စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, November 1, 2012

လိမ္မော်ခြံ


          ဆောင်းဦးသည် ကုန်တော့မည်။  တဖြည်းဖြည်းနှင့် အေးလာပြီ…. အခန်းထဲက ဆောင်းတွင်းဝတ် အနွေးထည်တွေ ထည့်ထားသော အိတ်ကိုဖွင့်ရပြီ။  ရှန်ဟိုင်းရဲ့ ဆောင်းသည် လာတော့မည်ဖြစ်သည်။  ဆောင်းဦးမှာ ရွက်ကြွေမကြွေတော့ မသိ။  လိမ္မော်ပင်တွေကတော့ လိမ္မော်သီးတွေ ပြွတ်လို့ ခဲလို့။  လိမ္မော်ရာသီတော့ ရောက်ပြီဖြစ်သည်။  လိမ္မောသီးတွေ လှိုင်လှိုင်ပေါပြီ။  ဒီနေ့ သင်္ဘောကျင်းထဲမှာ အလုပ်လုပ်ရင်း လိမ္မောသီး သွားခူးရအောင် ဆိုပြီး ကျင်းထဲက QC ကောင်လေးတွေ ပြောလို့ လိမ္မော်ခြံထဲ ပါသွားသည်။  များလိုက်သည့် လိမ္မော်ပင်တွေ….. ရှု့မဆုံးနိုင်အောင်ပင်ဖြစ်သည်။
          လိမ္မော်ပင်လေးတွေက လူတစ်ရပ်ကျော်ကျော်ရယ်… ဒါပေမယ့် တစ်ချို့အပင်တွေဆို နှစ် ၃၀ ကျော်ပြီတဲ့… တစ်ခြံလုံး လိမ္မော်ရနံလေးတွေ လှိုင်နေသည်။  လိမ္မော်သီးတွေ ကိုယ်တိုင်ခူးလို့ရသည်။  လိမ္မော်ခင်းထဲ လျှောက်သွားရင် ကြိုက်တဲ့ လိမ္မော်သီးတွေ ခူးစားလိုက် တောင်းထဲထည့်လိုက်…






          လိမ္မော်ရာသီဆိုတော့ မမှည့်ခင် ဈေးကွက်တင်ဖို့အရေးကြီးသည်။  ကားကြီး ကားငယ်တွေကတော့ လိမ္မော်ခြံဝင်းနားမှာ အပြည့်။  ဈေးက ဆိုင်တွေပေါ်ရောက်လျှင် ဈေးကြီးသွားမည်… လောလောဆယ်တော့ လတ်လတ်ဆတ်ဆတ် လိမ္မော်သီးတွေ အများကြီး ခူးလာသည်။  ဒီတစ်ပတ်တော့ လိမ္မော်ဇာတာ ပင်ဖြစ်သည်။  လိမ္မော်သီးတွေ ကုန်အောင် စားရဦးမည်။



6 comments:

  1. ဒီအချိန်ဆိုရင် လွမ်းတယ် ဆိုတဲ့ သီချင်းသာအော်ဟစ်လိုက်ချင်ပါရဲ့နော်
    တောင်ကြီးပတ်ဝန်းကျင် မြို့ပြင်ဖက်တွေမှာလဲ
    လိမ္မော်ပင်တွေကတော့ လိမ္မော်သီးတွေ ပြွတ်လို့ ခဲလို့ပါပဲရှင်
    ကလော အောင်ပန်းတ၀ိုက်လဲဒီလိုပဲ
    ခုဒီဟာကရှန်ဟိုင်းတ၀ိုက်ပေါ့နော်-------အားရပါးရစားသွားပါတယ် ကိုလွင်ပြင်အတွက်လဲပါဆယ်ထဲ့သွားတယ်

    ReplyDelete
  2. အပေါ်ကရည်တွက်ရင် တတိယပုံလေးကူးယူထားပါတယ်
    ကျေးဇူးပါရှင်

    ReplyDelete
  3. ကျေးဇူးပဲဒီလိုလှတဲ့လိမ်မော်ပင်တွေကြည့်ရလို့

    ReplyDelete
  4. မရောက်တာကြာပြီမတွေ့တာကြာပြီ သတိရလိုက်တာစာဥရာ အဲလေ ကိုအားထောင်ရာ
    လိမ္မော်သီးတုံးမှမောင်ဘုန်းပြန်ခဲ့မယ် အဲ ဂျာရစ်ပြန်ခဲ့မယ် မနှစ်ထဲက သွားစေ့မရတာခုထိလန့်နေတုန်း ))

    ReplyDelete
  5. ဗဒင်သီချင်းထဲကလိုလား

    လိမ္မောရာသီတောင်ပေါ်ဆီ လမ်းကျဉ်းငယ်လေးများလျှောက်ရသလို....
    အကြင်နာလမ်းဟာရီေ၀၀ါးနေတယ်
    မသေချာဘူး.....။

    ReplyDelete
  6. တောင်ကြီးဖက်သွားတုန်းက လိမ္မော်ခြံတွေ တွေ့ ခဲ့တယ်..တခါမှ မရောက်ဖူးသေးဘူးး..

    ReplyDelete