စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, October 5, 2011

ဟာသတိုလေးများ - ၅


အဓိပ္ပာယ်ဖွင့်ဆိုချက် 
အကုန်လုံးကိုသိတယ်၊ ဒါပေမယ့် သိထားတာတွေက အလုပ်မဖြစ်ဘူး အဲ့ဒါကို သီအိုရီလို့ခေါ်တယ်။
အကုန်လုံးက အလုပ်မဖြစ်ဘူး ဒါပေမယ့် ဘာကြောင့် အလုပ်မဖြစ်လဲဆိုတာကို အားလုံးက သိတယ်၊ အဲ့ဒါကို အဖွဲအစည်းလို့ခေါ်တယ်။
အကုန်လုံးတော့ အလုပ်ဖြစ်တယ် ဒါပေမယ့် ဘာကြောင့်အလုပ်ဖြစ်တယ်ဆိုတာကို ဘယ်သူမှ မသိဘူး။ အဲ့ဒါကို လက်တွေ့လုပ်တယ်လို့ခေါ်တယ်။



စိတ်ဝင်စားတယ် 
ဖားတစ်ကောင်ထံ တယ်လီဖုန်းလာသည်။  ဖား ကောက်ကိုင်လိုက်သည်။ 
“ကိုရွှေဖား ခင်ဗျားကြောင်းကို အရမ်းကို စိတ်ဝင်စားနေတဲ့ ကောင်မလေးနဲ့ ခင်ဗျားတွေ့ဖို့ရှိတယ်”
“ဟား….တယ်ဟုတ်ပါလား။  အင်း… ကျွန်တော် သူနဲ့ ဘယ်မှာတွေ့ရမှာလဲ ပါတီမှာလား”
“မဟုတ်ဘူး…  ဇီဝဗေဒ ခွဲခန်းထဲမှာ”

အဖြေ 
အိမ်ရှင်မရယ်၊ စာရင်းကိုင်ရယ်၊ ရှေ့နေရယ် သုံးယောက်ကို မေးခွန်းတစ်ခုမေးပါသတဲ့။  ၂ + ၂ ဟာ ဘယ်လောက်လဲ?
အိမ်ရှင်မ ။       ။ လေး
စာရင်းကိုင်။      ။ အမ်း ၃ ဒါမှ မဟုတ် ၄ တစ်ခုခုဘဲ။  ဒီအဖြေရဖို့ ကျွန်တော့စာရင်းတွေ တစ်ခေါက်လောက်ပြန်စစ်ကြည့်လိုက်ဦးမယ်
ရှေ့နေ။          ။ ကန့်လန့်ကာကို ဆွဲချလိုက်သည်။ မီးကို မှိန်လိုက်သည်။  ပြီးတော့ တိုးတိုးလေးပြောသည် “ခင်ဗျား ဘယ်လောက် ရစေချင်သလဲ?”

သတင်းဆိုး
ဆရာဝန်။        ။ ကျွန်တော် ခင်ဗျားကို သတင်းဆိုးနဲ့ ဒီထက်ပိုဆိုးတဲ့ သတင်းပြောစရာရှိတယ်
လူနာ။            ။ ပြောပါဒေါက်တာ၊  သတင်းဆိုးကိုသာ အရင်ပြောပါ
ဆရာဝန်။        ။ ဓာတ်ခွဲခန်းက ကျုပ်ကို ဖုန်းခေါ်တယ်၊  ခင်ဗျား လူ့လောကမှာ နေဖို့ အချိန် ၂၄ နာရီဘဲ ကျန်တော့တယ်လို့ အဖြေထွက်လာတယ်တဲ့။
လူနာ   ။         ။ အင်း…. ၂၄ နာရီ၊ တော်တော်ကို ဆိုးတဲ့ ကျုပ်ဘ၀ပါလားဗျာ… ဒီထက်ဆိုးတဲ့ သတင်းက ဘာများတုန်း ဒေါက်တာ၊ ကျုပ်တော့ဖြင့် ဒီထက်ဆိုးတဲ့ သတင်း ရှိမယ်မထင်တော့ဘူး
ဆရာဝန် ။       ။ ကျွန်တော် အဲဒီသတင်းကို မနေ့ကထဲကပြောဖို့ဟာ ခင်ဗျားနဲ့ မတွေ့ဖြစ်လို့

ကျုပ်က သေချာပါတယ် 
လူနာ။  ။ ဆရာရယ် ကျုပ်ရောဂါက အဆုတ်အအေးမိဆိုတာ သေချာလို့လား။ ကျုပ် ဆရာဝန်တစ်ယောက်အကြောင်းကြားဖူးတယ်။  အဆုတ်အအေးမိဆိုပြီး ကုလိုက်တာ တစ်ကယ်တမ်းသေတော့ ငန်းဖမ်းပြီးသေတာခင်ဗျ
ဆရာဝန်။        ။ မပူပါနဲ့၊ ကျုပ်ဆီမှာတော့ ဒါမျိုးမဖြစ်စေရဘူး။ ကျုပ်ကုလိုက်တဲ့လူတွေ အဆုတ်အအေးမိရောဂါဆိုရင် အဆုတ်အအေးမိရောဂါနဲ့ သေတာချည်းဘဲ

မီလျှံနာ ဖြစ်အောင် ကျွန်မလုပ်တာ 
မိန်းမတစ်ယောက်ဟာ သူ့မရဲ့ သူငယ်ချင်းကို ပြောသတဲ့ “ကျွန်မ ယောင်္ကျားကို မီလျှံနာဖြစ်အောင် လုပ်ပေးခဲ့တာ ကျွန်မပေါ့”
“ဟယ် ဟုတ်လားအေ… ဒါနဲ့ ညည်းယောက်င်္ကျား ညည်းကို လက်မထပ်ခင်တုန်းကရော”
“လက်မထပ်ခင်တုန်းက သူက ဘီလျှံနာ”

ဘယ်လောက်လဲ 
“ဖေဖေ၊ လက်ထပ်ဖို့အတွက် ဘယ်လောက်ကုန်သလဲဟင်”
“ဖေဖေလည်း မသိဘူးသားရဲ့ ခုထိ ပေးနေရတုန်းဘဲ”

8 comments:

  1. နေမကောင်းနေတာ...ချွေးတောင်ထွက်သွားတယ်ရယ်ရလို့
    ကျေးဇူးတင်ပါ၏
    ခင်တဲ့ jasmine

    ReplyDelete
  2. ဟာသလေးတွေက ပင်ပန်းနေတဲ့စိတ်ကိုလျော့စေတယ် မောင်အောင်ထွဋ်ရေ။
    ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဘီလျှံနာကနေ မီလျှံနာ :P

    ReplyDelete
  4. ဟီးဟီး.. ဟားဟား.. ဟိုးဟိုး.. ဟဲဟဲ.. :P

    ReplyDelete
  5. ကြွရောက်လာကြသော သူငယ်ချင်းများအားလုံး ရွှင်လန်းပြုံးပျော်နိုင်ကြပါစေကြောင်း

    ခင်မင်စွာဖြင့်
    AH

    ReplyDelete
  6. ဟာသလေးတွေအများကြီးတင်ပေးတဲ့အတွက်ကျေးဇူးတွေကို{copy}တင်လိုက်ပါတယ်............
    လူအများကိုပျော်ရွှင်စေတဲ့အတွက်...သူငယ်ချင်းရဲ့ဘဝမှာအမြဲတမ်းပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်...........

    ...{snow..white}...

    ReplyDelete