စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, October 1, 2012

ဂင်းနစ် မှတ်တမ်းဝင်သွားတဲ့ ဂဏန်းစတိုင်လ်

PSY ရဲ့ Gangnam Style ကတော့ ဂင်းနစ်မှတ်တမ်းဝင်သွားပါပြီ။  ဂျက်စတင်ဘီဘာရဲ့ "Baby" သီချင်းကို ကျော်ပြီးတော့ Youtube ပေါ်မှာ လူကြည့်အများဆုံး သီချင်းအဖြစ်နဲ့ ဂင်းနစ်မှတ်တမ်းဝင်သွားတာပါ။  လက်ရှိ ကြည့်ရှု့သူပေါင်း သန်း ၃၀၀ ကျော်ရှိနေပြီးတော့ Like လုပ်သူပေါင်း ၃ သန်းကျော်နေပြီ။  နေ့တိုင်း နေ့တိုင်း လူပေါင်း ၆ သန်းလောက် အဲ့ဒီ သီချင်းကို နားထောင်နေကြသတဲ့။  Beats နဲ့ Lyrics ခပ်မြူးမြူး၊ ပြင်းပြင်း ဖြစ်တာထက် PSY ရဲ့ မြင်းစီးတဲ့ အက ကြောင့် ပိုပြီးတော့ ပေါက်သွားတယ် ထင်ပါ့။  

Reference : (Link)

5 comments:

  1. ကျုပ်လည်း ဂင်းနစ်မှတ်တမ်းတင်ရင်ကောင်းမလားသိဖူး
    ခက်တာက ဘာတင်လို့တင်ရမှန်းသိပါဖူး ကထဋ်ရယ်


    မောင်ဘကြိုင်

    ReplyDelete
  2. နေ့တိုင်းသွားကြည့်မိတဲ့ လူခြောက်သန်းထဲက ကျွန်တော်လည်း တစ်ယောက်....:)

    ReplyDelete
  3. အမေရိကန်တွေလည်း ဂဏန်းစတိုင် ကြိုက်ကြတယ်..

    ReplyDelete
  4. ဂဏန်းကြိုက်သွားတယ်း))

    ReplyDelete