စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, March 30, 2012

Cheetah (သို့) ကမ္ဘာ့အမြန်ဆုံး တရိစ္ဆာန်


          ချီတာ တွေဟာ တစ်နာရီကို မိုင် ၇၀ ကနေ ၇၅ မိုင် (112 km/h and 120 km/hr) ပြေးနိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး တရိစ္ဆာန်ပါ။  ကျွန်တော်တို့တွေဟာ Cheetah ကို Leopard, Jaguar တို့နဲ့ မှားတတ်ကြပါတယ်။  ချီတာတွေဟာ ဒီ Leopard၊ Jaguar တွေထက် အရွယ်အစားပိုမိုသေးငယ်ပြီးတော့ သူတို့လို သန်မာတဲ့ မေးရိုးတွေ၊ သန်မာတဲ့ လက်ဖျံတွေ၊ လက်သည်းတွေ မရှိပါဘူး။ 
          ချီတာတွေဟာ သားကောင်တွေကို လိုက်တဲ့အခါမှာ နေ့ဘက်မှာပဲ သားကောင်လိုက်လေ့ရှိပါတယ်။  မနက်ပိုင်းစောစောမဟုတ်ရင် ညနေစောင်းမှာ လိုက်ကြတာပါ။  ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ အကြားအာရုံ၊ အနံခံအာရုံတွေထက် အမြင်ကို အဓိကထားပြီး အမဲလိုက်ကြရလို့ပါ။  သူတို့ဟာ ကမ္ဘာအမြန်ဆုံးနှုန်းနဲ့ ပြေးနိုင်ကြပေမယ့်၊ အကြာကြီးတော့ ပြေးနိုင်တာမဟုတ်ပါဘူး။  ဒီတော့ အချိန်တိုအတွင်းမှာ သားကောင်ကို ရအောင် အမိဖမ်းကြရပါတယ်။  သူတို့ ပြေးတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ တက်လာတဲ့အတွက် သူတို့ဟာ အမဲလိုက်ပြီးတဲ့ အချိန်မှာ ခန္ဓာကိုယ် အပူချိန်ပြန်ကျအောင် အနားယူကြရပါတယ်။  တစ်ကယ့်ကို ပင်ပင်ပန်းပန်း အမဲလိုက်ရတဲ့ အခါမှာတော့ တစ်ခါတစ်လေ နာရီဝက်ကျော်လောက်အထိကို အနားယူနေရပါတယ်။  ဒီအချိန်မှာ ချီတာတွေအတွက် ရန်သူကို တန်ပြန်ခုခံနိုင်စွမ်းမရှိတော့ပါဘူး။



          သားကောင် ဖမ်းဆီတဲ့ အချိန်မှာလည်း ခြင်္သေ့တို့၊ ကျားတို့၊ ကျားသစ်တို့လိုမျိုး သန်မာလှတဲ့ မေးရိုးမရှိတဲ့အတွက် သားကောင်တွေရဲ့ လည်ပင်းကို ကိုက်ချိုးနိုင်စွမ်းမရှိကြပါဘူး။  ဒါ့ကြောင့် ချီတာတွေ အမဲလိုက်ရင် အမြန်နှုန်းသည်သာ သူတို့ရဲ့ အားသာချက်တစ်ခုသာဖြစ်ပါတယ်။  သူတို့ဟာ သားကောင်နဲ့ နီးကပ်လာရင် သားကောင်ကို လက်နဲ့ ဆွဲလှဲပြီးတော့မှ လည်မြိုကို ခဲထားရတာပါ။  အဓိကကတော့ သားကောင်လည်မြိုမှာရှိတဲ့ သွေးပြန်ကြောကို ကိုက်ဖောက်ရတာပါ။  ဒီတော့မှ အမဲလိုက်ခြင်း ပြီးဆုံးပါတယ်။ ဒီလိုအမဲလိုက်ပြီးရင်တော့ သူတို့ဟာ မောဟိုက်လို့နေတဲ့အတွက် အခြားသော တိရိစ္ဆာန်တွေ ဥပမာ ခွေးအလိုမျိုး အုံနဲ့ ကျင်းနဲ့ နေတဲ့ သားကောင်တွေက လာရောက်လုယက်ရင် ခုခံနိုင်စွမ်းမရှိကြတော့ပါဘူး။  ဒါ့ကြောင့် ချီတာတွေဟာ အမဲလိုက်ပြီးပြီးချင်း သားကောင်တွေကို ချက်ချင်းစားသောက်ရပါတယ်။  မဟုတ်ရင် သူတို့အတွက် အန္တရာယ်များလှပါတယ်။  ဒါ့ကြောင့် ချီတာတွေ အမဲလိုက်ရင် သားကောင်မိနိုင်ခြေက ၅၀% သာရှိပါတယ်။  သားကောင်ထွက်ပြေးလွတ်မြောက်သွားနိုင်သလို၊ ရပြီသား သားကောင်တွေကိုလည်း အခြားသော တရိစ္ဆာန်တွေက လုယက်စားသောက်တတ်ကြလို့ပါ။
          ချီတာ အကောင်ပေါက်စကလေးတွေရဲ့ ဘ၀ဟာလည်း အရွယ်ရောက်တဲအထိ ပင်ပန်းကြမ်းတမ်းလှပါတယ်။  ၉၀% လောက်သော ချီတာသားပေါက်ကလေးတွေဟာ ခြင်္သေ့တွေ၊ ကျားသစ်တွေ၊ တောခွေးအတွေ၊ တစ်ခါတစ်လေ လင်းယုန်တွေရဲ့ စားသောက်မှု့ကြောင့် ကြွေလွင့်ကြရပါတယ်။  ချီတာတွေဟာ တော်ရုံတန်ရုံ အခြားသော တိရိစ္ဆာန်တွေနဲ့ တိုက်ခိုက်လေ့မရှိကြပါဘူး။  ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ဒဏ်ရာရလို့ မဖြစ်လို့ပါ။  သူတို့ရဲ့ အမဲလိုက်စွမ်းရည်ဟာ သူတို့ရဲ့ အမြန်နှုန်းပေါ်မှာ မှီခိုနေရတဲ့အတွက် ဒဏ်ရာရသွားလို့ အမြန်နှုန်းကျသွားရင် အမဲမလိုက်နိုင်တော့ပဲ အစာငတ်ပြီး သေဆုံးရမှာဖြစ်ပါတယ်။ 
          ချီတာတွေဟာ အခြားသော ခြင်္သေ့၊ ကျား၊ ကျားသစ်တို့လို သိမ်မကြမ်းတမ်းလှပါဘူး။  သူတို့ဟာ သူတို့ရဲ့ အစာလိုအပ်ချက်ကြောင့်သာ အမဲလိုက်ရပေမယ့် ပုံမှန်အားဖြင့်တော့ သားကောင်တွေနဲ့ ခပ်ဝေးဝေးမှာပဲ နေလေ့ရှိပါတယ်။ ဒါ့ကြောင့် ချီတာ ငယ်လေးတွေကို ငယ်ငယ်ကထည်းကမွေးမြူထားရင် ယဉ်ပါးလာပါတယ်။  ရှေးခေတ်တုန်းကထည်းက အချို့နိုင်ငံတွေမှာ ချီတာတွေကို အိမ်မွေးတရိစ္ဆာန်အဖြစ်မွေးကြပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ထက်မြက်တဲ့ အမဲလိုက်စွမ်းရည်ကြောင့်ပါ။  လွန်ခဲ့သော အီဂျစ်၊ ပါရှား  အင်ပါရာတွေမှာလည်း ချီတာတွေကို မွေးမြူတဲ့ အလေ့အထရှိသလို မွန်ဂိုဘုရင် ဂျင်ဂစ်ခန် လည်း ချီတာတွေကိုမွေးမြူဖူးပါတယ်။  ခုတော့ ချီတာတွေဟာ ကမ္ဘာ့မျိုးသုန်းပျောက်ကွယ်မဲ့ စာရင်းထဲကို ရောက်လာပါပြီ။

Source : (Link)
           

5 comments:

  1. ချစ်စရာတော့ကောင်းတယ်နော်
    ကြောင်လေးတွေနဲ့လဲနဲနဲဆင်တယ် သူတို့ကနားရွက်တိုတယ်

    ReplyDelete
  2. ချစ်စရာလေးတွေဗျနော်...၊အသားစားသတ္တဝါအတွက်ဖြစ်ပေမယ့် သူတို့ဘဝလေးတွေက ခုလိုကျသနားစရာရယ်

    ReplyDelete
  3. ဂျစ်စရားလေး ၀ယ်ပေးပါ့လားဟင်

    ReplyDelete
  4. တိရိစ္ဆာန်ရုံသွားတုန်းက အဲ့ချီတာနဲ့ Leopard တို့ရဲ့ ကွာခြားတဲ့ အစက်အပြောက်တွေ သတိထားကြည့်မိတယ်။ ခုလိုလေးသိရတာ ဗဟုသုတပိုရတယ် အစ်ကို :D

    ReplyDelete
  5. တစ်ကောင်လောက်လိုချင်လိုက်တား))

    ReplyDelete