စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, June 20, 2013

ဂူဂဲလ်ရဲ့ အင်တာနက် မီးပုံးပျံများ


            ကွန်ပျူတာ၊ နောက်တော့ အင်တာနက်၊ အီးမေးလ် စတာတွေပေါ်လာတော့ ကမ္ဘာကြီးဟာ သတင်းအချက်အလက် (information) တွေကို စက္ကန့်နှင့်မခြား အင်တာနက်ကို အသုံးပြုပြီး လွယ်ကူစွာ သိလာနိုင်ပြီး သတင်းအချက်အလက်နဲ့ ပါတ်သက်ရင် ကမ္ဘာ့နေရာဒေသ မရွေးအချိန်နဲ့ တပြေးညီ သိလာနိုင်လို့ ကမ္ဘာ့ကြီးကို ရွာတစ်ရွာလို့ သတ်မှတ်လို့ ရလာနိုင်တဲ့ ခေတ်ကို ကျွန်တော်တို့ ရောက်ရှိလာပါပြီ။ 
            ဒါပေမယ့် ကမ္ဘာပေါ်မှာ ရှိတဲ့စုစုပေါင်း လူဦးရေ ၇ ဘီလီယံမှာ အင်တာနက် အသုံးပြုနိုင်တဲ့ လူဦးရေ ၂.၂ ဘီလီယံပဲ ရှိပါသေးတယ်။  ကျန်ရှိနေတဲ့ ၄.၈ ဘီလီယံသော လူဦးရေဟာ မတိုးတက်တဲ့ ဒေသတွေ၊ အင်တာနက်နှင့် နည်းပညာ မဖွံဖြိုးတဲ့ ဒေသတွေမှာ နေထိုင်ရှင်သန်နေကြပါတယ်။  ဒီအတွက် သူတို့ဟာ သတင်းအချက်အလက်တွေကို လွယ်ကူစွာ ရရှိနိုင်ဖို့  မလွယ်ကူလှသေးပါဘူး။
            Search Engine နဲ့ အောင်မြင်လာတဲ့ ဂူဂဲလ်ကတော့ တစ်မျိုးပြီး တစ်မျိုး ဆန်းသစ်တီထွင်နေပြန်ပါပြီ။  ဟိုအရင် ပိုစ့်မှာ ရေးခဲ့တဲ့ ဂူဂဲလ် မျက်မှန်နဲ့ အင်တာနက် အသုံးပြုလို့ ရအောင်တီထွင်ထားသလို၊ ခုလဲ အင်တာနက်မီးပုံးပျံကို စတင် စမ်းသပ်နေပါပြီ။  အင်တာနက် မီးပုံးပျံဆိုတာက ဟီလီယံ ဓာတ်ငွေ့သုံး  မိုးပျံ မီးပုံးတွေဖြစ်ပြီးတော့ အဲ့ဒီဘောလုံးတွေမှာ နေစွမ်းအင်သုံး ဆိုလာပြားတွေ တပ်ဆင်ထားပါတယ်။  ဒီအတွက် နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးပြုပြီးတော့ မိုးပျံပူပေါင်းမှာ တပ်ဆင်ထားတဲ့ internet circuit boardတွေ၊ ရေဒီယိုတွေနဲ့ အင်တင်နာတွေကို အမြဲတမ်း လျှပ်စစ်ရရှိစေမှာဖြစ်ပါတယ်။ 


            ဒီ ဂူဂဲလ်ရဲ့ အင်တာနက်မီးပုံပျံတွေဟာ မြေပြင်ကနေ ပုံမှန် ခရီးသည်တင် လေယာဉ်ပျံတွေ ပျံသန်းတဲ့ အမြင့်ထက် ၂ ဆပိုမိုမြင့်မားတဲ့ ဝေဟင်မှာ တည်ရှိနေမှာဖြစ်တဲ့အတွက် လေကြောင်းပျံသန်းရေးကို အနှောင့်အယှက် မဖြစ်စေဘူးလို့ ဆိုပါတယ်။  ဂူဂဲလ်ရဲ့ မြေပြင်ထိန်းကျောင်းရေး စခန်းတွေကိုတော့ မိုင် ၆၀ တိုင်းမှာ တစ်ခုစီ ထားရှိမှာဖြစ်ပြီး ဒီစခန်းတွေကနေပြီးတော့ မိုးပျံမီးပုံးတွေဆီကို အင်တာနက် ချိတ်ဆက်ဖို့ လှိုင်းထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။  ဒီမိုးပျံမီးပုံးတွေဟာ ဝေဟင်တစ်လျှောက် လေတိုက်နှုန်းအတိုင်း လွတ်လပ်စွာ ရွေ့လျှားနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
            ပြီးခဲ့တဲ့ တစ်ပတ်ကတော့ နယူဇီလန်နိုင်ငံမှာ မိုးပျံမီးပုံး အလုံး ၃၀ လောက် စမ်းသပ်လွှတ်တင်ခဲ့ပြီးတော့ ဒီ စီမံကိန်းအတွက် စမ်းသပ်ဖို့ လူအယောက် ၅၀ ကို ရွေးချယ်ခဲ့ပြီး အင်တာနက် သုံးစွဲခွင့် ပြုခဲ့ပါတယ်။  ဒီစီမံကိန်းသာ အောင်မြင်ခဲ့ရင်တော့ ဂူဂဲလ်ဟာ အဆိုပါ အင်တာနက်မီးပုံပျံတွေကို ကမ္ဘာအနှံကို လွှတ်တင်မှာ ဖြစ်ပါတယ်။  အင်တာနက် မီပုံးပျံတစ်ခုဟာ နယူးယောက်မြို့ရဲ့ နှစ်ဆ (၈၇၀ စတုရန်းမိုင်) ပတ်လည်ကို အင်တာနက် သုံးစွဲခွင့်ရရှိစေမှာဖြစ်ပါတယ်။  အင်တာနက် မီးပုံးပျံ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီးတော့ ကမ္ဘာအ၀ှမ်းကို အင်တာနက် ကွန်ယက် ဖြန့်ကျက်စေမှာ ဖြစ်ပါတယ်။
            ဒီ အတွက် အကျိုးဆက်ကတော့ အင်တာနက် မရောက်ရှိသေးတဲ့ ဒေသတွေဟာလည်း ဂူဂဲလ်ရဲ့ အင်တာနက် မီးပုံးပျံတွေကို အသုံးပြုပြီးတော့ အင်တာနက် သုံးစွဲခွင့်ရရှိလာစေမှာ ဖြစ်ပါတယ်။  နောက်ပြီးတော့ ဆူနာမီ၊ ငလျှင်၊ မြေပြိုတာ စတဲ့ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေဟာလည်း ဘယ်တော့မှ အင်တာနက် ဆက်သွယ်မှု့ ပြတ်တောက်သွားမှာ မဟုတ်တော့ပါဘူး။ 

Source : (Link 1, Link 2)

4 comments:

  1. မိုက်လှချေလားကွာ :))))

    ReplyDelete
  2. ဟန်ကြည်June 21, 2013 at 5:30 AM

    တစ်လုံးလောက် ရရင် ကျေနပ်ပါပြီ ကိုအောင်ထွဋ်ရယ်...လောဘမကြီးပါဘူး ဟဲ ဟဲ

    ReplyDelete
  3. ဒါတော့သိပ်သဘောကျသွားပြီ။
    အိုင်အိုရာ

    ReplyDelete
  4. သူကြီးမင်းတို့ တုံးဖလားရွာအတွက် တစ်လုံးလောက်တော့ လိုသား။

    ReplyDelete