စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, July 29, 2012

အင်ဂူဒက်စ်မန်း နှင့် ဂျူး


         မနေ့ကတော့ Igudesman and Joo ဆိုတဲ့ နှစ်ယောက်တွဲ ဂီတ အဖွဲ့ A BIG Nightmare Music ဖျော်ဖြေမှု့လေးတွေကို YouTube မှာ ကြည့်ဖြစ်တယ်။  သူတို့နှစ်ယောက်ဟာ အသက် ၁၂ နှစ်အရွယ်၊ အင်္ဂလန်က ရဟူဒီ မီနူဟင်ကျောင်းမှာကထည်းက စတင်တွေ့ခဲ့ကြပြီး အဲ့ဒီထဲက အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ သူတို့ရဲ့ ဂန္တ၀င်ဂီတ ဖျော်ဖြေမှု့ဟာ ရိုးစဉ်းမနေပဲ အသောလေးတွေ၊ ယဉ်ကျေးမှု့၊ ခေတ်နဲ့ ထင်ဟပ်စေတဲ့ ရယ်စရာလေးတွေ ပါဝင်လို့ ဂန္တ၀င်တေးဂီတတွေကို လူငယ်တွေပါ စိတ်ဝင်စားလာကြတယ်လို့ ဆိုပါတယ်။  သူတို့ရဲ့ 8 To 88 Musical Education For Children of All Ages မှာလည်း အဲ့ဒီသီချင်းလေးတွေ သွားနားထောင်နိုင်ပါသေးတယ်။  ကဲ… ဒီ တနင်္ဂနွေနေ့တော့ အားလပ်ရက်နားချင်သူတွေ Igudesman and Joo တို့ရဲ့ ဖျော်ဖြေမှု့လေးတွေကို ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။








ဒီဖျော်ဖြေမှု့လေးမှာတော့ ကမ္ဘာကျော်ဂီတပညာရှင်ကြီး မိုးဇက်ရဲ့ တေးသွားနှင့် ဂျိမ်းဘွန်းရဲ့ Trade Mark တို့ကို ရောစပ်ပြီး ခပ်မြူးမြူးလေး ဖန်တီးထားတာပါ

ဒီမှာတော့ ၂၀၀၈ ခုနှစ် ပြင်သစ်ရုပ်သံလိုင်း tv5 မှာ I BY MYSELF သီချင်းကို BY HIMSELF ဆိုပြီးတော့ ခပ်သောသောလေး တီးသွားတာပါ။


ဒါကတော့ UNICEF  အတွက် ဖျော်ဖြေသွားတဲ့ World Record of Most Dancing Violinists ဆိုတဲ့ သီချင်းလေးပါ

Piano Lesson ကတော့ ဟာသ ပိုဆန်ပါတယ်..



ကျော်ကြားလှတဲ့ ရုရှား စန္နယားဆရာ၊ ဂီတမှုး ရာ့ခ်ရမ်နီနောဗ့် ရဲ့ ပါရမီထူးပုံလေးကို ဟာသလေးနဲ့ တင်ဆက်ထားတဲ့ Rachmaninov had big Hands ဆိုတဲ့ တီးကွက်ကလေးကလည်း ခပ်သောသောနဲ့ ရယ်ရပါတယ်။

2 comments:

  1. စိတ်ဝင်စားစရာပဲနောင်တော် တခါမှ မကြည့် ဖူးဘူး သံစဉ် တီခပ်မှု့ တစ်ခုက
    လူတစ်ယောက်ကို အများအားဖြင့်ကြည်နူးစေ တယ်လိုပဲ ထင်ထားတာ ... အခုလို ဟာသ ခံစားမှု့  မျိုးတော့ ဒါပထမဦးဆုံး ကြားဖူးတာပဲ .. ။ အကုန် ဒေါင်းသွားပြီးဗျာ .... ။

    ကျေးဇူးပါ နောင်တော် ...

    ReplyDelete
  2. ဂီတသံတွေကိုကြိုက်နှစ်သက်တဲ့သူမို့အားလုံးကိုသေချာနားထောင်သွားပါတယ်

    ReplyDelete