စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, June 5, 2012

ယူရို ပိုက်ဆံပေါ်မှ ပြည်တန်ဆာပုံများ


          ယူရိုငွေကြေးကို သေချာကြည့်ဖူးပါသလား?  ယူရိုငွေကြေးရဲ့ အချို့သော ဥပမာ ၅၀တန်၊ ၁၀ တန်နဲ့ ၅ယူရိုတန် ငွေကြေးတွေမှာ ပြည့်တန်ဆာ ပုံထည့်သွင်းထားပါတယ်။  ဒီလို ပိုက်ဆံတွေကိုတော့ ၂၀၀၂ ခုနှစ် စတင်ထုတ်ဝေကထည်းက ပါဝင်ခဲ့ပါတယ်။  ရည်ရွယ်ချက်ကတော့ ယူကရိန်းနိုင်ငံကနေ ယိုစိမ့်စီးဝင်လာတဲ့ တရားမ၀င် အမျိုးသမီး ပြည်တန်ဆာ များကို လျှော့ပါးစေဖို့ ဖြစ်ပါသတဲ့။  ယူကရိန်းနိုင်ငံမှာတော့ လိင်ကုန်ကူးမှု့ဟာ အလွန်ဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။  ၁၉၉၁ ကနေ၂၀၀၇ အထိ ယူကရိန်း မိန်းကလေးငယ်ပေါင်း ၁သိန်း ၁သောင်း ၇ ကျော်ဟာ ပြည်တန်ဆာလုပ်ဖို့ အတင်းအကျပ်စေခိုင်းခြင်းခံခဲ့ရပြီး ဒါဟာ အခြားသော အရှေ့ဥရောပနိုင်ငံတွေထက် အရည်အတွက်များပါတယ်။



          လူဆိုးဂိုဏ်းတွေက အဆိုပါမိန်းမငယ်လေးတွေကို ပြည်ပသို့ တင်ပို့ပြီး တစ်ခါတစ်လေမှာ နိုင်ငံကူးလက်မှတ်တွေကိုလည်း သိမ်းထားတတ်ကြပါတယ်။  ပြည်တန်ဆာ လုပ်ငန်းဟာ ယူကရိန်းနိုင်ငံမှာတော့ အလွန်ကို ပြန်နှံနေပြီး နိုင်ငံတွင်းမှာကို ပြည်တန်ဆာပေါင်း ၁ သောင်း ၂ထောင်ကျော်ရှိလာနေပြီဖြစ်ပါတယ်။  အမေရိကန်နဲ့ ဥရောပ နိုင်ငံက လာရောက်လည်ပတ်သူတွေဟာ လည်း အများအားဖြင့် အဆိုပါ ပြည့်တန်ဆာတွေနဲ့ ပါတ်သတ်ဖို့ လာရောက်ကြတာများတယ်လို့ဆိုပါတယ်။  ယူကရိန်းရဲ့ မြို့တော် ကိဗ်မြို့မှာတော့ ကျောင်းသူလေးတွေရဲ့ဘ၀ဟာ ပြည်တန်ဆာ လုပ်ငန်းက ၀ါးမြိုခြင်းကို ခံနေကြရပါသတဲ့။

Source : (Link)

4 comments:

  1. ယူကရိန်းမှာ လူဆိုးဂိုဏ်းသွားထောင်ရင်ကောင်းမယ်။

    ReplyDelete
  2. ထူးထူးခြားခြား ဗဟုသုတလေးပါလား မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ထင်တော့ထင်သား ဒီပုံတွေ ဘာပုံတွေဖြစ်လောက်တယ် လို့။ ;)

    ReplyDelete
  4. ယူကရိန်းတောင် သွားလည်ချင်သွားတယ် ကအောင်ထွဋ်ရယ်......:P

    ReplyDelete