စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, February 5, 2013

အံရောသောဝ်…နိုင်ငံတကာ ဥပဒေများ




ပြင်သစ် နိုင်ငံရဲ့ မြို့တော် ပါရီ (Paris) မှာတော့ ယခုအခါ ပျိုပျိုမေတို့အတွက် သတင်းကောင်း ဥပဒေကို ပြင်ဆင်မွန်းမံလိုက်ပါပြီ။  ဒီ ဥပဒေကတော့ အမျိုးသမီးတွေဟာ တရားဝင် ဘောင်းဘီရှည် ၀တ်ဆင်ခွင့် ရပါပြီတဲ့။  ၂၁၄ နှစ်ကြာ တားမြစ်ထားတဲ့ ဥပဒေကို ၁၇၉၉ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီးတော့ အဲဒီအချိန်တုန်းက အမျိုးသမီးတွေဟာ ဘောင်းဘီရှည်ဝတ်ဆင်ချင်ရင် ရဲအရာရှိဆီမှာ အထူးခွင့်ပြုချက်ကို ရယူရမယ်လို့ ဆိုထားတာပါ။  ၁၈၉၂ ခုနှစ်မှာတော့ အကယ်၍ အမျိုးသမီးဟာ မြင်းဇက်ကြိုးကို ကိုင်ထားမယ်ဆိုရင်တော့ ဘောင်းဘီရှည် ၀တ်ဆင်ခွင့်ရမယ် လို့ ပြင်ဆင်ခဲ့ပါတယ်။  ၁၉၀၉ ခုနှစ်မှာတော့ ဒီဥပဒေကို ထပ်မံပြင်ဆင်ခဲ့ပါတယ်။  ဒါကတော့ အမျိုးသမီးဟာ စက်ဘီးစီးနင်းနေတဲ့အခါ ဒါမှမဟုတ် စက်ဘီးဂိုက်ကို ကိုင်ထားတဲ့အချိန်မှာဆိုရင် ဘောင်းဘီ ပုံစံအမျိုးမျိုး ၀တ်ဆင်ခွင့်ရှိတယ်ဆိုတာပါ။  ၁၉၄၆ ခုနှစ်မှာတော့ ယောက်ျားများနည်းတူ အမျိုးသမီးများ တန်းတူအခွင့်အရေး ရလာတော့ ဒီဥပဒေ ဟာ မျက်စေ့စပါးမွှေးစူးစရာဖြစ်လာပါတယ်။  ခုတော့ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ၀န်ကြီးက အမျိုးသမီးတွေကို တရားဝင် ဘောင်းဘီရှည် ၀တ်ဆင်ခွင့်ပေးလိုက်ပါပြီ။  ဒါပေမယ့် ချွင်းချက်တစ်ခုတော့ ရှိပါတယ်။  ခေတ်မမီတော့တဲ့၊  ဒါမှမဟုတ် အများအမြင်မသင့်လျှော်တဲ့ ဘောင်းဘီရှည်မျိုးကိုတော့ ၀တ်ဆင်ခွင့် မရှိပါဘူးတဲ့။  ဘာကြောင့်ရယ်တော့ အကျွန်လဲ မလျှောက်တတ်။

နောက်ထပ် ကြောင်တောင်တောင် ဥပဒေလေးတွေလည်း ပြင်သစ်မှာ ရှိပါသေးတယ်။

မနက် ၈နာရီမှ ည၈နာအတွင်း ၇၀%နှုန်းသော ရေဒီယိုမှ ထုတ်လွှင့်တဲ့ သီချင်းတွေဟာ ပြင်သစ် အနုပညာရှင်တွေရဲ့ သီချင်းတွေ ဖြစ်ရပါမတဲ့။

ရထားလမ်းတွေပေါ်မှာ နမ်းခြင်းဟာ ဥပဒေကို ချိုးဖောက်ပါတယ်။

ဘယ်ဝက်ကိုမှ သူ့ရဲ့ သခင်က နပိုလီယံဆိုတဲ့ နာမည် မှည့်ခွင့် မရှိပါဘူး။

ရဲအရာရှိ ဒါမှမဟုတ် ရဲကားကို ဓာတ်ပုံရိုက်ခြင်းဟာ ဥပဒေကို ချိုးဖောက်ပါသတဲ့။  ဓာတ်ပုံရိုက်ရင်း ရဲတစ်ယောက်ယောက် ဖြတ်လျှောက်သွားရင်တောင် မြင်ကွင်းထဲ ပါအောင် မရိုက်ရမယ့်ပုံပေါက်နေပြီ။





စင်ကာပူနိုင်ငံမှာတော့ တော်တော်များများ သိကြတဲ့အတိုင်း ကျွန်တော်တို့ အခေါ် ပီကေ (Chewing gum) ကို ၁၉၉၂ ခုနှစ်ကထည်းက စားသောက်ခွင့် ပိတ်ပင်ထားပါတယ်။  ဆေးလိပ်ဖြတ်ချင်တဲ့ လူတွေအတွက်တော့ ဆေးဆိုင်တွေမှာ နီကိုတင်းပါတဲ့ ပီကေ ၀ယ်လို့ရပါတယ်။  



ဖိလစ်ပိုင်နိုင်ငံက ဥပဒေတစ်ခုကတော့ လိုင်စင်နံပါတ်ပြားအဆုံးမှာ ၁ ဒါမှမဟုတ် ၂ နဲ့ဆုံးတဲ့ ကားတွေဟာ တနင်္လာနေ့၊  အင်္ဂါနေ့ ၃ နာရီကနေ ၄ နာရီ၊ ဗုဒ္ဓဟူးနေ့ ၅ နာရီမှ ၆ နာရီ၊ ကြာသာပတေးနေ့ ၇ နာရီ ဒါမှမဟုတ် ၈ နာရီ၊ သောင်္ကြာနေ့ ၉နာရီဒါမှမဟုတ် ၇ နာရီကနေစလို့ လမ်းပေါ်မှာ မောင်းခွင့်မရှိပါတဲ့။ 


  ဂျပန်နိုင်ငံမှာတော့ အ၀လွန်တွေကို ထိန်းချုပ်တဲ့အနေနဲ့ ၀ခြင်းနဲ့ ပါတ်သတ်တဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားပါတယ်။  ဒါကတော့ အမျိုးသားများဟာ ခါး ၈၀ စင်တီမီတာ ထက်မကျော်ရ၊  အမျိုးသမီးများသည် ခါး ၉၀ စင်တီမီတာထက် မကျော်ရဆိုတဲ့ ဥပဒေပါတဲ့။  ဒီဥပဒေကို ၂၀၀၉ ခုနှစ်မှာ ပြဋ္ဌာန်းပါတယ်။



ထိုင်းနိုင်ငံမှာတော့ သူတို့ရဲ့ ရှင်ဘုရင် မင်းမြတ်ပုံပါတဲ့ ထိုင်းဘတ် ပိုက်ဆံကို ခြေထောက်နဲ့ နင်းခွင့်မရှိပါဘူး။  သင် သတိပြုမိသည်ဖြစ်စေ၊ သတိမပြုမိသည်ဖြစ်စေ၊  ထိုင်းရှင်ဘုရင်ကို စော်ကားလိုစိတ် မရှိသည်ဖြစ်စေ အဆိုပါပိုက်ဆံကို နင်းလို့ကတော့ ထောင်ဒဏ် ၁၅ နှစ်ပါတဲ့။  နောက်တစ်ခုက အောက်ခံအကျီင်္၊ ဘောင်းဘီမပါပဲ အိမ်အပြင်ထွက်ခွင့်မရှိပါတဲ့။  နောက်ပြီးတော့ ရှပ်အကျီင်္ မ၀တ်ဘဲ ကားမောင်းခွင့်မရှိပါတဲ့ (ဘောင်းဘီ ၀တ်ဝတ် မ၀တ်ဝတ် ဥပဒေထဲမှာတော့ ပြဋ္ဌာန်းမထားပါဘူး)။


ဆွစ်ဇာလန် နိုင်ငံမှာတော့ ညပိုင်း သင်ထပြီး အပေါ့အပါးသွားပြီးရင် ရေဆွဲမချလိုက်ပါနဲ့။  ည ၁၀ နာရီကျော်သွားရင် ရေအိမ်ကို ရေဆွဲချတာဟာ ဥပဒေကို ချိုးဖောက်တာပါပဲတဲ့။  ဘာဖြစ်လို့လဲဆိုတော့ ဆွစ်ဇာလန်မှာ noise pollution ကို တင်းကျပ်လို့ပါတဲ့။

Source: (Link 1, Link 2)

6 comments:

  1. ထူးထူးဆန်းဆန်းဥပဒေလေးတွေဖတ်ပြီးပြုံးမိတဲ့ထဲ
    ပြင်သစ် နိုင်ငံရဲ့ဥပဒေပါပဲနော်

    ReplyDelete
  2. တော်ကြာ ရွှေပြည်ကြီးကလူတွေ ဥပဒေအသစ်ထုတ်ဖို့ အိုင်ဒီယာရသွားဦးမယ်။း)

    ReplyDelete
  3. ဟာ အကိုကြီးရေလေးစားပါတယ်ဗျာကောင်းသောဗဟုသုတတွေရမိပါတယ်ဗျာ

    ReplyDelete
  4. ထူးထူးခြားခြားသိလိုက်ရတဲ့ မှတ်သားစရာ ဥပဒေလေးတွေပါလား မောင်အောင်ထွဋ်ရေ။
    ဆွစ်ဇလန်နိုင်ငံအလည်သွားဘို့တော့ စဉ်းစားရတော့မယ် :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. အိုးးးးးးးးးးး
    ရယ်လဲ ရယ်ချင်စရာ....
    ဗဟုသုတလဲ ရစရာတွေပါလားးးးးးး
    မိုးနတ်တော့ ဖတ်ပြီး ခေါင်းထဲရောက်တာထက်
    အားရပါးရ ရယ်မိတာက များတယ် :P
    ခင်လျက်.....မိုးနတ်

    ReplyDelete
  6. ထူးဆန်းပါ့ပေကွယ်...
    ကမ္ဘာတလွှား မတူတဲ့ ဥပဒေများပေါ့လေ..

    ReplyDelete