စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Saturday, September 29, 2012
အတု… အတု… အတု
          အတု အကုန်လုံး တရုတ်တွင်ရသည်။  သို့သော် အစားအသောက်ကို အတုလုပ်တာကတော့ အတော့်ကိုဆိုးလှသည်။  တရုတ်မှာ နွားနို့ မသောက်ရဲ။  ခက်သည်က မသောက်လျှင် ငတ်မည်သာတည်း။  ထို့ကြောင့် သောက်ချင်လာလျှင်တော့ တစ်ခွက်တစ်လေ မှာသောက်ဖြစ်သည်။ 
          ကြက်ဥ အတုကတော့ ကြာလှပြီကော။  အတု အစစ် ဘယ်လိုခွဲမတုန်း။  မနက်စာ ပေါင်မုန့်နှင့် ကြက်ဥကိုသာ ဟိုတယ်တွင်ရှိသည်။  ကြော်ပြီးသာ ကြက်ဥတစ်လုံးကို အတုအစစ်မခွဲနိုင်။  ဒီတိုင်းသာ စားရသည်။  ကြက်ဥတင်မဟုတ် စပျစ်သီးပါ အတုထွက်နေပြီ။  YouTube တွင် ရှု့ကြပါကုန်။
          ဂေါ်ဖီထုတ်လည်း အတုထွက်သည်။  ထွက်တော့လဲ ထွက်ပေါ့။  ဟင်းသီးဟင်းရွက်က အသားထဲရောချင်ရော၊ မရောချင်လဲ ဟင်းသီးဟင်းရွက်ကြော် မှာစား၊ ဒီလိုနဲ့ ဟင်းသီးဟင်းရွက်က ကင်းလို့ ရတာမှ မဟုတ်တာ။  ဒီတော့ သရဏဂုံ ရွတ်ပြီး စားဖို့သာရှိသည်။  ဂေါ်ဖီထုတ် အတုကတော့ အောက်က YouTube Link မှာ ကြည့်နိုင်သည်။  လောလောဆယ်တော့ အတုများနှင့် သံသရာ လည်လိုက်ဦးမည်။  ခုလည်း ကိုယ်ဆောက်နေတဲ့ သင်္ဘောကို အတုလား၊ အစစ်လား ခွဲဖို့မလွယ်တော့… သုံးတဲ့ Material တွေရဲ့ အရည်အသွေးကို welding ချောင်း တစ်ချောင်းချင်းစီလိုက်မစစ်နိုင်၊ heat treatment ပေးရမယ့်နေရာတွေ ပေးမပေး ညလုံးပေါက် ထိုင်မကြည့်နိုင်၊  pipe တစ်လုံးချင်းစီရဲ့ အရည်အသွေးကို လိုက်မကြည့်နိုင်။  မိုးနတ်မင်းကြီးကူပါဦး……  
8 comments:
  1. ဘုရား ဘုရား ကြောက်စရာတွေပါလား မောင်အောင်ထွဋ်ရေ လူပေါင်းများစွာ ဒုက္ခရောက်စေမည့် အစားအသောက် အတုထုတ်တာတော့ မဖြစ်သင့်ပေမယ့် စီးပွားရေးတစ်ခုသာမြင်ပြီး လောဘဇောတက်နေတဲ့ မသမာသူတို့ကြောင့် မောင်အောင်ထွဋ်ပြောသလို သရဏဂုံတင်ပြီးမှ စားတဲ့ နည်းလမ်းမှတစ်ပါး အခြားမရှိပြီ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  2. လွန်တယ်တော့ဒီတလုတ်တွေ ကိုယ်လည်းတလုတ်ဘဲ ပဲာပဲာ
    ReplyDelete
  3. ကြက်ဥနဲ့ အသားငါးတွေပဲ အတုထွက်တာကြားဖူးတာ.. အခုတော့ အသီးအရွက်ပါ အတုထွက်တယ်ဆိုတော့ ကြောက်ဖို့ကောင်းနေပြီးနော်.. ဟုတ်ပါ့ တီတင့်ရေ.. သူပြောသလိုပဲ သရဏဂုံတင်ပြီးမှ စားတဲ့ နည်းလမ်းမှတစ်ပါး အခြားမရှိပြီပေါ့...:((
    ခင်တဲ့
    လေပြေ
    ReplyDelete
  4. အိုင်ဆေး ဆားပုလင်းကိုအွတ်ထောင်....ဒီအတိုင်းဆို တီလုပ်ပြည်မှာ ဆားပုလင်းတစ်ယောက်ကြာကြာနေရင်ဖြင့် ဒွတ်ခနဲ့လှလှ
    တွေ့ကိန်းရှိသဗျ.......:)
    ReplyDelete
  5. လေတယ်။ ရက်စက်ပါ့။
    ReplyDelete
  6. အတုတွေအရမ်းကြောက်တယ်။
    ဒီမှာလည်းတရုတ်ဆိုင်တွေကပစ္စည်းဝယ်ရင်ခပ်ကြောက်ကြောက်ရယ်။း(
    ReplyDelete
  7. FAKE WOMAN SHOULD EXPORT TO CHINA FROM BURMA.
    ReplyDelete
  8. နောက်......လူအတုပါလာမှာ....
    ReplyDelete