စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, December 9, 2012

မဖယ်ဘူးဆို… မဖယ်ဘူး… ဒါဘဲ


          တရုတ်နိုင်ငံက ကျစ်ကျန်းပြည်နယ်မှာတော့ ၄ လမ်းပြိုင်လမ်းမကြီး အလယ်တည့်တည့်မှာ အိမ်တစ်လုံး ထီးထီးကြီးရှိနေတာကို တွေ့ရမှာပါ။  ဒီအိမ်ပိုင်ရှင်တွေကတော့ လျှိုလို့ခေါ်တဲ့ အသက် ၆၇ နှစ်ရှိတဲ့ အဖိုးအိုနဲ့ သူ့ရဲ့ အသက် ၆၅နှစ်ရှိပြီဖြစ်တဲ့ ချစ်ဇနီး တို့ရဲ့ အိမ်ပဲဖြစ်ပါတယ်။  တရုတ်ပြည်မှာတော့ အစိုးရရဲ့ စီမံကိန်းတွေမှာ အိမ်ရှင်တွေရဲ့ သဘောတူညီမှု့မရမချင်း အဆိုပါ စီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ အိမ်တွေကို ဖျက်သိမ်းခွင့်မရှိပါဘူး။  ဖျက်သိမ်းချင်တယ်ဆိုရင် အိမ်ပိုင်ရှင်တွေနဲ့ သဘောတူညီမှု့ယူပြီးမှသာ ဖျက်သိမ်းခွင့်ပြုတယ်လို့ ဥပဒေက ပြဋ္ဌာန်းထားပါသတဲ့။  ဒီအတွက် အဖိုးအို လျှူဟာ သူရဲ့ အိမ်ကို အဝေးပြေးလမ်းမဖောက်ဖို့အတွက် နေရာမပေးပဲ သူ့ရဲ့ အိမ်ကလေးမှာပဲ လျှပ်စစ်မီး၊ ရေတွေ ပျက်တောက်သွားပေမယ် ဆက်လက်နေထိုင်နေဆဲပါပဲ။
          အစိုးရကတော့ သူ့ကို တရုတ်ယွမ်ငွေ ၂သိန်း ၆ သောင်း (ဒေါ်လာ ၄သောင်း ၁ထောင်)နဲ့ အခြားသော အိမ်ကလေး နှစ်လုံး အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် လျှူကတော့ ဒါဟာ လောက်ငှမှု့မရှိဘူးလို့ဆိုပြီး ခေါင်းမာစွာနဲ့ ၄လမ်းသွား လမ်းမကြီးရဲ့ အလည်မှာရှိတဲ့ သူ့ရဲ့ အိမ်ကလေးမှာ ဆက်လက်နေထိုင်နေဆဲပါပဲ။  ဒီလမ်းမကြီးဟာ ၀မ်လင်း ဘူတာရုံနဲ့ ဆက်သွယ်ပေးမယ့် လမ်းမကြီးဖြစ်ပြီးတော့ ဒီဘူတာရုံကတော့ မပြီးစီးသေးပါဘူး။  ဒီ လမ်းမကြီးဖွင့်လှစ်ပြီးသွားရင်တော့ လျှူတစ်ယောက် နေ့ရော ညရော သူ့အိမ်ဘေးကနေ ကားတွေ တစ်ဝီ၀ီနဲ့ ဖြတ်သန်းသွားတာနဲ့ အိပ်လို့တောင် ရပါတော့မလား မပြောတတ်ပါဘူး။  တရုတ်နိုင်ငံမှာတော့ ပြုပြင်ပြောင်းလဲရေး စီမံကိန်းအသစ်တွေတိုင်းမှာ ဒီလိုမျိုး ကိစ္စတွေနဲ့ မကြာခဏဆိုသလို ကြုံတွေ့ရတတ်ပါတယ်။



Source : (Link)


4 comments:

  1. အခုဖြိုလိုက်ပြီထင်တယ် ဟိုနေ့က ဖြိုနေတဲ့ဒါတ်ပုံတွေ့လိုက်တယ် အဖိုးအဖွားက သဘောတူလိုက်ဘီတဲ့။

    ReplyDelete
  2. အခုလောက်ဆိုရင်တော့ မြေပုံဘ၀ရောက်လောက်ရောပေါ့ မောင်အွတ်ထောင်။
    ဟိုတစ်နေ့က စက်ယန္တရားနှုတ်သီးကြီးနဲ့ ထိုးထိုးဖြိုနေတာ တွေ့လိုက်တယ်။း)

    ReplyDelete
  3. ကျုပ်တို့ ညန်မာပြည်မှာရော အဲ့လို ဖယ်ဝူး....ဖယ်ဝူး...... လုပ်လို့ရလားဟင်....ကအွတ်ထောင်..... :)

    ReplyDelete
  4. မောင်ညိမ်းနိုင် ဟွန်းနော် ဟွန်းနော် :P
    ရှေးလူကြီးတွေရဲ့ထုံး နှစ်လုံးမူပြီး အစွဲအလန်းကြီးတဲ့ အဖိုးအိုဖြစ်မယ်။
    ညှိနှိုင်းလို့ရသွားတော့လည်း နှစ်ဦးနှစ်ဖက်ကောင်းသွားတာပေါ့လေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete