တနေ့က ရုံးမှာ အလုပ်လုပ်နေရင်းနဲ့ ဟော်လန်က
တစ်ယောက်ကလှမ်းပြောတယ်။  မင်းတို့ ဆီမှာ ဗုဒ္ဒဘာသာဝင်
တွေက မွတ်စလင်တွေ အိမ်ကို မီးရှို့နေတယ်ဆိုတဲ့။ 
အစကတော့ ဒီပိုစ့်ကို မရေးဘူးလို့ထားမလို့။  ဒါပေမယ့် အခုရေးဖြစ်သွားတယ်။  သူ့ကွန်ပျူတာသွားကြည့်လိုက်တော့ ပုဂံ ဘုရားပုံတွေရိုက်ထားတဲ့
ဓာတ်ပုံရယ်။  ပြီးတော့ ဟိုရက်က ဖြစ်သွားတဲ့
အဖြစ်အပျက်ကို ဟော်လန် စကားလုံးတွေနဲ့ ရေးထားတယ်။  ဘာသာပြန်ခိုင်းလိုက်တော့ အတိုချုံးလိုက်ရင်
အဲ့ဒီအဓိပ္ဗါယ် သက်ရောက်နေတာပဲ။  အင်း ဘယ်လို့ရှင်းရပါ့နော်…
နိုင်ငံရေးလည်း ကိုယ်က ဒီလောက်စိတ်ဝင်စားလှတာမဟုတ်။  ဒီ သတင်းကြီးကလည်း ကွက်ပြီးရေးထားတဲ့ သတင်းကြီး။
         မင်း ဗိုလ်ချုပ်အောင်ဆန်းကိုသိလားဆိုတော့
မသိဘူးတဲ့။  အောင်ဆန်းစုကြည်ကိုသိလားဆိုတော့
သိတယ်တဲ့။  အင်္ဂလိပ်က ငါတို့နိုင်ငံကို နှစ်
၁၀၀ ကျော် ကိုလိုနီလုပ်ခဲ့တယ်ပေါ့လေ။ အဲ့ဒီကစရတာပေါ့။  အဲ့ဒီတော့ ကိုလိုနီ လက်ထက်မှာ ပို့ကုန်တစ်ချို့ကို
တင်သွင်းခြင်းခဲ့ခဲ့ရတယ်ပေါ့လေ။  အဲ့ဒီအထဲမှာ
အန္ဒိယနိုင်ငံက လူသားအရင်းအမြစ်တွေလည်း ပါတယ်ပေါ့လေ။  ပြီးတော့ လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်သူက ယူပေးခဲ့တယ်ပေါ့လေ။ ငါတို့အတွက်တော့ နိုင်ငံ
လွတ်လပ်ရေး ဖခင်၊ နောက် assassinate အလုပ်ခံရတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း
ငါးနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတယ်။ 
အဲ့ဒီတော့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ နိုင်ငံသား စိမ့်ဝင်မှု့ရှိသလို၊
ယိုစီးမှု့လည်း ရှိနေတယ်။  ဒီအထဲမှာ တရုတ်ဆိုရင်
ကွန်မြူနစ်ပါတီ ဖြန်ကျက်မှု့အားကောင်းတဲ့ အချိန် ရောက်လာတုန်းက ချန်ကေရှိတ်ရဲ့ ကူမင်တန်တွေ တပ်ဆုတ်တုန်းကလည်း
တို့နိုင်ငံထဲ အများကြီး ရောက်ခဲ့တယ်။  ထိုနည်းတူ
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ပြည်နယ်တွေမှာ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ စိမ့်ဝင်မှု့ရှိခဲ့တယ်။  ဗိုလ်ချုပ်အောင်ဆန်း နောက် ဦးနုဆိုတဲ့ တစ်ယောက်က
ဝန်ကြီးချုပ်ဖြစ်လာတယ်။  မဲ ကိစ္စတွေရှိလာတယ်။  မဲပေးဖို့ လူလိုတယ်။  အဲ့ဒီအချိန်မှာ နိုင်ငံရေး လှည့်ကွက်တွေ ရှိခဲ့တယ်။  နိုင်ငံခြားသားတွေ နိုင်ငံသားပေးပစ်တယ်။  နောက်ပိုင်းလည်း ဒီလိုမျိုး စိမ့်ဝင်မှု့တွေ ရှိခဲ့တယ်။  
         နောက်တော့ နိုင်ငံရေးမှာ အလှည့်ပြောင်းတွေ
အများကြီးဖြစ်ခဲ့တယ်ပေါ့လေ။  ဆိုရှယ်လစ်နိုင်ငံဆိုပြီး
ထူထောင်ခဲ့တယ်၊  အဲ့ဒီအချိန်မှာ အဖွဲ့တွေ အများကြီး
ကွဲကုန်တယ်။  နောက် စစ်အုပ်ချုပ်ရေးဖြစ်လာခဲ့တယ်။  အဲဒီမှာလည်း အဖွဲ့တွေ အများကြီး ထပ်ပြီးတော့ ကွဲထွက်သွားသေးတယ်။  ကွဲသွားတဲ့ အတိုက်အခံ အများစုဟာ တောထဲကို ရောက်ပြီး
လက်နက်ကိုင်ကြတယ်။   တစ်ချို့ကတော့ အတိုက်အခံအနေနဲ့
အစိုးရရဲ့ အာဏာသက်ရောက်မှု့ အ၀န်းအ၀ိုင်းထဲမှာပဲ ဆက်လက် တည်ရှိခဲ့တယ်။  ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလဲ ဖြစ်ပေါ်လာခဲ့တယ်။  ဒီအစိုးရ အဆက်ဆက်လက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအများစုဟာ
နိုင်ငံသားတွေနဲ့ စပ်လျှင်းခဲ့တာတွေ များပြီးတော့ တစ်ခြားနိုင်ငံ၊နိုင်ငံခြားသားတွေနဲ့ဆက်စပ်တဲ့
ဥပဒေတွေမှာ ငါသိသလောက်တော့ လွပ်လပ်ရေးရပြီးခါစနေ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို ပြင်ဆင်မှု့
အများကြီး မလုပ်ခဲ့တဲ့အပြင် ဥပဒေကိုပဲ မေးခွန်းထုတ်စရာ အပိုင်းတွေ အများကြီးရှိခဲ့တယ်လို့
ပြည်သူတွေက ယူဆခဲ့ကြတယ်။  ဒါပေမယ့် လွှတ်တော်ဆိုတာ
မရှိခဲ့တဲ့အတွက် ဘယ်သူက မေးခွန်းထုတ်နိုင်လဲဆိုတဲ့ ဟာမျိုးမရှိခဲ့ဘူး။  မေးခွန်း မရှိခဲ့တဲ့ အတွက် အဖြေ မရှိခဲ့ဘူး။   အဲ့ဒီအတွက် အခွင့်အရေးလည်း မရှိဘူးပေါ့။  စစ်အုပ်ချုပ်ရေး ရာစုနှစ် တစ်ဝက်လောက်ပြီးတော့
လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ ဒီမိုကရေစီဆိုပြီးဖြစ်လာတယ်။  ငါတို့နိုင်ငံရဲ့ သတင်းတော်တော်များများကို အခု
မင်းတို့ဖတ်ရလာတယ်ပေါ့လေ။
နိုင်ငံတစ်ခုဟာ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုထက်
ပိုပြီးတော့ ချမ်းသာကြွယ်ဝနေရင်တော့ ဘေးဘက်ကနိုင်ငံတွေရဲ့  နိုင်ငံခြားသား စိမ့်ဝင်ခြင်းကို ခံရပြီးတော့ အခြားအိမ်နီးချင်းနိုင်ငံတစ်ခုဟာ
ကိုယ့်နိုင်ငံထက် ပိုပြီး ချမ်းသာကြွယ်ဝနေရင်တော့ အဆိုပါနိုင်ငံကို လူ ယိုစီးမှု့
ပြသနာ ပေါ်တယ်ပေါ့လေ။  ယိုစီးမှု့အကြောင်းပြောရရင်
ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုဖြစ်နေတယ်ဆိုတော့ မလိုအပ်ပဲ မပြောဖြစ်တော့ပါဘူး။
         ပြသနာက အဲ့ဒီက စတယ်ပေါ့လေ။  ကိုးကွယ်မှု့ အယူဝါဒဆိုတာက လူယိုစီးမှု့ ဖြစ်ပေါ်လာတဲ့အခါ မူလဇစ်မြစ်ကနေ သယ်လာကြတယ်ပေါ့။  ယိုစိမ့်လာတဲ့ လူတွေမှာလည်း သူတို့ရဲ့ကိုးကွယ်မှု့ကို
တစ်ပါထည်း သယ်လာကြတယ်ပေါ့။  လွတ်လပ်စွာကိုးကွယ်ခွင့်ကို
လွတ်လပ်ရေးရပြီး ကထည်းက ငါတို့နိုင်ငံမှာ အစိုးရတိုင်းက ကျင့်သုံးခဲ့တယ်ပေါ့။  အခုနောက်ပိုင်း conflict တွေ ရှိလာတယ်ပေါ့လေ။  အဲ့ဒီအထဲက အခြေအနေဆိုးနေတာက ခုပြသနာပေါ့လေ။  ဘယ်သူမှန်လဲ၊ မှားလဲဆိုတာကတော့ ဒီသတင်းတစ်ပုဒ်ထဲကို
ဖတ်ပြီး ဆုံးဖြတ်ချက်ချလို့မရသလို၊  ကိုးကွယ်မှု့တစ်ခုကိုလဲ
ဒီသတင်းတစ်ပုဒ်ပေါ်မူတည်ပြီးတော့ စဉ်းစားလို့ မရဘူးပေါ့။  ဇာတ်မပေါ်သေးတဲ့ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေလည်း
အများကြီး ငုပ်နေတယ်ပေါ့လေ။  တစ်ချိန်ချိန်ကျရင်
ပေါ်လာမလား၊ ပေါ်မလားဘူးလားဆိုတာကတော့ ဘယ်သူမှ မသိနိုင်ဘူးပေါ့ စသည်အားဖြင့် အကျဉ်းချုံးပြီး
ခု မြင်ဖတ်ရတဲ့ သတင်းဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းရဲ့ အကွက်လေး တစ်ကွက်ထဲကို
ပြထားတဲ့ ဟာဖြစ်ကြောင်း ရှင်းပြရတယ်။
         နောက်ပြီး အရေးအကြီးဆုံးတစ်ခုက ဒါဟာ ဘာသာရေး
အဓိကရုဏ်း အသွင်ပုံစံ မင်းအခု ဖတ်လိုက်ရတဲ့ သတင်းထဲမှာ ပါနေပေမယ့် အဓိကက ဒါဟာ ဘာသာရေးကို
အခြေခံပြီး  ဖြစ်လာတာမဟုတ်ဘဲ နယ်စပ်ကိစ္စကို
အခြေခံပြီးတော့ နိုင်ငံသားနဲ့ နိုင်ငံသားမဟုတ်သူတွေရဲ့ ကြားထဲက တင်းမာမှု့ကနေ အခြေခံတယ်ဆိုတာကို
သေချာရှင်းပြမိတယ်။  နိုင်ငံသားမဟုတ်သော နိုင်ငံခြားသား
အများစုရဲ့ ကိုးကွယ်မှု့နဲ့  မြန်မာနိုင်ငံသားအများစုရဲ့
ကိုးကွယ်မှု့ ကြားထဲမှာ တင်းမာမှု့ဖြစ်လာပြီး ဒီပြသနာဟာ နိုင်ငံ အနှံကို ပျံနှံသွားတယ်ပေါ့လေ။  ငါတို့နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ထဲက
လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ပြဋ္ဌာန်းခဲ့ပြီးတော့ အဲဒီအချိန်ကထည်းက ရှိခဲ့တဲ့လူတွေဟာလည်း
အမျိုးမျိုးသော အယူဝါဒကို လွတ်လပ်စွာ ကိုးကွယ်ခဲ့ကြတယ်။  ဒါပေမယ့် ဘာသာရေး စိမ့်ဝင်ပျံနှံမှု့နဲ့ ပါတ်သတ်ပြီးတော့
လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် လွတ်လပ်စွာ ဖြန့်ဖြူးခွင့်ကို ကန့်သတ်ထားတဲ့ ဥပဒေတော့
မရှိသေးဘူးပေါ့။  ခုချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ
စိမ့်ဝင်မှု့  ပိုမို များပြားလာပြီးတော့ ဒေသခံတွေအတွက်
စီးပွားရေး၊ လူမှု့ရေး၊ ဘာသာရေးဆိုင်ရာ ကစလို့ အစစ အရာရာ ထိခိုက်မှု့တွေ တွေ့ရလာတဲ့အတွက် ဒီကနေ မြစ်ဖျားခံပြီး
ပျံနှံလာရတဲ့ အကျိုးဆက်ဖြစ်တယ် ဆိုပြီး ပြောမိတယ်။  မင်းအနေနဲ့ တခြား သတင်းတွေကို လည်း ဖတ်ကြည့်သင့်တယ်။  ဒါမှ အခြေအနေအရပ်ရပ်ကို မင်းခြုံငုံမိပြီးတော့မှ
မင်း သုံးသပ်လို့ ရမှာပေါ့ ဆိုပြီး ပြောဖြစ်တယ်ပေါ့လေ။
         သူကလည်း ပြန်ပြောပါတယ်။  ငါတို့လည်း အင်ဒိုနီးရှားကို နှစ်ပေါင်း ၃၀၀
ကျော် ကိုလိုနီ လုပ်ခဲ့တာပဲ။  ခု ဟော်လန်မှာလည်း
အင်ဒိုတွေမှ အများကြီး။  နောက်ပြီး အာဖရိကက
လူတွေရှိတယ်။  နောက် ငါတို့ နဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့
ဂျာမနီ၊ ဘယ်လ်ဂျီယမ် အို.. ဥရောဆိုတာ ကျဉ်းကျဉ်းလေးပါ။  နောက်ပြီး ငါတို့ နိုင်ငံက သေးသေးလေးရယ်။  ငါတို့နိုင်ငံမှာလည်း လူမျိုးပေါင်းစုံ နိုင်ငံသားဖြစ်နေတာပဲ။  ငါတို့နိုင်ငံမှာလည်း အဓိကရုဏ်းတွေ ရှိတတ်တာပါပဲ။  ထားပါတော့ မင်းတို့ရဲ့  နိုင်ငံမှာ နိုင်ငံသား ဖြစ်ချင်တိုင်း ဖြစ်လို့ရလား
လို့မေးပြန်တယ်။  အင်း…. ဘယ်လိုပြောရမလဲပေါ့နော်…  ဥပဒေအတိုင်းဆိုရင်တော့ အတော်လေး ခဲယဉ်းတဲ့ အခြေအနေရှိတယ်။  ဒါပေမယ့် ဒီအထဲမှာ corruption ခံနေတယ်ပေါ့လေ။  ဆိုတော့ နိုင်ငံခြားသားတွေ နေထိုင်ခွင့်အတွက်
ဘယ်လိုမျိုး နေထိုင်ခွင့် ကဒ်တွေ၊ ဗီဇာ ထုတ်ပေးထားလဲပေါ့လေ။  ပြီးတော့ ဘယ်လောက်ကြာကြာနေထိုင်ခွင့်ရှိလဲ၊  တရားမ၀င် နေထိုင်သူတွေအတွက် မူလဘူတ သူလာခဲ့တဲ့
နိုင်ငံနဲ့ ဘယ်လို သဘောတူညီမှု့တွေ ထားသလဲ၊ 
အဲဒီ ကိစ္စတွေကို ဘယ်လိုဖြေရှင်းလဲ စသည်ဖြင့် မေးပြန်ရော။  ဘာပြန်ပြောရမတုန်း….  အဲ့ဒီအတွက် ပြင်ဆင်နေတုန်းပေါ့လေ။  အမျိုးသားရေးရယ်၊  လူ့အခွင့်အရေးရယ် လွန်ဆွဲနေတုန်းပေါ့။  ခုလိုဖြစ်တော့ ဘယ်လို ဥပဒေနဲ့ ထိန်းသလဲ မေးပြန်တယ်။  အင်း  အခြေအနေဆိုးရင်တော့
မာရှယ်လောပေါ့။  ဒါပဲ ဖြေစရာရှိတာ။  ကျန်တာ ဘယ်လို ပြောရပါ့။  ဒီလိုနဲ့ အလုပ်အကြောင်း ဆက်ပြောရင်း စကားစ ပြတ်သွားရော။
         ထားပါတော့လေ….  ကျွန်တော်ဟာ နိုင်ငံရေးသမားမဟုတ်ပါဘူး။  နိုင်ငံရေးကိုလည်း ဒီလောက်စိတ်ဝင်စားလှတယ်မဟုတ်ပါဘူး။  ဒါပေမယ့် ကိုယ့်နိုင်ငံ ကိုယ် ချစ်တဲ့လူထဲမှာတော့
ပါတယ်။  နိုင်ငံသားပြောင်းဖို့တော့ ဘယ်တော့မှ
စိတ်မကူးမိသေးဘူး။  မင်းဘယ်ကလာလဲ လို့မေးလို့  “Myanmar” 
“ဟင်… ဘယ်နိုင်ငံ”  “Burma…”  “ဟင်… ဘယ်နိုင်ငံ  ဆောရီး ငါမသိဘူး”   လို့ အပြောခံရလည်း ဘယ်တော့မှ သိမ်ငယ်စိတ်မ၀င်ပါဘူး။  မသိတဲ့လူကို မြန်မာနိုင်ငံအကြောင်း သိအောင် သေသေချာချာ
ဂဃ နဏ ရှင်းပြဖို့က မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ပဲ မဟုတ်ဘူးလား။  မဟုတ်ရင် ကိုယ့်ကြောင့်ပါ ကိုယ့်နိုင်ငံကို
လူသိတော့မှာ မဟုတ်ဘူးလေ။    နောက်ပြီး မြန်မာနိုင်ငံသား
တစ်ယောက် ဘယ်လောက်လုပ်ပြနိုင်သလဲဆိုတာ ပြဖို့ပဲ ကျွန်တော့်တို့အတွက် အရေးကြီးတာ။
 အဲ… ကောင်းတာ လုပ်ပြဖို့တော့ လိုတာပေါ့လေ။  မဟုတ်ရင် ကိုယ် သောက်သုံးမကျတာနဲ့ ဒီကောင် အဲ့ဒီနိုင်ငံကလာတာ၊  ဒီနိုင်ငံသားတွေလည်း ဒီကောင့်လိုပဲ သောက်သုံးလဲ
မကျပါဘူးကွာဆိုပြီးဖြစ်ဦးမှာ။   ကိုယ် သောက်သုံးကျတော့မှ
ကိုယ့်နိုင်ငံရဲ့  image တစ်ပိုင်းတစ်စ တက်မှာပေါ့။  နောက်ပြီး ဆိုးရွားခဲ့တဲ့ ဖြစ်ရပ်၊  ဂုဏ်ယူစရာဖြစ်ရပ် ဒါတွေကိုလည်း သမ မျှတအောင် ပြောဖို့လိုသေးတာ။  မဟုတ်ရင် မကောင်းတာတွေချည်းကြားပြီး အမြင်က တစ်ဖက်စောင်းသွားနိုင်တယ်။
         အဲ…. ရေးသားရေနေတာ ခေါင်းစဉ်က ဘယ်ရောက်သွားပြီလဲ
မသိ။  အင်း  “တင်ပို့ခြင်း အနုပညာ”။  ဟုတ်တယ်။ 
တင်ပို့ခြင်း အနုပညာ။  ကျွန်တော်တို့
ပွင့်လင်းလာတော့ ပို့ကုန်စီးကြောင်း၊ သွင်းကုန်စီးကြောင်းအားကောင်းလာပြီ။  ကားတွေ သွင်းလာပြီ။  ဖုန်းတွေ သွင်းလာပြီ။  ပို့ကုန်အနေနဲ့က တစ်ခြားပို့ကုန်တွေထက်စာရင်
မီဒီယာ သတင်း ပို့ကုန်တွေ ပိုပြီးတော့ တောင်အားကောင်းလာပြီ။  ဒီအခါမှာ ကွာလတီက စကားပြောလာပြီ။  ကျွန်တော်တို့ ပစ္စည်းတစ်ခုသုံးလိုက်ရင် ဟာ…
ဒါက ဂျပန်လုပ်ပစ္စည်း၊  ဒါက တရုတ်ကလာတာ၊  ဟိုဟာက ဂျာမန်ကား စသည်အားဖြင့် တံဆိပ်ကို အသာထား
နိုင်ငံကို ခွဲပြီး ကြည့်ကြတာပဲ။  ဒီအတွက်
ကျွန်တော်တို့ လောလောဆယ် တင်ပို့နေတဲ့ ပို့ကုန်တွေမှာလည်း ကွာလတီကို အဓိက နေရာကနေ
စဉ်းစားဖို့လိုလာပြီ။  ကုမ္ဗဏီတစ်ခု ရပ်တည်တဲ့
နေရာမှာ အစွန်းအမြတ်ရှိမှ ရပ်တည်လို့ရမှာပဲ။ 
ဒီအတွက် ထုတ်ကုန်ထုတ်ကို ထုတ်နေရမှာပဲ။  မြန်မာနိုင်ငံက သတင်းဋ္ဌာနတွေကလည်း ထုတ်ကုန် သတင်းတွေကို
ဖြန့်ဖြူးဖို့ လိုအပ်တာပဲ။  ဒါပေမယ့် ကွာလတီ
မကောင်းရင် နိုင်ငံရဲ့ Image ကျဆင်းပါတယ်။ 
ဒီလိုပဲ ကွာလတီ ဆိုတဲ့နေရာမှာ ကုမ္ဗဏီ တစ်ခုထဲကို ကြည့်လို့ မရပြန်ဘူး။  ကုမ္ဗဏီ ၀န်ထမ်းတွေလည်း ရာခိုင်နှုန်းတစ်ခုအနေနဲ့ပါဝင်တာပဲ။    ဘာဖြစ်လို့လဲဆိုတော့
ကုမ္ဗဏီ တစ်ခုရဲ့ထုတ်ကုန်ဆိုတာက ကုမ္ဗဏီရဲ့ နည်းပညာ၊  ပေါ်လစီ၊ ဘက်ဂျက် ဒါတွေအပြင် ကုမ္ဗဏီဝန်ထမ်းတွေရဲ့
professional ပေါ်မှာလည်း အများကြီး မူတည်သေးတာကိုး။
         ဒါ့အပြင် ဒီကုမ္ဗဏီကို လွှမ်းမိုးထားတဲ့
ဘုတ်အော့်(ဖ်) ဒါရိုက်တာများနဲ့ အစုရှယ်ရှာဝင်တွေရဲ့ သြဇာအာဏာ သက်ရောက်မှု့ကလည်း
အတိုင်းအတာတစ်ခု ပါဝင်သေးတယ်။  ဒီအထဲမှာ သူ့ဆန်စားပြီး
ရဲ ရတဲ့ လူတွေလည်း ရှိမှာပဲ။  ကျွန်တော့် သူငယ်ချင်းတစ်ယောက် ပြောသလိုပဲ  field journalist ကောင်းတစ်ယောက်ဆိုတာ သူမြင်ရသမ
ျှအားလုံးကို မှတ်တမ်းတင်မှာပဲ။  ဒီအထဲမှာ
အဓိဂရုဏ်းအကြီးကြီး ဖြစ်နေတဲ့ အချိန်လည်း ရှိမှာပဲ။  ခရစ်စယန် ဘုရားကျောင်းတစ်ခု ဖျက်ဆီးခံနေတဲ့ပုံလည်း သူရိုက်မှာပဲ။  ဒီလိုပဲ
ဗုဒ္ဒဘာသာ ဘုန်းကြီးကျောင်းတစ်ခု ဖျက်ဆီးခံနေရတဲ့မှာ တစ်ခြား ဘာသာဝင်တစ်ယောက် တုတ်၊ ဓား ကိုင်စွဲထားတဲ့ ပုံလည်း သူရိုက်မှာပဲ၊ ထို့အတူ ဗလီတစ်ခု မီးလောင်နေတဲ့အချိန်။  ဟိန္ဒူဘုရားကျောင်းတစ်ခု ဖြိုဖျက်ခံနေရတဲ့ ပုံလဲ
သူရိုက်မှာပဲ။  အဲ့ဒီ အချိန်မှာ အယ်ဒီတာ တစ်ယောက်က
ဘယ်လို ဓာတ်ပုံတွေကို ရွေးချယ်ပြီးတော့ တင်မလဲ?  ဘယ်လို စကားလုံး အထား အသိုနဲ့ရေးမလဲ၊  ဒါပေါ်မူတည်ပြီး နိုင်ငံတကာက ဘယ်လိုရှု့မြင်မလဲ၊  ဒီ သတင်းရဲ့ ကွာလတီကို ဘယ်လိုထိန်းမလဲ၊  သတင်းသမား တစ်ယောက်ဟာ ကိုးကွယ်မှု့ အယူဝါဒအပေါ် ယိမ်းစောင်းမှု့၊  ငွေတမျက်နှာထဲကို မကြည့်မှု့၊  နိုင်ငံရေး အဂတိလိုက်စားမှု့ ကင်းတယ်၊ အမှန်ကို
အမှန်အတိုင်း ဖော်ပြမယ်…. စသည် စသည်အားဖြင့် သူ့ကိုယ်သူ ခံယူထားတဲ့ မီဒီယာကောင်းသမားတစ်ယောက်
လိုက်နာ ကျင့်သုံးရမယ့် စည်း၊ ethic ၊ commitment ဒါတွေအားလုံးကို တွေကို သူလိုက်နာတယ်
ထားဦး  သူတင်ပြတဲ့ သတင်းမှာ အရေးအသား၊  ဖော်ပြတဲ့ ဓာတ်ပုံတွေကို ပြန်ပြီးတော့ အသုံးပြုတဲ့
ထပ်ဆင့် နိုင်ငံတကာ မီဒီယာတွေလည်း ရှိမှာပဲ။ 
ဒါပေါ်မူတည်ပြီးတော့ ဒီနိုင်ငံကို နိုင်ငံတကာက ဆုံးဖြတ်မှာပဲ။  
               ဥပမာ ကိုးကွယ်မှု့
ဘာသာမတူညီတဲ့ လင်မယားနှစ်ယောက်ရန်ဖြစ်လို့ ဟိုဘက် အမျိုးနဲ့ ဒီဘက် အမျိုးတွေ စကားများကြတယ်ဆိုပါတော့ဗျာ။  ဒီအခါမှာ သတင်းကို ဘယ်လိုမျိုး အသားပေး ဖော်ပြမလဲပေါ့။  လင်မယားနှစ်ယောက်လို့ မရေးပဲ ဟိုဘက်ဘာသာဝင် အမျိုးသမီးက၊  ဒီဘက် ဘာသာက အမျိုးသားကို ပါးရိုက်လိုက်တဲ့အခါမှာ
ဟိုဘက် ဘာသာဝင် လူတစ်စုနဲ့ ဒီဘက် ဘာသာကိုးကွယ်သူ တစ်စုတို့ အဓိကရုဏ်းဖြစ်ကြတယ်
လို့ ရေးလိုက်ရင်.. ဒါဟာ သတင်း သဘောသက်ရောက်ရာ မဟုတ်ပဲနဲ့ လှုံဆော်ရာ ရောက်သွားရော။  ပြည်သူကို information ပေးတာနဲ့ မတူဘဲနဲ့ အဆိပ်ကျွေးလိုက်သလို၊
မှိုင်းတိုက်သလို ဖြစ်သွားရော။  ဒီထဲမှာ သွေးထွက်သံယို
ပါသွားရင် ပိုတောင်ဆိုးသေး။  နိုင်ငံတကာကို
အဲ့ဒီလို သတင်းရောက်သွားတော့ အမြင်တွေ စောင်းကုန်ရော။  ကျွန်တော် တစ်စောင်းကြီးရေးတာတော့ မဟုတ်ဘူးနော်။  တကယ့် ဖြစ်ရပ်မှန်တွေကို သတင်းတွေမှာ အမှန်တကယ်အတိုင်း ဖော်ပြတာလဲ
ရှိပါတယ်။   ဒါပေမယ့် အရေးအသားကနဲ့ ဖော်ပြပုံက အရေးကြီးတယ် ဆိုတာကို
ဆိုလိုတာ။
    အင်တာနက်ကြီးပေါ်လာတော့ ကမ္ဘာ့ရွာကြီးဖြစ်သွားပြီးတော့
သတင်းတွေဟာ ပျံနှုံနှုန်း အရမ်းမြန်နေပါပြီ။ 
အိမ်ကနေထိုင်ပြီး တကမ္ဘာလုံး ဘာဖြစ်နေတယ်ဆိုတာကို ကြည့်လို့ရနေပါပြီ။  ဒါပေမယ့် အိမ်ကနေကြည့်နေတာပါ။  သူများရေးတာ၊ ပြောတာ၊ရိုက်ပြတာတွေကို ကြည့်၊ နားထောင်နေရတာပါ။  ဒါပေါ်မူတည်ပြီး သူတို့ရဲ့အမြင်၊  အတွေးအခေါ် စတာတွေ ပြောင်းသွားမှာပါ။  ဒီတော့ သတင်းတွေကလည်း အဆိုးချည်းပဲမဟုတ်၊  အကောင်းကြီးပဲ မဟုတ်၊ ဆိုးတစ်ခါ ကောင်းတစ်လှည့် ဖြစ်နေသမျှကို သဘာဝကျကျ
ထုတ်လုပ် ပေးနေဖို့ လိုအပ်ပါတယ်။  မဟုတ်ရင်
နိုင်ငံရဲ့ ပုံရိပ်ဟာ ကျသထက် ကျလာပါလိမ့်မယ်။ 
         ဟောလီးဝုဒ် ဇာတ်ကားတွေကြည့်ရင် သဘာဝကျလို့၊ပီပြင်လို့
 လူတွေ အားပေးကြတာပေါ့။  ဒါပေမယ့် သူ့နိုင်ငံတော့ သူမြောင်းထဲရောက်အောင်
ရိုက်တဲ့ ဇာတ်ကားတွေ သိပ်မထွက်ပါဘူး။  အင်း
ထားပါတော့ ပြောတာ များသွားပြီ။  များများရေးရင်
များများ အမှားပါသတဲ့။  ခုတောင် တော်တော်များနေပြီ။  ကျွန်တော်နဲ့ အမြင်မတူသူများလည်း ကျွန်တော့်ကို
သောက်မြင် အတော်ကပ်လောက်ပါပြီ။  တော်သေးဘီ……..။   အဲ... ၀င်းဒိုး မဟုတ်ပဲ မက် က ဇော်ဂျီသုံးတော့ ကီးဘုတ်က ပတ်ဆင့်တစ်ချို့ ရိုက်လိုက်ရင် ရိုက်ချင်တာ မထွက်ဘဲ၊ ဘာမှန်းမသိ ဖြစ်နေပါတယ်။  စာလုံးပေါင်းများကို သည်းခံကြပါ။
ကောင်းလင့်တေး ကောင်းလင့်တော့ ကအွတ်ထောင်။ တင်ပို့ခြင်းအနုပညာမှာ ကွာလတီတွေများများ ဖြစ်ထွန်းဖို့ အရေးကြီးတယ်မဟုတ်လား။ ယိုစိမ့်မှု ယိုစီးမှုတွေကတော့ နိုင်ငံတိုင်းမှာ ရှိနေတတ်ကြတာပါဘဲ။ လိုရာဆွဲပြီး ကွက်ရေးရင်တော့ မီဒီယာမမည်ပေဘူးပေါ့။ ဖတ်တဲ့သူတွေကလဲ မျက်စိနှစ်ဘက် နားနှစ်ဘက်နဲ့ မြင်တတ်ကြည့်တတ် နားထောင်တတ်ဖို့ဘဲ လိုပါတယ်။ ဂလိုမဟုတ်လား။း) (သူကြီးမင်း)
ReplyDeleteHi Dear Ko Aung Htut,
ReplyDeleteI would like to request that please kindly post about Voyager 1&2,spacecraft.
Now NASA research to solar system,Sun's sphere.The day I had browse on BBC Myanmar.Not
fully understand.Voyager can reach near sun sphere.i am amazing due to the sun is &
extremely hot,so how to reach near sun?I am waiting ur translating post.
Thank&Best reg,
Hla Myo Thein
ဗျိုး...ကိုအောင်ထွဋ်...
ReplyDeleteဒီတစ်ပို့စ်ကို အမှတ်ပြည့်ပေးတယ်ဗျာ...ဖတ်ရတာ အားရတယ်...တင်ပြထားတာ သမာသမတ်ကျတယ်...ဘယ်သူဘာပြောပြော နှစ်ခေါက်ပြန်ဖတ်လိုက်သဗျို့...ဒါနဲ့တင် အားမရလို့ ဖွဘုတ်မှာတောင် တက်ရှယ်လိုက်ဦးမယ်...ခေါင်းစဉ်ကအစ လှနေတာကလား...
တင်ပို့ခြင်း အနုပညာ...
ကျမလည်းမီဒီယာတွေမှာတပိုင်းတစတာဝန်ရှိတယ်လို့ ခံစားရတယ် ဒီဘာသာရေးကိစ္စတွေမှာ။
ReplyDeleteဘာသာရေးကိုခုတုံးလုပ်ပြီးလူသားအချင်းချင်းသတ်ဖြတ်တာတွေကိုလက်မခံဘူး။ မနှစ်သက်ဘူး။
အထူးသဖြင့်မီဒီယာတွေရဲ့ တဖက်စောင်းနင်းရေးသားပုံမျိုးတွေဟာ မီးလောင်ရာလေပင့်သလိုအဓိကရိုဏ်းတွေကို မဖြစ်ဖြစ်အောင်လှုံ့ ဆော်တာနဲ့ တူနေတယ်။
(မြန်မာပြည်မှာဆိုလည်းသတင်းလွတ်လပ်ခွင့်တိုးတက်လာတာနဲ့ အတူမီဒီယာကျင့်ဝတ်တွေသေချာလိုက်နာဖို့ လည်းလိုတယ်လို့ မြင်တယ်။
နိုင်ငံကြီးတွေမှာလည်းတဖက်စောင်းနင်းသတင်းရေးတာတွေရှိပါတယ်။ ဒါပေမဲ့ သူ့ ကိုမဟုတ်မှန်းပြန်ချေပမဲ့သူတွေအချိန်မရွေးရှိနေတယ်။ ဒီတော့သူ ကိုယ်တိုင်သူ့ ရဲ့ ဂုဏ်သိက္ခာကိုထိမ်းထားနိုင်အောင် (တနည်း နောင်လည်းဆက်ပြီး အဲဒီ ပရော်ဖက်ရှင်နဲ့ ဆက်ရပ်တည်နိုင်အောင်) မဟုတ်တာသိပ်မရေးရဲဘူး။ သူ့ အယူအဆကိုပါးပါးလေးဘဲထဲ့ရဲကြတယ်။ ဒါပေမဲ့ဖတ်သူကသာကိုယ်ပိုင်လေ့လာသိရှိမှုနဲ့ ဆုံးဖြတ်ဖို့ ဘဲ။ ကွက်ပြီးတော့ဆုံးဖြတ်ရင်တော့ အဲဒါမသင့်ဘူးလို့ ထင်တယ်။
နောက်တခုကလည်းမြန်မာအစိုးရကိုနိုင်ငံတကာက အထင်သေးထားကြတော့ဒီကိစ္စမှာလည်း မွတ်စလင်ဘက်ကတဖက်သတ်ခံရပုံမျိုးရေးသားတာကို အလွယ်တကူဘဲလက်ခံနိုင်တယ်။ ဒါပေမဲ့ ဒါကမြန်မာပြည်နဲ့ ပတ်သက်လို့ ပါ။ အမေရိကားမှာ မွတ်ဆလင်ကတဖက်သတ်ခံရပုံမျိုးရေးရင် နိုင်ငံအတော်များများကချက်ချင်းယုံမှာမဟုတ်ပါဘူး။ ဘယ်လိုဖြစ်တာလဲဆိုပြီး အတွင်းကျကျလိုက်ရှာဖတ်ကြမှာပါ။ ဘာလို့ ဆိုအစိုးရကလူ့ အခွင့်အရေးကိုလိုက်နာတဲ့အစိုးရမို့ လို့ ပါ။
ကျမရဲ့ အမေရိကန်သူငယ်ချင်းတစ်ယောက် (National Geographic က ပရိုဂျူဆာတစ်ယောက်နော်။ မြန်မာပြည်လည်းရောက်ဖူးပါတယ်။) လည်း မွတ်ဆလင်တွေတဖက်သတ်ခံရတဲ့သဘောရေးထားတဲ့သတင်းကို ကျမရဲ့ ဖဘမှာရှဲပြီး ရှုံ့ ချတဲ့သဘောတင်ထားတယ်။ သူဟာနိုင်ငံတကာအတွေ့ အကြုံအများကြီးရှိတဲ့သူ၊ မီဒီယာလောကနဲ့ ပတ်သက်သူ၊ ဒီမိုကရေစီကိုလက်ကိုင်ထားသူပါ။ အမေရိကန်နိုင်ငံမှာ မွတ်ဆလင်တွေတဖက်သတ်ခံရပုံမျိုးရေးထားတဲ့သတင်းဆိုရင်တော့သူလည်းရှဲပါ့မလားလို့ တွေးမိတယ်။ သူတို့ နိုင်ငံကအကြီးအကျယ်ခံထားရတဲ့နိုင်ငံဘဲ။
ပြောမယ်ဆိုရင်ဗုဒ္̔ဒဘာသာဝင်တိုင်းလူကောင်းမဟုတ်သလိုလူဆိုးလည်းမဟုတ်၊ မွတ်ဆလင်ဘာသာဝင်တိုင်းလူဆိုးမဟုတ်သလိုလူကောင်းလည်းမဟုတ်။ တဖက်စွန်းရောက်တဲ့သူများကိုအားမပေးမိဘို့ လိုတယ်လို့ ထင်ပါတယ်။ တဖက်သတ်သတင်းများကိုအပြည့်မယုံဘို့ လိုတယ်လို့ ထင်ပါတယ်။
အိုင်အိုရာ
သေသေချာချာ ဖတ်သွားပါတယ်...
ReplyDeleteရောက်ရှိ ဖတ်မှတ်ခဲ့ ...
ReplyDelete