက်တစ်တွဲလုပ်ရမှာ ဖြစ်ပြီး စကားရည်လုပွဲပုံစံမျိုး တစ်ဖက်ကို တစ်ပိုဒ် e-mail နဲ့ ပို့ရမှာဖြစ်ပါတယ်။  e-mail  ပို့တဲ့အခါမှာ အဆိုပါနှစ်ယောက် အချင်းချင်း အီးမေးပို့ရမယ့် အပြင် ပါမောက္ခကို cc ခံပြီး ပေးပို့ရမှာဖြစ်ပါတယ်။ 
            နှစ်ယောက်ထဲက တစ်ယောက်က မိမိကြိုက်နှစ်သက်ရာ အကြောင်းအရာတစ်ခုကို စာပိုဒ်တစ်ပိုဒ်အနေနဲ့ရေးပြီးတော့ တစ်ခြားတစ်ယောက်ဆီကို အီးမေးလ်နဲ့ပို့ပါ။  ကျန်တဲ့တစ်ယောက်က အဲ့ဒီစာပိုဒ်ကို ဖတ်ပြီးရင် တစ်ခြားစာပိုဒ်တစ်ပိုဒ်ရေးပြီး အီးမေးလ်နဲ့ ပြန်ပို့ပါ။  ပထမတစ်ယောက်က ဖတ်ပြီး နောက်ထပ်တစ်ပိုဒ်ထပ်ရေး ပြန်ပို့။ ဒီလိုမျိုး အပြန်အလှန်ပို့ရမယ်။  ဒါပေမယ့် ပြန်ပို့တိုင်းမှာ ရေးခဲ့ပြီးတာတွေကို ပြန်ဖတ်ပြီး ကွင်းဆက်မပြတ်အောင်၊ ဇာတ်လမ်းပြတ်မသွားအောင် ရေးရမယ်။  ဒီလိုပို့နေတဲ့အချိန်အတွင်းမှာ အပြင်မှာ လုံးဝ စကားမပြောရဘူး။  ပြောချင်တာတွေအားလုံးကို အီးမေးလ်ထဲမှာပဲ ရေး။  နှစ်ဖက်စလုံးက ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အချိန်မှာ ဇာတ်လမ်း အဆုံးသတ်မယ်။ 
            ဒီလိုနဲ့ အတန်းသားတွေထဲက ရေဗက်ကာ ဆိုတဲ့ ကောင်းမလေးနဲ့ ဂရေးဆိုတဲ့ ကောင်လေးနှစ်ယောက် တစ်တွဲကျပါတယ်။

ဇာတ်လမ်းအစကတော့ ဒီလိုပါ

ရေဗက်ကာရဲ့ ပထမ အပိုဒ် : အရင်ဆုံးပေါ့… လော်ရီတစ်ယောက် ဘယ်လို လက်ဖက်ရည်မျိုးသောက်ရမလဲဆိုတာကို ဝေခွဲလို့ကို မရနိုင်ဖြစ်နေပါတယ်။  သူမရဲ့ ပျင်းရိငြီးငွေ့ဖို့ကောင်းလှတဲ့ ဒီလိုမျိုး ညနေခင်းမျိုး အိမ်ထဲမှာ chamomile (ဒေစီပန်းလိုမျိုး ပန်းပွင့်အရွက်ကလေးများနှင့် ဖော်စပ်ထားသော လက်ဖက်ရည်) လက်ဖက်ရည်ကို သူမအကြိုက်တတ်ဆုံးပဲ။ ဒါပေမယ် ခုတော့ ပျော်ရွင်တဲ့အချိန်တွေမှာ chamomile လက်ဖက်ရည်ကို သောက်လေ့ရှိတဲ့ ကားလ်ဆိုတဲ့ကောင်လေးကို အကြောင်းကို ပြန်ပြောင်းသတိရနေမိပြန်ပြီ။  ဘာတွေဘယ်လိုပဲ တိုက်ဆိုင်တိုက်ဆိုင်လေ… သူမကတော့ ကားလ်အကြောင်းကိုပဲ သတိရနေတာ။  ကားလ်ကတော့ သူမအတွက် အသက်ရှုမှားလောက်စရာ … အို သူနဲ့တွေ့တိုင်း သူမ ရင်ကျပ်ပန်းနာ ဖြစ်သလိုမျိုး အသက်ရှု့ဖို့ မေ့မေ့သွားတယ်လေ။ ဒီအတွက် ထွေထွေထူးထူး မေးခွန်းထုတ်မနေတော့ပါဘူး.. ဟုတ်တယ်… chamomile လက်ဖက်ရည်ပဲ။


ဂရေးရဲ့ ဒုတိယမြောက် အပိုဒ် : အဲ့ဒီအချိန်မှာပဲ Skylon 4 ရဲ့ ဂြိုလ်ပတ်လမ်းထဲက စစ်ဆင်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် အထူးစစ်ဆင်ရေး တပ်ကြပ်ကြီး ကာလ်ဟားရစ်ဟာ သူနဲ့ မနှစ်ကလောက်က တွေ့ဖူးတဲ့ ရင်ကျပ်ပန်းနာလိုလို ဘာလိုလို စိတ်ရောဂါရနေတဲ့ လောရီဆိုတဲ့ ကောင်မလေးထက်ပိုပြီး အရေးကြီးတဲ့ အရာတွေကို တွေးနေရပါတယ်။  တပ်ကြပ်ကြီး ကားလ်က သူ့ရဲ့ ဂလက်ဆီဆက်သွယ်ရေးမှုးကို လှမ်းပြောလိုက်တယ် “အေ အက်စ် ဟားရစ်မှ မြေပြင်ထိန်းချုပ်ရေး ၁၇, ဂြိုလ်ပတ်လမ်း ချဉ်းကပ်မှု့ ပြီးမြောက်၊  ရန်သူ့အရိပ်အယောင် ခုထက်ထိ မတွေ့သေး…”။  စကားပြောလို့ မဆုံးခင်မှာပဲ ဘယ်ကရောက်လာမှန်းမသိတဲ့ ရောင်ခြည်တန်းတစ်ခုဟာ ကားလ် အာကာသယာဉ်ပျံရဲ့ အလယ်ပိုင်းနေရာကို ထုတ်ချင်းပေါက် ဖြတ်ထွက်သွားတယ်။  ရုတ်တရက်တိုက်ခိုက်ခံလိုက်ရမှု့ကြောင့် ကားလ်တစ်ယောက် သူ့ရဲ့ အာကာသယာဉ်မောင်းနေရကာနေ လွင့်စင်ပြီး ထွက်သွားတယ်။


ရေဗက်ကာရဲ့ တတိယအပိုဒ် : ကားလ်တစ်ယောက် ဦးခေါင်းကို ထိခိုက်မိပြီးတော့ ချက်ချင်းကို သေလုမျောပါး ဖြစ်နေပါတယ်။  ဒါပေမယ့် လူ့လောကကြီးထဲက ထွက်မသွားခင်ကလေးမှာ သူ့ပေါ် ခံစားချက်ရှိခဲ့တဲ့ လော်ရီဆိုတဲ့ ကောင်မလေးအပေါ် ရက်စက်စွာတုံ့ပြန်ခဲ့တာကို နောင်တရနေခဲ့ပါတယ်။  မကြာခင်အချိန်မှာတော့ ကမ္ဘာကြီးဟာ ငြိမ်းချမ်းစွာ အေးရာအေးကြောင်းနေတဲ့ Skylon 4 ဂြိုလ်နဲ့ ပါတ်သတ်ပြီး သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စစ်ဆင်ရေးတွေကို ရပ်တန့်ပစ်လိုက်ပါတယ်။  “အာကာသ ခရီးသွားခြင်းနှင့် စစ်ပွဲတွေကိုရပ်တန့်သည့် ဥပဒေကို ညီလာခံမှ ထုတ်ပြန်လိုက်သည်”  မနက်ခင်းမှာ လော်ရီ ဖတ်လိုက်ရတဲ့ သတင်းစာပေါ့။  ဒီသတင်းဟာ သူမကို ချက်ချင်း အံအားသင့်စေသလို ပျင်းရိငြီးငွေ့သွားစေပါတယ်။  သူမ ပြုတင်းပေါက်အပြင်ကို ငေးကြည့်နေရင်း၊ သူမရဲ့ ငယ်ရွယ်နုနယ်မှု့အကြောင်းကို စိတ်အစဉ်က ဆွဲခေါ်သွားပါတယ်။  အချိန်တွေဟာ သာသာယာယာ ငြိမ့်ငြိမ့်လေး ကုန်ဆုံးသွားမယ်၊ ဘာကိုမှ ဂရုစိုက်စရာမလိုဘူး၊ ဒီလို အပြစ်ကင်းစင်ပြီး ကြည်နူးဆွတ်ပျံဖွယ် အရာတွေ သူမအနားမှာ ၀န်းရံနေတဲ့ အချိန်ကို ဘာ သတင်းစာမှ၊ ဘယ်လို တီဗီအစီအစဉ်တွေကမှ သူမရဲ့ စိတ်အစဉ်ကို နှောင့်ယှက်နိုင်မှာ မဟုတ်ပါဘူးလေ။  မိန်းမတစ်ယောက် ဖြစ်တည်မှု့အတွက် လူတစ်ယောက်ဟာ တစ်ခြားတစ်ယောက်ရဲ့ အပြစ်ကင်းစင်မှု့ကို ဆုံးရှုံးရမှာလဲလေ… သူမ အတိတ်ကို ခပ်ရေးရေးငေးကြည့်ရင်း ပြောနေမိတယ်။

ဂရေးရဲ့ စတုတ္ထအပိုဒ် : သူမ  မသိလိုက်တဲ့ အချက်ကတော့ သူမဟာ ၁၀ စက္ကန့်ပဲ အသက်ရှင်ဖို့ အချိန်ကျန်တော့တယ် ဆိုတာပါ။  မြို့ကြီးရဲ့ အပေါ် မိုင်ပေါင်းထောင်ချီကွာဝေးတဲ့ နေရာမှတော့ Anu’udrian ယာဉ်ပျံကြီးဆီက လီသီယံပေါင်းစပ်ထားတဲ့ ဒုံးကြည်တွေကို ပထမအသုတ်အနေနဲ့ ပစ်လွှတ်လိုက်ပါပြီ။  စင်္ကြ၀ဋ္ဌာ လက်နက်ဖျက်သိမ်းရေးကို ညီလာခံမှာ ဥပဒေဆွဲတဲ့ ငြိမ်းချမ်းရေးလိုလားသယောင်ယောင် ငတုံးတွေကြောင့် ကမ္ဘာကြီးဟာခုတော့ လူသားမျိုးဆက်တွေကို ဖျက်ဆီးမယ့် အကြမ်းဖက် ဂြိုလ်သားတွေ လက်ထဲမှာ ခုခံကာကွယ်စရာ ဗလာနတ္ထိ ပြုသလို နုနေရပါပြီ။  လက်နက်ဖျက်သိမ်းရေး ဥပဒေကြီး ပြဋ္ဌာန်းပြီး ၂ နာရီအတွင်းမှာပဲ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်ဖို့ လုံလောက်တဲ့ Anu’udrain  ယာဉ်ပျံတွေဟာ ကမ္ဘာ့လမ်းကြောင်းထဲကို ၀င်လာနေကြပါပြီ။ ဘီလူးတွေလို ရက်စပ်ကြမ်းကြုတ်တဲ့ အကြံအစီနဲ့ ဂြိုလ်သားတွေဟာ အတားအဆီးမရှိ ၀င်လာကြပါပြီ။  လစ်သီယမ်ပေါင်းစပ်ထားတဲ့ ဒုံးကြည်တွေဟာ ကမ္ဘာ့လေထုထဲကို အတားအဆီး မရှိ လွတ်လွတ်လပ်လပ်ကြီးကို ပျံသန်းဝင်ရောက်လာကြပြီ။  ပစိဖစ်သမုဒ္ဒယာ ဂွမ်ကမ်းခြေနားက ရေအောက်ကြမ်းပြင်မှာ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတကြီးကို တင်ဆောင်လာတဲ့ ထိပ်တန်းလုံခြုံရေး ရေငုပ်သင်္ဘောကြီးကတော့ မယုံကြည်နိုင်စရာကောင်းလောက်တဲ့ အင်းအားပြင်းထန်တဲ့ ပေါက်ကွဲမှု့ကြီးကို ခံစားလိုက်ရပါတယ်။  သနားစရာကောင်းလှတဲ့ ငတုံးမလေး လော်ရီကတော့ အငွေ့ပျံသွားပါတယ်။

ရေဘက်ကာ : ဒါသက်သက်ကို ညစ်ပတ်တာ၊ ကျွန်မ ဒီလိုမျိုး တစ်ဖက်စောင်းနင်းနိုင်တဲ့ ၀တ္တုမျိုး ဆက်မရေးနိုင်ဘူး။  ကျွန်မစာရေးဖော်က ရက်စက် ကြမ်းကြုတ်တယ်၊ တစ်ဘို့ထဲကြည့်နေတဲ့ စစ်သူရဲကောင်းကြီး၊ ကိုယ့်ကိုယ်ကို ကြီးကောင်ဝင်ပြီထင်နေတဲ့ ပြား ၉၀ စာရေးဆရာ။

ဂရေး : သြော်ဗျာ…  ကောင်းပြီးလေ။  ကျွန်တော့်စာရေးဖော်က ၀ါးလုံးခေါင်းထဲလသာပြီးတော့ ဘိန်းစားတွေ ဘိန်းစားသလိုမျိုး စာတွေရေးတဲ့ ဂေါက်သီး။  “အို… ကျွန်မ chamomile လက်ဖက်ရည်သောက်ရမှာလား… ဒါမှမဟုတ် ဘယ်လို သောက်သုံးမကျတဲ့ လက်ဖက်ရည်သောက်ရမှာလား… အို.. မဟုတ်သေးပါဘူး.. ကျွန်မ ဘာလုပ်ရမှာလဲ.. ကျွန်မဟာ ဒန်နီရယ် စတီးလ်ရဲ့ ၀တ္တုတွေ အဖတ်များပြီး ခေါင်းထဲ လေပြည့်နေတဲ့ ကောင်မလေးပါရှင်”

ရေဘက်ကာ : မသာကြီး

ဂရေး : ခွေးမ

ရေဘက်ကာ : အရိုင်းအစိုင်း ကျောက်ခေတ်လူသားကောင်

ဂရေး : မင်းအိပ်မက်ထဲမှာလေ..။ လက်ဖက်ရည်သွားသောက်နေလိုက်။


ပါမောက္ခ : A+ ဒီ ၀တ္တုကိုတော့ ကြိုက်သွားပြီ။



5 comments:

  1. စာဖတ်သူ..ဒီစာကိုတော့ကြိုက်သွားပြီ
    အိုင်အိုရာ

    ReplyDelete
  2. Bro မနေ့က ၁၃ရက် ၇လ က တင်တဲ့ မုန်တိုင်းပို့ စ် မတွေ့ တော့ဘူး feedly မှာတွေတယ် ဒီမှာမတွေ့ ဘူး ပြန်တင်ပါအုံး

    ReplyDelete
    Replies
    1. ပြန်တင်လိုက်ပါပြီ အကို... နောက်ကျသွားတာကို ခွင့်လွှတ်ပါ ခင်ဗျာ..

      Delete
  3. ဟုတ်အကို ကျွန်နော် ပြန်တင်ပါ့မယ် ခင်ဗျာ

    ReplyDelete