စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, June 21, 2012

ရာဇ၀င်ထဲက ခွေးသူရဲကောင်းများ ၂


Chips
          ချစ်(ပ်)(စ်) ဆိုတဲ့ ခွေးကလေးကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ထူးထူခြားခြား စွမ်းဆောင်နိုင်ခဲ့တဲ့ ခွေးကလေးပါ။  Chips ဟာ ဂျာမန်ခွေးမျိုး (German Shepherd)၊ Collie နဲ့ Husky ခွေးမျိုးစပ်ထားတဲ့ ခွေးကလေးတစ်ကောင်ပါ။  ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်တော့ အမေရိကန်က ခွေးပိုင်ရှင်တော်တော်များများဟာ သူတို့ရဲ့ခွေးတွေကို စစ်အတွင်းမှာ အသုံးပြုနိုင်စေဖို့ စစ်ထဲကို လှူဒါန်းခဲ့ကြပါတယ်။  ဒီလိုပါပဲ Chips ရဲ့ သခင်ဖြစ်သူ အက်ဝဒ် ဂျေ၊ ၀ါရန် ဟာ သူ့ရဲ့ ခွေးကလေး Chips ကို ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အသုံးပြုဖို့ဆိုပြီးတော့ လှူဒါန်းခဲ့ပါတယ်။  ၁၉၄၂ ခုနှစ်မှာ Chips ကို ဗာဂျီးနီယားပြည်နယ်၊ ခွေးလေ့ကျင့်ရေးကျောင်း (Front Royal) မှာ လေ့ကျင့်ပေးခဲ့ပါတယ်။  နောက်တော့ Chips ကို ခြေမြန်တပ်မ ၃အောက်မှာ အမှု့ထမ်းစေပြီးတော့ အာဖရိက မြောက်ပိုင်း၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီနဲ့ စစ်စလီကျွန်းတို့ကို စေလွှတ်ပြီးတော့ စစ်မှု့ထမ်းစေခဲ့ပါတယ်။
          Chips ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ပထမဦးဆုံး နိုင်ငံရပ်ခြားကို စေလွှတ်ပြီး စစ်မှု့ထမ်းဖို့စေခိုင်းခြင်းခံရတဲ့ ပထမဆုံး ခွေးစစ်သည်ပါပဲ။  သူ့ကိုထိန်းတဲ့ သူကတော့ ဂျွန် ပီ ရိုဝဲလ်ဆိုသူဖြစ်ပါတယ်။  ဥရောပတစ်ခွင် စစ်ပွဲတွေ ၈ ပွဲလောက်နွှဲပြီးတဲ့ အချိန်မှာတော့ Chips ဟာ စစ်ပွဲက အကျဉ်းသားတွေကို ခေါ်ဆောင်တဲ့ နေရာတွေရော၊ သံချပ်ကာတပ်မရဲ့ အစောင့်အဖြစ်ရော အမှု့ထမ်းခဲ့ပါတယ်။
          Chips ရဲ့ ကျော်ကြားခဲ့တဲ့ ဖြစ်ရပ်ကတော့ စစ်စလီကျွန်းကို သိမ်းပိုက်တဲ့ အချိန်မှာဖြစ်ပါတယ်။  အမေရိကန်စစ်တပ်ဟာ ရန်သူရဲ့ ကတုတ်ကျင်းကို ၀ိုင်းရံထားပြီးတော့ လက်နက်ချခိုင်းနေတဲ့ အချိန်ပေါ့။ Chips ဟာ သူ့သခင်လက်ကနေထွက်ပြေးပြီးတော့ ကတုတ်ကျင်းထဲကနေ ခံပစ်နေတဲ့ ရန်သူတွေဆီကို ခုန်ဝင်သွားခဲ့ပါတယ်။  ကတုတ်ကျင်းထဲက စစ်သည်တွေဟာ Chips ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။  Chips ဟာ ရန်သူတွေကို အရှုံးမပေးပဲ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။  နောက်ဆုံးမှာ Chips ရဲ့စွမ်းဆောင်ရေကြောင့် စစ်သည်တွေဟာ လက်နက်ချပြီး အဖမ်းခံခဲ့ကြရပါတယ်။  အဲ့ဒီနေ့မှပဲ Chips ကြောင့် စစ်သည် ၁၀ ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။  ကတုတ်ကျင်းထဲကို ၀င်ပြီး ရန်သူတွေကို တိုက်ခိုက်ချိန်မှာ Chips ရဲ့ ဦးခေါင်းမှာ ဒဏ်ရာရခဲ့သလို၊ ယမ်းလောင်တဲ့ ဒဏ်ရာတွေလည်းရခဲ့ပါတယ်။  သူ့ရဲ့ စစ်အတွင်းက စွမ်းဆောင်ရည်တွေကြောင့် ရဲရင့်တဲ့ စစ်သည်ဝန်ထမ်းကောင်း ငွေကြယ်တံဆိပ်နဲ့ Purple Heart လို့ခေါ်တဲ့ စစ်ပွဲအတွင်းမှာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရင်း ဒဏ်ရာရတဲ့ သူတွေကို ပေးလေ့ရှိတဲ့ ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။


          ၁၉၄၃ နိုဝင်ဘာ ၁၉မှာတော့ သူရဲ့ အန္တရာယ်များလှတဲ့ ကတုတ်ကျင်းထဲကို ရဲရင့်စွာ ၀င်ရောက်ပြီးတော့ ရန်သူတွေကို ချေမှုန်းနိုင်မှု့ကြောင့် စစ်သည်တွေရဲ့ အမြင့်ဆုံးဘွဲ့ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။  ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာကတော့ နောက်ပိုင်းမှာ အဆိုပါ ဆုတံဆိပ်တွေကို တပ်မတော်ရဲ့ ပေါ်လစီကြောင့် ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။  တရိစ္ဆာန်တွေကို တရားဝင်ဆုတံဆိပ်တွေ မပေးတော့ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့လို့ဖြစ်ပါတယ်။  ဒါပေမယ့် သူ့တပ်ရင်းက ရဲဘော်တွေကတော့ Chips ကို သူပါဝင်ဆင်နွှဲခဲ့တဲ့ စစ်ပွဲပေါင်း ၈ ပွဲအတွက် ဂုဏ်ပြုတဲ့ ဆုတံဆိပ်တွေကို ပေးအပ်ခဲ့ကြပါတယ်။
          ၁၉၄၅ ခုနှစ်မှာတော့ Chips ကို စစ်မြေပြင်မှ ပြန်ခွင့်ပြုခဲ့ပြီးတော့ သူ့ ၀ါရန်ဆီကို ပြန်ပို့ပေးခဲ့ပါတယ်။  ဒါပေမယ့် ကာကြာရှည် စစ်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် Chips ဟာ အိမ်ပြန်ရောက်ပြီး ၇ လအကြာမှာ သေဆုံးခဲ့ရပါတယ်။  Chips သေဆုံးတဲ့အချိန်မှာ ၆ နှစ်သား အရွယ်ပဲ ရှိပါသေးတယ်။  Chips ရဲ့ ရုပ်ကြွင်းကို အမေရိကန်နိုင်ငံ၊ Hartsdale မှာရှိတဲ့ The Peaceable Kingdom Pet Cemetery မှာ မြှုပ်နှံခဲ့ကြပါတယ်။  ၁၉၉၀ မှာတော့ ဒစ်စနီက Chips The War Dog ဆိုပြီးတော့ Chips ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရုပ်ရှင်ရိုက်ကူးပြီးခဲ့ပါတယ်။
Source : (Link)

ဟိုက်ချီကို 
          ဟိုက်ချီကို(Hachiko) ဆိုတဲ့ ရုပ်ရှင်လေးကိုလည်း ကြည့်ဖူးကြမှာပါ။  လွမ်းမောဖွယ်ရာ ကောင်းပြီး သခင့်အပေါ်ကို သစ္စာရှိလှတဲ့ ဂျပန်က ခွေးကလေးပေါ့။  ဟိုချီကို ကို ၁၉၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။  သူ့ကို သူ့သခင် တိုကျို တက္ကသိုလ်က စိုက်ပျိုးရေး ဘာသာဋ္ဌာနက ဋ္ဌာနမှုး ဟီဒဲဆာဘူရို ယူနို့ ပါ။  မနက်တိုင်း ဟိုက်ချီကိုက သူ့သခင်ကို ရှီဘူယ ဘူတာရုံကို လိုက်ပို့နေကြ။  ညနေ ယူနိုပြန်လာချိန်ဆိုရင် ဟိုက်ချီကို က ဘူတာရုံကို လာကြိုနေကြ။  ဒီလိုနဲ့ သူ့သခင်နဲ့ ဟိုက်ချီကိုကြား သံယောဇဉ်တွယ်ခဲ့ကြပါတယ်။  ဒါပေမယ့် ၁၉၂၅ ခုနှစ်မေလမှာတော့ သခင်ဖြစ်သူဟာ တိုကျိုတက္ကသိုလ်မှာပဲ နှလုံးသွေးကြောပိတ်ပြီးတော့ သေဆုံးသွားခဲ့ပါတယ်။  ဟာချီကို ညနေတိုင်း စောင့်မျှော်နေရာ ရှီဘူရ ဘူတာရုံလေးကို ဘယ်တော့မှ ပြန်မလာနိုင်တော့ပါဘူး။  ဒါပေမယ့် ဟိုက်ချီကိုလေးကတော သခင်ဖြစ်သူ ပြန်အလာကို ညနေတိုင်း စောင့်မျှော်နေဆဲပါ။  ဟိုက်ချီကိုဟာ သူ့သခင် ကွယ်လွန်ပြီး ၉ နှစ်ကြာတဲ့အထိ ရှီဘူရ ဘူတာရုံမှာ ညနေတိုင်း သခင်ပြန်လာတဲ့ အချိန်လေးကို မျှော်ရင်းနဲ့ ကုန်လွန်စေခဲ့ပါတယ်။  ဒီလိုနဲ့ ဘူတာရုံမှာ နေ့စဉ်သွားလာနေကြတဲ့ လူတွေဟာ ဟာချီကိုလေးရဲ့ အဖြစ်ကို သိရှိလာကြပါတယ်။  ဟာချီကိုလေး သူ့သခင်ကို စောင့်စားနေတဲ့အချိန်မှာ အစာရေစာ ကျွေးမွေးခဲ့ကြပါတယ်။  ဟာချီကိုကတော့ သခင် သူဆီကို ပြန်လာနိုး ပြန်လာနိုးနဲ့ သူမသေဆုံးခင် အချိန်အထိ စောင့်စားခဲ့ပါတယ်။  ဂျပန်နိုင်ငံရဲ့ ရှီဘူရ ဘူတာရုံလေးမှာတော့ ယနေ့တိုင် ဟာချီကိုရဲ့ ကြေးရုပ်ထုလေးကို တွေ့မြင်ကြရမှာပါ။  သစ္စာရှိလှတဲ့ ခွေးကလေး ဟာချီကိုအတွက် နှစ်စဉ်နှစ်တိုင်း ဧပြီလ ၈ ရက်နေ့မှာ ခွေးချစ်သူတွေက ဟာရှီကိုလေးရဲ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ကြပါတယ်။  ဟာချီကိုဟာ ၁၉၃၅ခုနှစ် မတ်လ ၈ ရက်နေ့မှာ သခင်ဖြစ်သူ ပြန်အလာကို စောင့်မျှော်ရင်းနဲ့ပဲ ရှီဘူရ လမ်းဘေး တစ်နေရာမှာ သေဆုံးခဲ့ပါတယ်။  ဟာချီကိုရဲ့ ရုပ်အလောင်းကိုတော့ တိုကျိုမြို့ရဲ့ မီနာတိုကူးက အိုယားမား သချိုင်းမှာ မြှုပ်နှံခဲ့ပါတယ်။
ဟိုက်ချီကိုလေးရဲက အုတ်ဂူ

သစ္စာရှိလှတဲ့ ဟိုက်ချီကိုလေးရဲ့ အမှတ်တရ ကြေးရုပ်ထု.. ဒီရုပ်ထုဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ ရှီဘူရ ဘူတာရုံရဲ့ ထွက်ပေါက် နံပါတ် ၅ မှာရှိပါတယ်။  ပထမဆုံးရုပ်ထုကိုတော့ ၁၉၃၄ ဟိုက်ချီကို မသေဆုံးခင် တစ်နှစ်အလိုထဲက စိုက်ထူခဲ့တာဖြစ်ပြီး ဖွင့်ပွဲမှာ ဟိုက်ချီကိုလေးလည်း ဘေးနားမှာ ရှိနေခဲ့ပါတယ်...  ခုမြင်ရတဲ့ ရုပ်ထုကတော့ ဒုတိယ ကမ္ဘာစစ်ပြီးနောက်မှာက ရုပ်ထုလေးပါ။
Source : (Link)


ရာဇ၀င်ထဲက ခွေးသူရဲ့ကောင်းများ အပိုင်း၁ ကတော့ ဒီမှာ ကလစ်နှိပ်ပြီး သွားကြည့်နိုင်ကြောင်ပါ ခင်ဗျာ။
          

2 comments:

  1. ချစ်ပ် က ရဲလိုက်တာဗျာ....၊အတော်သတ္တိကောင်းတဲ့ကောင်ပဲဗျနော်...။၆နှစ်
    သားမှာ ဆုံးသွားရှာတာတော့သနားစရာ...။ဟိုက်ချီကိုလေးကိုတော့ ရုပ်ရှင်
    မကြည့်ဖူးခင်ကတည်းက စာတွေထဲမှာရင်းနှီးပြီးသား...၊ရုပ်ရှင်ကြည့်မိတော့
    လည်း ဝမ်းနည်းရတယ်....။အတော်သံယောဇဉ်ကြီးတဲ့ကောင်....။

    ReplyDelete
  2. အိမ်မွေး တိရိစ္ဆန် လေးတွေနဲ့ သူတို့ ကို မွေးတဲ့ သခင်တွေကြားထဲမှာ တစ်ကယ်ကို ဖော်ပြလို့ မရတဲ့ သံယောဇဉ်တွေ ရှိတယ်နော်..။

    ReplyDelete