စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, October 21, 2011

အိုင်ဖုန်း 4S ကြောင့် လင်မယားကွဲ


          ယခု Apple က အသစ်ထုတ်လိုက်တဲ့ iPhone 4S မှာ ပိုမိုကောင်းမွန်အောင်ထည့်သွင်းထားတဲ့ တယ်လီဖုန်းနံပါတ်ကနေတစ်ဆင့် တည်နေရာကို ရှာဖွေပေးတဲ့ ဆော့ဖ်ဝဲအကူအညီနဲ့ နယူးယောက်မြို့က ယောင်္ကျားဟာ သူ့မိန်းမ နောက်မိလင်းတာကို ဖမ်းနိုင်ခဲ့ပါသတဲ့။
          “သူငယ်ချင်းများကို ရှာဖွေကြစို့ (Find My Friends)”လို့ခေါ်တဲ့ iPhone 4S ရဲ့ ဆော့ဖ်ဝဲအကူအညီနဲ့ သူမိန်းမတည်ရှိနေတဲ့ နေရာကို သူ့မိန်းမ သူငယ်ချင်းက လိမ်ညာထားစေကာမူ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သောမက်စ် မိန့်ဇ် က MacRumors.com မှာ ရေးသွားပါတယ်။
          “ကျွန်တော် ကျွန်တော့်မိန်းမရဲ့ ဖုန်းနံပါတ်ကို သူမ မသိအောင် ဒီဆော့ဖ်ဝဲထဲကို ထည့်ထားပါတယ်။   အဲ့ဒီနေ့က ကျွန်တော်မေးတော့ သူမက သူမရဲ့ သူငယ်ချင်းတွေ အိမ်ရှိရာ East Village မှာလို့ ကျွန်တော့်ကိုပြောပါတယ်။  ကျွန်တော် အဲ့ဒီမှာ တင်သံသယရှိလာပြီး ဒီမူမှန်တဲ့ အပြုအမူဖြစ်တဲ့ ထိုလူနဲ့ အဲ့ဒီနေရာမှာ အစည်းအဝေးလုပ်နေတယ်ဆိုတာကို ယုံကို မယုံတာပါ။  အဲ့ဒါနဲ့ Find my friends ဆော့ဖ်ဝဲနဲ့ ကြည့်လိုက်တော့ East village မှာ သူမ မရှိပါဘူး” လို့ အဆိုပါ ၀ဘ်ဆိုဒ်ပေါ်မှာ ရေးသွားပါတယ်။

          ခုတော့ အဆိုပါယောင်္ကျားဟာ သူမိန်းမနဲ့ ကွာရှင်းချင်နေပါတယ်။  “ကျွန်တော်သူ့ကို ဘယ်မှာလဲလို့ လှမ်းပြီး စာရိုက်မေးတာ့ သူမက ၁၀ လမ်းက အိမ်မှာလို့ ညာပြီးပြန်ဖြေပါတယ်။   ခုတော့ Apple ကို ကျေးဇူးတင်ပါတယ်… အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သူက ပြောသွားပါတယ်။
          ဒီအဖြစ်အပျက်အတွက် မှတ်ချက်ပေါင်း ၂၀၀ ကျော် ထင်မြင်ချက်ပေးကြပြီး အချို့ကတော့ ဒီအဖြစ်အပျက်ကို သနားဂရုဏာဖြစ်ကြပါသတဲ့။  အချို့ကတော့ အခြားသော မေးခွန်းတွေကို မေးခွန်းထုတ်ကြပါသတဲ့။
          “ဒီ ဆော့ဖ်ဝဲရဲ့ အကူအညီနဲ့ အဖြစ်မှန်ကို ဖုန်းရဲ့ ဖန်သားပြင်ကနေတစ်ဆင့် တည်နေရာကိုတွေ့မြင်ခဲ့ရပြီး ဒီမိန်းမနဲ့ ကျွန်တော် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ရှေ့နေရုံးသွားပြီး တွေ့ဖို့ရှိပါတယ်” လို့ သူကပြောသွားပါတယ်။
          “တကယ်ကိုကျေးဇူးတင်ပါတယ် iPhone 4S က တစ်ကယ့်ကို အဖိုးတန်ကလေးပါဘဲ” လို့ သူက ထပ်လောင်းပြောကြားသွားပါသေးသတဲ့။

Source : (Link)

10 comments:

  1. အိမ်ထောင်ရှိတဲ့သူတွေကို ၀ယ်ပေးထားသင့်တဲ့ဖုန်းပဲ
    ဟီးဟီး
    မဒမ်လွင်ပြင်ဒီဖုန်းမျိုးလက်ဆောင်ပေးလို့ကတော့
    လွင်ပြင်ကတော့ တာ့တာပဲ အယူဝူး

    ReplyDelete
  2. မ ဟုတ် တာ လုပ် ရ မှ ကြိုက်တဲ့ငါ ခေတ်မှီတိုးတက်လာလေ စိတ်ညစ်ရလေပဲ အဲဒါကြောင့် ပိုက်ဆံ များများလက်ထဲမထားတာ ရှိနေရင် ၀ယ်မိနေအုံးမယ် ငွဲငွဲ

    ReplyDelete
  3. တော်ပြီ..
    အိုင်ဖုန်းဝယ်မပေးတော့ဘူး..
    အဲဒီလောက်ကောင်းရင် မဖြစ်ဘူး :P

    ReplyDelete
  4. ၀ယ်ဦးမှာ ကိုရင့်ကိုလဲဝယ်ပေးထားဦးမယ် ဟင်းဟင်း တွေ့ကြသေးတာပေါ့း)

    ReplyDelete
  5. ကောင်းလည်း ကောင်းတယ်...။
    မကောင်းလည်း မကောင်းဘူး...။ :)

    ReplyDelete
  6. အိမ်ကလူကိုတော့ဝယ်ပေးထားရမယ်
    ဒါမှ စိတ်အေးရမယ်ထင်တာပဲ
    ပိုက်ပိုက်အရင်စုလိုက်အုန်းမယ်နော်...

    ReplyDelete
  7. ကျွန်တော့် မိန်းမကို တစ်လုံး ၀ယ်ပေးဦးမှာ :P

    ReplyDelete
  8. အဲလိုဆိုရင်တော့ အိုင်ဖုန်း4sကို ဆောင်ရမှာလား၊ ရှောင်ရမှာလား...

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  9. ဟား... လန့်တာဗျာ.. ဒို့တော့ အစကတည်း အိုင်ဖုန်းမသုံးတာ.. :D

    ReplyDelete
  10. အိုင်ဖုန်းတော့ မတတ်နိုင်ဘူး
    မလိုင်းလုံးတော့ ဝယ်စားရမယ်

    ReplyDelete