စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, July 28, 2012

အံရောသော် ၂၀၁၂ လန်ဒန်အိုလံပစ် အချက်အလက်များ

လန်ဒန် က အိုလံပစ်ကွင်းကြီးကို တည်ဆောက်ရာမှာ ထွက်ပေါ်လာတဲ့ အချက်အလက်တွေကတော့ ဟောဒီက အတိုင်းဖြစ်ပါသတဲ့...

အကြီးချဲ့ကြည်လိုလျှင် ဓာတ်ပုံကို click လုပ်လိုက်ပါ....
Source  : (Link)

ရေပုတ်သင် အကောင်ပေါင်း ၄၀၀၀ ကို ရွှေ့ပြောင်းပြေးခဲ့ရပါသတဲ့
အရိုးစု ၄ ခုတွေ့ပါသတဲ့
ငှက်ပျောသီး ၂.၇ သန်းနဲ့  ပေါင်မုန့် အလုံးပေါင်း ၂သောင်း ငါးထောင် စားပါသတဲ့
မြေ တန်ပေါင်း ၈ သိန်း ဖို့ခဲ့ရပါသတဲ့
ကစားသမားနဲ့ နည်းပြ၊ အသင်းအဖွဲ့ လူပေါင်း ၁၆၂၆၀ အတွက် အခန်းပေါင်းက ၂၈၁၈ ခန်းပါတဲ့
အဲ့ဒီအတွက် လိုအပ်မယ့် ရေနွေးအိုးပေါင်းက ၄၄၄ လုံးပါတဲ့
အိပ်ယာခင်းပေါင်းက ၆သောင်း ၄ထောင်ပါတဲ့
ခေါင်းအုံးပေါင်းက ၂သောင်း ၂ထောင်ပါတဲ့
ဆိုဖာပေါင်း ၁သောင်း ၁ထောင်ပါတဲ့
အိမ်သာတိုက်တဲ့ ဘရှက်ပေါင်းက ၅ ထောင်တဲ့ ဗျာ...

ကဲ အိုလံပစ်ကြီးပြီးရင် လန်ဒန်မြို့ အဟောင်းဈေးကွက်မှာတော့ လူတွေ ကြိတ်ကြိတ်တိုးမယ့် သဘောရှိသဗျနော့..  


အိုလံပစ် မီးရှုးတိုင်ကြီးကိုင်ပြီး ပြေးခဲ့တဲ့ နေရာတွေပေါ့လေ...
Source : (Link)


4 comments:

  1. အခွံကောက်လို့ရရင် Qt တော့ ချမ်းသာပြီ... ( အမှိုက်ခွံ ဘူးခွံ ပုလင်းခွံများ မဟုတ် :PPP )

    ReplyDelete
  2. အိုလံပစ်အကြောင်းသိကောင်းစရာလေး ဖတ်သွားတယ် မောင်အောင်ထွဋ်ရေ။
    ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးကို တက်နိုင်ခွင့်ရသူတွေ အားကျပါဘိး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. လန်ဒန်ရောက်ရွှေမြန်မာတွေအတွက် ဂွင်ပဲ ဟရို့။

    ReplyDelete