စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, May 29, 2013

Norah Jones

          သူမရဲ့ သီချင်းလေးတွေက Country music ကို jazz နဲ့ ရောထားတဲ့ သီချင်းအေးအေးလေးတွေ…။   မိုးအေးအေးလေးရွာနေတဲ့အချိန် ကော်ဖီလေးတစ်ခွက်နဲ့ ညဖက် သူမရဲ့ သီချင်းလေးတွေကို အခန်းထဲမှာ ခပ်တိုးတိုးလေးဖွင့်ထားပြီး နားထောင်ရတဲ့ အရသာက ကျွန်တော့် ဖေးဘရိတ်။  သူမရဲ့ သီချင်းတွေကို စပြီးတော့ နားထောင်ဖြစ်တာက ၂၀၀၉ ခုနှစ်လောက်မှ။  ကျွန်တော်တို့ အိမ်က အစ်ကိုကြီးက နားထောင်ကြည့်ဆိုပြီး ပေးတော့ နားထောင်ကြည့်လိုက်တာ။  အဲဒီထဲက ရှတတ အသံလေးနဲ့ သူမရဲ့ သီချင်း အေးအေး လေးတွေကို ကြိုက်တယ်။  ၂၀၀၂ ခုနှစ်ကထွက်တဲ့ Come away with me ထဲက သီချင်းလေးတွေကိုလဲ အကုန်ကြိုက်တယ်။  နောက်ပိုင်း Feels like home၊ Not Too late ထဲက သီချင်းတွေကိုလဲကြိုက်တယ်။
Come away with me
I don't know why



          နောက်ပိုင်း သူမရဲ့ ဂီတ၀ိုင်းထဲက သူမရဲ့ ချစ်သူ ဘေ့စ်ဂီတာသမား Lee Alexander နဲ့ လမ်းခွဲပြီး  ထွက်လာတဲ့ အယ်လ်ဘမ် The Fall ထဲမှာ သူမရဲ့ ခံစားချက်တွေနဲ့ ရောယှက်နေတဲ့ သီချင်းလေးတွေလဲ ခံစားလို့ကောင်းတယ်။  အဲဒီထဲက Young Blood ကိုကြိုက်တယ်။   Norah Jones ရဲ့ သီချင်းလေးတွေကို မြည်းစမ်းကြည့်ဖို့ တင်ပေးလိုက်ပါတယ်။

Young Blood

3 comments:

  1. သီချင်းလာနားထောင်သွားတယ်နော် :)))

    ReplyDelete
  2. ဟုတ်တယ်နော်။ အသံကလည်းအက်တက်တက်နဲ့ ခပ်အုပ်အုပ်ထူးခြားတယ်။
    နားထောင်ရတာတော်တော်ကောင်းတယ်။
    ကျေးဇူးပါရှင်။ နို့ မို့ ရင်တော့နားထောင်ဖြစ်မှာမဟုတ်ဘူးရယ်။
    အိုင်အိုရာ

    ReplyDelete
  3. I listened yesterday from your blog. Her voice and music always make me calm, relax and peaceful. Thanks for sharing.

    ReplyDelete