စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, August 15, 2013

MYO

         အစတုန်းကတော့ Nike ရဲ့  Fuelband ဆိုတဲ့ ဟာကလေးကို ၀ယ်ဖို့ တာစူနေခြင်းဖြစ်သည်။  အဘယ့်ကြောင့်ဆိုသော် ဗိုက်ခေါက်မှာ အတော်ပင်ထွက်လာချေပြီတကား။  ဓာတ်ပုံရိုက်ခါနီး အသက်အောင့်သော်လည်း မရတော့ချေ။  ဗိုက်က ရှေ့တင်မက ဘေးသို့ပါ ထွက်လာချေပြီတည်း။  သို့သော် အားကစားလုပ်ဖို့ကိုမူ မိုးရွာသည်၊ နေပူသည်၊ ဗိုက်ဆာသည်၊  ဗိုက်တင်းသည်၊  စောသေးသည်၊ နောက်ကျပြီ စသည် စသည် ပျင်းရိခြင်းပေါင်း မြောက်များစွာကို အကြောင်းပြကာ ဘာ အားကစားမှ မလုပ်ဖြစ်တော့ပေ။
         ဒီ လက်ပတ်ကလေး ၀ယ်လိုက်လျှင်တော့ ဟိုက တစ်နေ့ကို ကိုယ့်ရဲ့ Fuel ဘယ်လောက် burn ပြီးကြောင်းဘာကြောင်း အချက်လေး ဘာလေးပြလျှင် အားကစားလေး ဘာလေး ပြန်လုပ်ဖြစ်မည်ထင်သောကြောင့်ဖြစ်သည်။  သို့သော် နောက်ပိုင်း ဒုံရင်း ဒုံရင်း ပြန်ရောက်မှာ မြင်ယောင်မိသောကြောင့် မ၀ယ်ဖြစ်တော့ချေ။


         ခုလောလောဆယ် စိတ်ဝင်စားနေသည်မှာ MYO ဖြစ်သည်။  MYO ဆိုတော့ ဗမာလိုအသံထွက်လိုက်လျှင် မျိုးဟု အသံထွက်လိမ့်မည်။  သို့ပေမယ့် ဒီကောင်တွေက မီယို ဟု အသံထွက်သည်။  ခက်သည် ဒီကောင်တွေ အသက်ကို မှန်အောင် မထွက်တတ်ဟု ကိုယ့်ဟာ ကိုယ်တွေးသည်။  သြော်… ကိုယ့်အတွေးနဲ့ ကိုယ်ဆိုတာ တယ်မှန်သကိုး။  အဲ့ဒီ ဟာကလေးကတော့ တစ်မျိုး။  သူက လက်ပတ်ကလေးကို ပတ်ထားပြီး ဘလူးတုနှင့် ချိတ်လိုက်ရင် ပြီးပြီ။  ကွန်ပျူတာကို လက်နှင့် လှမ်းပြီး ဆစ်ဂနယ် ရိုက်လို့ရသည်။  လက်က ကြွက်သားတွေလှုပ်ရှားမှု့ကို ဘာသာပြန်ပြီး ကွန်ထရိုးလုပ်လို့ရသည်ဟုဆိုသည်။ 
         ကွန်ပျူတာတင်မက တစ်ခြားသော ဘလူးတုနှင့် ချိတ်လို့ရသော ကားတို့ ဟယ်လီကော်ပတာတို့ကို ဒီကောင်နှင့် ထိန်းလို့ရသည်ဟုဆိုသည်။  ဤသို့ဆိုလျှင် အဆိုပါ သောင်းခြောက်ထောင်သော ပစ္စည်းတွေနှင့် ထိုင်ဆော့နေလို့ရပြီဖြစ်သည်။  ထို့ကြောင့် Pre orderလုပ်ထားရင်ကောင်းမလား၊  ဒါမှမဟုတ် ထွက်မှ ၀ယ်လျှင်ကောင်းမလား စဉ်းစားနေတုန်း ဖြစ်သည်။  အောက်က ဗီဒီယိုလေးမှာတော့ အဆိုပါ လက်ပတ်ကို ဘယ်လို သုံးသလဲဆိုတာ ကိုကြည့်နိုင်ပါတယ်....



2 comments:

  1. ၀ယ်ပြီးရင်တော့အတွေ့ အကြုံဆန်းလေးရှယ်အုန်းနော်။
    အိုင်အိုရာ

    ReplyDelete
  2. အော်.... တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေ အံ့ခမန်းပါလား မောင်အောင်ထွဋ်ရေ..
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete