စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, February 24, 2012

တရုတ်က အားကစား အသုံးအဆောင် ကုမ္ပဏီကြီးကို တရားစွဲတော့မယ့် မိုက်ကယ်ဂျော်ဒန်


          ဘက်စကတ်ဘော လောကရဲ့ နာမည်ကြီးတစ်ယောက် ဖြစ်ခဲ့သူ မိုက်ကယ်ဂျော်ဒန်ကတော့ တရုတ်နိုင်ငံက အားကစားဝတ်စုံတွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီ Qiaodan Sports Co. ကို တရားစွဲဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။  မိုက်ကယ် ဂျော်ဒန်ဟာ ကမ္ဘာနာမည်ကြီး အားကစား ပစ္စည်းများ ထုတ်လုပ်လောင်းချတဲ့ ကုမ္ပဏီ Nike နဲ့ ပူးတွဲပြီးတော့ သူ့ကိုယ်ပိုင် အားကစားဝတ်စုံနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေသူပါ။
          မိုက်ကယ် ဂျောဒန်ကတော့ “ဒီလိုမျိုး ကျွန်တော့်နာမည်ကို တရုတ်လို အသုံးပြုပြီး ကျွန်တော့်ခွင့်ပြုချက်မရှိပဲ သုံးစွဲတာကို တွေ့ရတဲ့အတွက် အလွန့်ကို စိတ်ပျက်မိပါတယ်။  နောက်ပြီး ကျောနံပါတ် ၂၃ ကိုလည်း ကျွန့်တော်ခွင့်ပြုချက် မရပဲ အသုံးပြုတဲ့အပြင် ကျွန်တော့် ကလေးတွေရဲ့ နာမည်ကို ပါယူပြီးတော့ သုံးစွဲပါသေးတယ်” လို့ ဆိုသွားပါတယ်။
          “ကျွန်တော်က ငွေ အတွက်ကြောင့် တရားစွဲတာမဟုတ်ပါဘူး၊ လုပ်ထုံးလုပ်နည်းအရရယ်၊ ကျွန်တော့်နာမည်ကို ကာကွယ်ဖို့အတွက် တရားစွဲတာပါ” လို့ ထပ်လောင်းပြောသွားပါသေးတယ်။
          မိုက်ကယ် ဂျော်ဒန်ကိုတော့ Qiaodan လို့ တရုတ်မှာ လူသိများပါတယ်။  ဒီ Qiaodan ဆိုတဲ့ အားကစားနာမည်ကိုတော့ Qiaodan Sports ကုမ္ပဏီက မှတ်ပုံတင်ခဲ့ပါတယ်။  ဒါပေမယ့် ဒီကုမ္ပဏီကို မိုက်ကယ် ဂျော်ဒန်က ဘယ်လိုမျိုး တရားစွဲမလဲဆိုတာကိုတော့ မသိသေးပါဘူး။
          ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကတော့ အဲ့ဒီ တရုတ်ကုမ္ပဏီက “Qiaodan ဆိုတာကတော့ Trademark တစ်ခုအဖြစ် တရုတ်နိုင်ငံ ဥပဒေအရ မှတ်ပုံတင်ထားတာဖြစ်ပြီး ဒီ အမှတ်တံဆိပ်ဟာ သူ့နိုင်ငံမှာတော့ တရားဝင်ဖြစ်ပါတယ်လို့” ဆိုသွားပါတယ်။
          ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ မိုက်ကယ်ဂျော်ဒန်ဟာ ဒီအမှုအတွက် တရုတ် တရားရုံးမှာ စွဲချက်တင်ထားခဲ့ပါတယ်။  NBA လောကရဲ့ ယခု အောင်မြင်ကျော်ကြားလာသူ Jeremy Lin လည်း အခု ဒါမျိုး ပြဿနာကြုံနေရပါပြီ။  ကျန်းစု အရှေ့ပိုင်း ဒေသက အမျိုးသမီးတစ်ယောက်ဟာ Lin ရဲ့ တရုတ်နာမည်နဲ့ ပစ္စည်းထုတ်လုပ်ဖို့ မှတ်ပုံတင်ထားပြီးပြီလို့ ဆိုပါတယ်။  Lin ကိုယ်တိုင်ကတော့ အမေရိကန်မှာ “Linsanity” ဆိုတဲ့ နာမည်နဲ့ သူ့ရဲ့ ပုံရိပ်တွေနဲ့ အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားပါတယ်။
          Apple ကုမ္ပဏီဟာလည်း ဒီလိုမျိုး အဖြစ်တွေနဲ့ ကြုံခဲ့ရပြီးပါပြီ။  ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကတော့ တရုတ် တရားရုံးကနေပြီးတော့ တရုတ်နိုင်ငံ ရှန်ကျန်း ဒေသ Proview Technology ကနေပြီးတော့ iPad ပုံစံတွေ ရောင်းချနေတာကို တားဆီးပေးဖို့ အဆိုတင်သွင်းတာကို ပယ်ချခဲ့ပါတယ်။  Proview ကတော့ iPad ဆိုတာ တရုတ်မှာတော့ သူတို့ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 
Source : (Link)
Photo Source : (1, 2)

5 comments:

  1. တရုတ်တွေ တရုတ်တွေ
    စီးပွားရေး သောင်းကျန်းချက်များတော့ မပြောတော့ပါဘူး
    တစ်ကမ္ဘာလုံးက ပစ္စည်းလည်း သူတို့ မထုတ်နိုင်တာ မရှိတော့ပါဘူး..
    ကမ္ဘာကျော်တွေရဲ့ နာမည်တွေကိုလည်း တရုတ်ပိုင်အဖြစ်ပြောင်းကုန်ပြီထင်ပါရဲ့

    ReplyDelete
  2. ဘောလုံးပြင်ပမှာတော့
    မိုက်ကယ်ကျော်ဒန်၊ဟူ(အူ)စိန်ဘို့၊ရော်ဂျာကြီး အကြိုက်ဆုံးပဲ
    ဒါ လုပ်သင့်တဲ့ကိစ္စပဲ..ချသာချ ငါ့ကောင်ကြီး..ပုံရိပ်ဆိုတာ အလကားရတာ မဟုတ်ဘူး

    ReplyDelete
  3. အကုန်လိုက်တုပနိုင်တာကိုတော့ လေးစားတယ် တရုတ်တွေရဲ့ တုပနိုင်မှုပညာကတော့
    ရှာမှရှားထင်တယ်း)

    မောင်ဘကြိုင်

    ReplyDelete
  4. လုပ်စမ်း.. တရုတ်တွေ.. ခိုးမယ်.. ကူးမယ်ဆိုတာချည်းပဲ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete