စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, March 25, 2012

သွားကြဦးမလား ရေအောက်ပြတိုက် (Cancun Underwater Museum)


          Cancun Underwater Museum ကတော့ Jason deCaires ဆိုသူ အနုပညာရှင်ဖန်တီးထားတာဖြစ်ပြီးတော့ မက္ကစီကိုနိုင်ငံ Isla de Mujeres ကမ်းရိုးတမ်း ရေအောက်မှာ ခင်းကျင်းပြသထားတဲ့ ပြတိုက်ဖြစ်ပါတယ်။  ဒီပြတိုက်ကို ၂၀၀၉ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီးတော့ Cancun ရေအောက် National Marine Parkမှာ ရာပေါင်းများစွာသော ရုပ်ထုတွေ ကို ခင်းကျင်းပြသထားပါတယ်။  ကဲ ရေအောက်ပြတိုက်က ရုပ်ထုလေးတွေကို ကြည့်လိုက်ကြရအောင်…..




















Source :(Link)
Picture by Jason deCaires Taylor

5 comments:

  1. ရုပ်တုတွေအကုန်လုံးနီးပါးက မျက်လုံးမှိတ်ထားကြတယ်နော်...ဘာကြောင့်
    လဲတိဘူး....။

    ReplyDelete
  2. မျက်စိထဲ ရေ၀င်မှာစိုးလို့တဲ့
    ရေအောက်မှာ ဗိုက်ကြီးသည်ဘာတွေလုပ်နေတာလဲ
    အထဲက ခလေးတော့ဖျားတော့မှာပဲ

    ReplyDelete
  3. သွားချင်တယ်... တကယ်ကိုသွားချင်တယ်.. စိတ်ဝင်စားတယ်.. ရေငုတ်ရမယ့်အလုပ်ဆို.. :P

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  4. မျက်လုံးလေးတွေဖွင့်ပြီး သက်၇ှိလေးတွေလို လုပ်ထားရင် ကောင်းမယ် အရောင်တွေဘာတွေရော ထည့်လိုက်ရင်မိုက်သွားမယ်
    အခုဟာက ကြောက်စရာကောင်းနေတယ် သရဲတွေကျနေတာပဲ ရေကူးရင်း အမှတ်တမဲ့ လန့်သွားလောက်တယ်

    ReplyDelete
  5. မသွားရဲပေါင် ရေထဲမယ် ငါးမန်းထွက်လာလဲသေမှာ နောက်ပီး ဘွားခနဲမျက်လုံးဖွင့်ပြတာတို့ အသက်ဝင်လာပီးလိုက်ဆွဲရင် ဘယ်လိုလုပ်မလဲ အောင်မငေး ပြေးမလွတ်ဘူး ( ရေမကူးတတ်တာလဲပါတာပေါ့လေ )

    ဒီလိုကြည့်နေတာဘဲကောင်းပါတယ်
    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete